ဘယ်လိုအချိန်မှ လင်နှင့် မယား အလိုလိုကွာရှင်းပြီးသားဖြစ်သလဲ?

ဘယ်လိုအချိန်မှ လင်နှင့် မယား အလိုလိုကွာရှင်းပြီးသားဖြစ်သလဲ?

ဘယ်လိုအချိန်မှ လင်နှင့် မယား အလိုလိုကွာရှင်းပြီးသားဖြစ်သလဲ?
”မယားကစွန့်ပစ် ၁နှစ် လင်စွန့်ပစ် ၃နှစ် ကြာရင်” အလိုလို ကွာရှင်းပြီးသားဖြစ်သွားပြီလေ ”ဆိုသော အရပ်စကားအပေါ် အထင်အမြင်ရှင်းလင်းစေရန်… လင်မယားကွာရှင်းခြင်းဥပဒေ… လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင်မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။
လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ်-အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင် ပြုရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်သော်၎င်း မယားအား လက်ရောက်မှု တစ်ကြိမ် ကျူးလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)။
ကျိူးကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / ပြန်ပေါင်းရန် မကြိုးစားလျှင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်လျှင်သော်၎င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်။)
လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူပ်လုပ်ရန်/ မင်္ဂလာဆွမ်းကျွေး/ မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ရုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည်။
ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာချုပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့်ရှိသည်။
သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။
viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှုမရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်။
active ဖြစ်တဲ့ video file သာလျှင် မိမိဖက်က အသာစီးရနိုင်မယ့် သက်သေဖြစ်သည်။ ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက လူသိ/ နတ်ကြား ပေါင်းသင်းရမှာဖြစ်ပြီး ဆိတ်ကွယ်ရာအရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံရုံမျှဖြင့် ယခင်ကွာရှင်းထားသော စာချူ ပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ။
(အချုပ်အားဖြင့်) မြန်မာ့ထုံးတမ်းအရ မြန်မာ/ ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်းခြင်း ကိစ္စများ၌ စာချူ ပ်/ စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှုများစွာ ကြုံတွေ့ရမှာဖြစ်၏။
တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေ တည်မြဲနေစဉ်အတွင်း ကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏။
လင်မယား အတူမနေ/ မထောက်ပံ့/ အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက် ပြတ်စဲပါသလဲ ဟူသော အများစု သိချင်သည့်မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ တစ်ယောက်ယောက် တမလွန်ခရီး နှင်မှသာ အလိုလို ပျက်စဲမှာဖြစ်ပါကြောင်း cb မှ မကြာခဏ မေးတတ်လွန်းသူများအား ဖြေကြားပေးလိုက်ပါသည်။
Crd; Kinh Win (ဥပဒေစကားဝိုင်း)မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။
Photo Crd

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate