Advertise here!

ငွေကြေးအခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစု ပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် (ဟန်ဆောင်စာချုပ်) နဲ့ ချုပ် ဆိုခဲ့ပါတယ် ။

ငွေကြေးအခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစု ပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် (ဟန်ဆောင်စာချုပ်) နဲ့ ချုပ် ဆိုခဲ့ပါတယ် ။

ငွေကြေးအခက်အခဲရှိလို့ သိန်း ၁၀၀ ချေးတာကို အတိုး ၄ ကျပ်နှုန်းနဲ့ ၁၈ လအတွက် ၇၂ သိန်းပေါင်းပြီး စုစု ပေါင်း သိန်း ၁၇၂ သိန်းကို ပေါင်ရောင်းစာချုပ် (ဟန်ဆောင်စာချုပ်) နဲ့ ချုပ် ဆိုခဲ့ပါတယ် ။ ကျွန်တော် ရန်ကုန်မှာ အလုပ်သွားလုပ်နေတုန်း ငွေချေးစာချူပ်သက်တမ်းမပြည့်ခင် ၈ လအကြာ မှာ ငွေရှင်က ကျွန်တော့်ခြံဝန်း သော့ နဲ့ အိမ်သော့ကို ဖျက်ဆီးပြီး ဝင်ရောက်နေထိုင်နေပါတယ် ။ ဥပဒေအရ ဘယ်လိုဆက်လုပ်ရမလဲ ၊ ချေးထားတဲ့ ငွေ နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်ဖြစ်နိုင်သလဲ ဆိုတာကို သိပါရစေ ။
====================================
အဓိကအားဖြင့်တော့ အရောင်းအဝယ်လုပ်တယ်ဆိုတာ မှတ်ပုံတင်မှ တရားဝင်တာပါ။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေက မှတ်ပုံတင်ရပါတယ်။ တချို့တွေက အရောင်းသာပြထားတာ လက်ရောက်ပြမထားပါဘူး။ အကျိုး သက်ရောက်အောင် မလုပ်ထားရင် ဟန်ဆောင်စာချုပ်ပဲ။ ဒါက တစ်ကဏ္ဍ ပေါ့။
ခုကသူ မရှိတဲ့အချိန်မှာဝင်ပြီးနေတော့ ရာဇဝတ်မှုမြောက်သွားပါပြီ။ အိမ်တံခါးတွေဖျက်တယ်၊ သော့ဖျက်တယ် ဆိုတော့ အကျိုးဖျက်စီးမှု ပုဒ်မ ၄၂၇၊ ၄၂၈ အကြုံးဝင်သွားတာပေါ့။ (၄၂၇) က တန်ဖိုး ၅၀ နဲ့အောက် ဖျက်ဆီးမှု ဖြစ်ပြီး၊ (၄၂၈)က တန်ဖိုး ၅၀နှင့်အထက် အကျိုးဖျက်ဆီးမှုပါ။ ရာဇဝတ်မကင်းတဲ့ ကျော်နင်းမှုလည်းဖြစ်ပါတယ်။ အိမ်ထဲဝင်ပြီ၊ ခြံထဲဝင်ပြီဆိုတာနဲ့ ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၇)ဆိုတဲ့ ကျော်နင်းမှုဖြစ်ပါတယ်။ အိမ်ထဲအထိ ကျူးလွန်ပြီဆိုရင်(၄၄၈) ကျော်နင်းမှုဖြစ်ပါပြီ။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံကိစ္စ၊ အရောင်းဝယ်ကိစ္စက တစ်ကဏ္ဍ ရှင်းရမှာပါ။ ဒါက “တရားမ” ကြောင်းနဲ့ရှင်းရမယ့် ကိစ္စပါ။ ဒါကို လက်ရှိ ရှိနေတဲ့သူရဲ့ခွင့်ပြုချက်မရဘဲနဲ့ အတင်းဖျက်ဆီးပြီး ဝင်တယ်ဆိုတာ ရာဇဝတ်မှု ဖြစ် သွားပါပြီ။ ရာဇဝတ်မကင်းတဲ့ကျော်နင်းမှုဖြစ်သွားတဲ့အတွက်ကြောင့် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုရင် အရေးယူလို့ရပါတယ်။ ကျန်တဲ့ကိစ္စကတော့ ငွေရေးကြေးရေးကိစ္စ၊ “တရားမ”ကြောင်းအရ ရှင်းရမယ့်ကိစ္စ ဖြစ် တယ်လို့ပဲ ဖြေရပါ့မယ်။
#DVBlawlab #DVBtvnews #တရားမ

Related Posts

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

ငွေချေးစာချုပ်နှင့် ငွေယုံကြည်အပ်နှံသည့် စာချုပ်များ နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ (ဗဟုသုတရစေရန်ရည်ရွယ်ပါသည်။)(၁) တံဆိပ်ခေါင်းခွန်ထမ်းဆောင်ထားခြင်းမရှိသည့် စာချုပ်တစ်ရပ်ကို မည်သည့် ကိစ္စအတွက်မျှ အသုံးမပြု နိုင်ကြောင်း တံဆိပ်ခေါင်းခွန်အက်ဥပဒေ...

  ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား

 ဒီလိုစာချုပ်မျိုးချုပ်မည်ဆိုလျှင် ငွေယူသူများသတိထား "            စာချုပ်တွင်  ကွက်လပ်များထား၍ လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း မပြုပါနှင့်။          ငွေယုံကြည်အပ်နှံခြင်း ကတိစာချုပ်များ ချ...

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

ငွေပေးတဲ့အခါတွေမှာ ကျုပ်က စာချုပ်နဲ. သေသေချာချာပေးတာ၊၊ ငွေပြန်မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ်နှံ.ခြင်း ဖောက်ဖျက်မှုနဲ. တရားစွဲလို.ရမရ သိချင်လို.ပါ။

မိတ်ဆွေကြီး ကိုချစ်တီးပါလား၊ မတွေ.တာအတော်ကြာပြီနော်၊ ဝလို့ဖြိုးလို. ဝမ်းဗိုက်ကြီးတောင် ရွှဲလို.ပါလား၊ ကျန်မားရေးလည်း ဂရုစိုက်ဦးနော်ကိုချစ်တီး ။ ။ အခုလိုမျိုး သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျာ၊ အရောက်အပေါက်နည်းသွားတာကအလုပ်တွေများနေလို.ပါ။ကျွန်ပ်။ ။ အလုပ်မျာ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate