Advertise here!

တစ်လောက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း

တစ်လောက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း

တစ်လောက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်းခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သော မြေကွက်များကို မြေကွက် ပေ ၄၀ x ပေ ၆၀ အကွက်တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ်အဝန်းနှင့် နေရာကိုလိုက်၍ သိန်းရာကျော်အထိ စျေးပေါက်၍ အရောင်းအဝယ်လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများ ၂၀၁၅ ခုနှစ်မှစတင်၍ ခေတ်စားလာပြီး အနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက်ဝယ်ယူမှုများရှိကြောင်း၊ အဓိကအားဖြင့် အရပ်စာချုပ်များဖြင့် ဝယ်ယူရောင်းချမှုများရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်တွင် စျေးပေါပေါဖြင့် ပြင်ဦးလွင်မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ် နေကြောင်း ရန်ကုန်အခြေစိုက် စကားဝါအိမ်ခြံမြေ အကျိုးဆောင် ဦးလွင်က ဆိုပါတယ်။

“တကယ်တော့ အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော်များတယ်။ တချို့စာချုပ်တွေမှာက ဒေသက ကျေးရွာ ရပ်ကွက်လူတွေနဲ့ပဲ လက်မှတ်ထိုးရောင်းကြတာ၊ အခုတော့ သစ်တောဘက်က ဒီလို စပြီး ကြေညာတာကြောင့် ကျနော်ထင်ပါတယ် အတော်များများ ဆုံးရှုံးမှုတွေတော့ ကြုံရမယ့် အခြေအနေပါပဲ” ဟု စကားဝါ အိမ်ခြံမြေ အကျိုးဆောင်ဦးလွင်က ဆိုပါတယ်။

ဒါကြောင့် မြေကွက်ဝယ်ယူမယ်ဆိုရင်

၁။ မြေအမျိုးအစား

၂။ တရားဝင်ပိုင်ဆိုင်မှုအထောက်အထား

၃။ တရားဝင် ရောင်းဝယ်မှု ဖြစ်/မဖြစ်

၄။ မိမိအမည်ပေါက်ဆောင်ရွက်မှု စသည်ဖြင့် စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါကြေင်း၊ ဒီလိုမှ မဟုတ်ရင်တော့ အခုလို ဆုံးရှုံးနစ်နာမှုမျး၊ တရားရင်ဆိုင်ဖြေရှင်းရမှုများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မြေဝယ်ယူမည်ဆိုပါက

မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန်

လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား

စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး

မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်

ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည်။

သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည်

( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)

စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး

ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်

ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး

ခွင့်သာ ရှိပါသည်။

‌ဗဟုသုတကျေးရွာ Page မှသတင်းအားပြင်ဆင်ဖြည့်စွက် ရေးသားပါသည်

Credit-OriginalUploder

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate