နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက် ကြာသလဲ ။

နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက် ကြာသလဲ  ။

နယ်မှာ ဂရန်လျှောက်ရင် ဘယ်လောက် ကြာသလဲ

မျိုးမင်းထွန်း

 

            ယခင်က မြေငှားဂရန် ထုတ်ပေးမှုများ၌ မြေဧရိယာ ( ၁ ) ဧက အထိကို ရက်ပေါင်း ( ၄၀ ) အတွင်း ခရိုင် အုပ်ချုပ် ရေးမှူးရုံးမှ ထုတ်ပေး ပါသည် ။ မြေဧရိယာ ( ၁ ) ဧကအထက်မှ ( ၅ ) ဧကအထိကို ရက် ( ၆၀ ) အတွင်း ပြည်နယ်တိုင်း အုပ်ချုပ် ရေးမှူး၏ စိစစ်ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေး ပါသည် ။ မြေဧရိယာ ( ၅ ) ဧက အထက်ကို ( ၈၁ ) ရက်အတွင်း ရုံးချုပ်၏ ခွင့်ပြုချက်ဖြင့် ခရိုင်ထွေအုပ်မှ ထုတ်ပေး ပါသည် ။

ယခု ထပ်မံ၍ ပြင်ဆင် ဖြေလျှော့ ပေးထားသည့် လုပ်ထုံး လုပ်နည်း များအရ -

( ၁ ) ဧက အထိကို ၃၂ ရက် ၊

( ၁ ) ဧကမှ ( ၅ ) ဧကထိ ၄၈ ရက် ၊

( ၅ ) ဧကအထက်ကို ၇၃ ရက်လို့ ညွှန်ကြား ထားပါ ကြောင်း.. ။

 

            ထို့သို့ သတ်မှတ် ရက်များ အတွင်း ထုတ်ပေးသွား နိုင်ရေး ဆင့်ကဲ ကြပ်မတ် ဆောင်ရွက်ရန် ၊  သတ်မှတ်ထား သည့် အချိန်အတွင်း မြေငှား ဂရန်များ ထုတ်ပေးနိုင်ရေး အလေးထား ဆောင်ရွက် သွားရန်လို့ ရုံးချုပ်က ညွှန် ကြား ထားရှိပါ သည် ။ ( ယခု သတ်မှတ် ချက်မှာ အမှုတွဲ စတင် ဖွင့်လှစ် သည့်နေ့မှ ဂရန် ထုတ်ပေးသည့် နေ့အထိ ရေတွက်ခြင်း ဖြစ်ပါသည် ။ ဂရန် လျောက်သော မြေက အရှုပ် အရှင်းကင်းပြီး အချက်အလက် ပြည့်စုံသော မြေဖြစ်ရပါမည် ။ လျောက်ထားသူ မြေပိုင်ရှင် ဘက်က အချက်အလက် ပြည့်စုံရန် ၊ အရှုပ်အရှင်း ကင်းရန်လို အပ်ပါသည် ။ ကန့်ကွက်ခြင်း ၊ အရှုပ်အရှင်းများ ရှိခြင်း ၊ အချက်အလက် မပြည့်စုံခြင်း များရှိပါက အချိန်ကြန့် ကြာခြင်း ၊ မြေဂရန် မရနိုင်ခြင်း များ ရှိနိုင်ပါသည် ။)

 

             ထို့အပြင် မြေဂရန်နှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရန် အချက်များအနေနဲ့ မြေငှားဂရန် ၊ လိုင်စင်များ ချထားပေးခြင်းသည် ပြည်သူလူထု၏ စိတ်ချယုံကြည်မှု ရှိစေခြင်းအပြင် နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်ငွေ ရရှိစေခြင်းဖြစ်သဖြင့် မြေငှားဂရန် လျှောက်ထားခြင်း မရှိသေးသူများအား လျှောက်ထား လာစေရေး စည်းရုံး ဆောင်ရွက် သွားရန် ၊ သက်တမ်းလွန် ဂရန်များအား ဂရန်သက် တမ်းတိုး လျှောက်ထားစေရေး အဆင့်ဆင့် စိစစ်ကြပ်မတ် ဆောင်ရွက် သွားရန် ၊ စကွာတာ ကျူးကျော် မြေများနှင့် စနစ်တကျ ကျူးလွန် မြေများကို ကွင်းဆင်း တိုင်းတာ၍ ဒဏ်ကြေးအဖြစ် အထက် မြန်မာနိုင်ငံတွင် အထက် မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ (၅၁ ) ( ဈဈ ) အရ မြေငှားခ နှုန်းထား၏ (  ၃) ဆ စည်းကြပ် ကောက်ခံ သွားရန်နှင့် အောက် မြန်မာနိုင်ငံတွင် အောက် မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာ မြေများ အက်ဥပဒေ ပုဒ်မ ၁၉ အရ မြေငှားခ နှုန်းထား၏ ( ၅ )ဆ စည်း ကြပ်ကောက်ခံ သွားရန် ။

 

           မြို့မြေ ငှားဂရန်များ ထုတ်ပေးနိုင် ရေးအတွက် မြို့နယ် နိမိတ်အတွင်း ပါဝင်သော်လည်း မူလ စိုက်ပျိုးမြေ အမည် ပေါက်လျက်ရှိသော မြို့မြေအဖြစ် သတ် မှတ်ထားခြင်း မရှိသေးသော မြေများအား မြို့မြေအဖြစ် မြေအမျိုး အစားပြောင်းလဲ သတ်မှတ်နိုင်ရေး တည်ဆဲဥပဒေ ၊ လုပ်ထုံး လုပ်နည်းများ နှင့်အညီ အမြန် ဆောင်ရွက်သွား ရန် ၊ မြို့မြေ များအား ကွက်စိပ် တိုင်းတာ နိုင်ရန်အတွက် Boundary Officer နှင့် Demarcation Officer ခန့်အပ် တာဝန်ပေး နိုင်ရေး အမြန်တင်ပြ ဆောင်ရွက်ရန် ၊ မြေငှား ဂရန်အသစ် ထုတ်ပေး ခြင်းများနှင့် ပတ်သက်၍ မြေယာဥပဒေ ၊ လုပ် ထုံးလုပ် နည်းများ နှင့်အညီ ခွင့်ပြု ထုတ်ပေးသွားရန် ၊ ပြည်သူ လူထုနှင့် ဌာနဆိုင်ရာ များအကြား အုပ်ချုပ်မှု အားနည်း ချက်များ ၊  အခြားအဂတိ လိုက် စားမှုများ မဖြစ် ပေါ်စေ ရေးအတွက် ပြည်သူလူထု၏ အကျိုးစီးပွားကို တည်ဆဲဥပဒေများ ၊  လုပ်ထုံး လုပ်နည်း များနှင့်အညီ မှန်မှန် ကန်ကန်နှင့် မြန်မြန် ဆန်ဆန် ဆောင်ရွက် ပေးသွားရန် ၊ သို့ဖြစ်၍ မြေစီမံ ခန့်ခွဲရေး ဥပဒေများ နှင့်အညီ မြေယာ စီမံခန့်ခွဲရေး ကိစ္စများကို အထက်ပါ ညွှန်ကြားချက်များ အတိုင်း လိုက်နာ ဆောင်ရွက် သွားရန် ရုံးချုပ်မှ ညွှန်ကြား ထားပါကြောင်း သိရှိနိုင်ရန် တင်ပြ လိုက်ရ ပါသည် ။

 

( ဂရန် လျောက်ထားရာမှ ကာယကံရှင်က ပါဝင် ပြည့်စုံရမည့် အချက်များကို ပူးတွဲ တင်ပေး လိုက်ပါတယ် ။  ရုံးအလိုက် အနည်းငယ် ကွဲပြား နိုင်ပါတယ် ။ မြေနဲ့ ပတ်သက်တဲ့ မြေခွန် ပြေစာတို့ ၊ ရောင်း ဝယ် စာချုပ်တို့ ၊  SP, GP တို့လဲ ယူသွားရပါတယ် ။ ခရိုင်ထွေအုပ် ရုံးမှာ လျောက်လွှာယူပြီး လျောက်ထား ရပါမယ် ။)

 

( ဒီ ညွှန်ကြား ချက်က ရန်ကုန်မြို့မပါ ကျန်မြို့များ အတွက်သာ ဖြစ်ပါသည် ။ ရန်ကုန်တွင် မြို့တော်စည်ပင်မှ ဂရန် ထုတ်ပေး ပါသည် ) ။

 

Credit Myo Min Tun

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate