အိမ်ငှား အဖြစ်မှ အခမဲ့ ခွင့်ပြုချက် အရ နေထိုင်သူ အဖြစ် ပြောင်းလဲသွားခြင်း

အိမ်ငှား အဖြစ်မှ အခမဲ့ ခွင့်ပြုချက် အရ နေထိုင်သူ အဖြစ် ပြောင်းလဲသွားခြင်း

အိမ်ငှား အဖြစ်မှ အခမဲ့ ခွင့်ပြုချက် အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 

============================

           ဦးချစ်တီးနှင့် ဒေါ်အေးရီ ( သေသူ ဦးအုန်းဖေ တရားဝင် ကိုယ်စားလှယ် ) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီးသည်  ဦးအုန်းဖေ၏  အိမ်ငှား အဖြစ် နေထိုင်ရာ နောက်ပိုင်းတွင် ဦးချစ်တီးတို့က အိမ်လခများ ပေးရန် ပျက်ကွက်သဖြင့် ရပ်ကွက် ပြည်သူ့ကောင်စီတွင် ညှိနှိုင်းကြသော အခါ ဦးချစ်တီးက ဦးအုန်းဖေ နေအိမ်တွင်  ၂ နှစ် အတွင်း ပြောင်းရွှေ့ပေးရန်နှင့် အိမ်ရှင် ဦးအုန်းဖေက ဦးချစ်တီးထံမှ ၂ နှစ် အတွက် လခများ မယူရန် နှစ်ဦးနှစ်ဖက် သဘောတူညီကြသည် ။ 

 

         ထိုသဘောတူညီချက် အရ အိမ်ငှား ဦးချစ်တီးသည် အချင်းဖြစ်အိမ်တွင် အခမဲ့ ဆက်လက် နေထိုင်သွားရာ (၂) နှစ်ပြည့် ပြီးနောက် ဦးချစ်တီးက အိမ်မှ ဖယ်ရှားပေးခြင်း မပြုသဖြင့် ဦးအုန်းဖေက ဦးချစ်တီး အပေါ် အခွင့်အမိန့်အရ နေထိုင်သူများ အဖြစ် နှင်လိုမှုစွဲ သည်။ ဗဟိုတရားရုံးက ဦးချစ်တီးနှင့် ဦးအုန်းဖေတို့  ချုပ်ဆိုသော သဘောတူညီချက်သည် အိမ်ရှင် အိမ်ငှား အဖြစ် ဆက်သွယ်မှုကို သဘောတူ ဖျက်သိမ်းခြင်း ဖြစ်ကြောင်း ထိုဆက်သွယ်မှုမှာ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၁၁၁ ( ခ ) အရ ရပ်စဲပြီး ဖြစ်ကြောင်း အမှုစွဲဆို အချိန်တွင် ဦးချစ်တီးနှင့် ဦးအုန်းဖေတို့သည် အိမ်ရှင် အိမ်ငှား မဟုတ်တော့ဘဲ ဦးချစ်တီးသည် အခမဲ့ ခွင့်ပြုချက်အရ နေထိုင်သူ ဖြစ်ကြောင်း စသဖြင့် ဆုံးဖြတ်၍ ဦးအုန်းဖေကို အနိုင်ပေးသည်။

 

        ဦးသိန်းနွဲ့ နှင့် ဒေါ်ကြည်ကြည် ၁၉၈၀ ပြည့်နှစ် တရားမ ပထမ အယူခံမှု အမှတ် -၂၃ အမှုတွင် ဒေါ်ကြည်ကြည်၏ ခင်ပွန်းဆိုသူ 

 ဦးကြီးသွင်သည် ဦးသိန်းနဲ့ အိမ်ငှားအဖြစ် နေထိုင်လာရာမှ သေဆုံးပြီးနောက် ဒေါ်ကြည်ကြည်က ဦးသိန်းနွဲ့  ခွင့်ပြုချက်အရ ဆက်လက်နေမည် ဖြစ်ကြောင်း ၊ အချိန်မရွေး ဖယ်ရှားပေးမည် ဖြစ်ကြောင်း ကတိစာချုပ် ချုပ်ဆိုသည် ။ နောက်ပိုင်းတွင် ဒေါ်ကြည်ကြည်က အိမ်ခန်းမှ ဆင်းမပေး၍  ဦးသိန်းနွဲ့တို့က ဒေါ်ကြည်ကြည် အပေါ်  အခွင့်အမိန့်အရ နေထိုင်သူ အဖြစ် နှင်လိုမှုစွဲရာ ဒေါ်ကြည်ကြည်

ဘက်မှ ဦးသိန်းနွဲ့၏  အိမ်ငှား ဖြစ်ကြောင်း တင်ပြသည် ။ 

 

         ဗဟိုတရားရုံးက ဒေါ်ကြည်ကြည်သည် ဦးကြီးသွင် ဇနီးဖြစ်၍ ဦးကြီးသွင် ကွယ်လွန်သောအခါ ၁၉၆၀ ပြည်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၂ ( ခ ) အရ အိမ်ငှားအဖြစ်သို့ ရောက်ရှိသည့် တိုင်အောင် ( ၂ - ၁၁ - ၆၂ ) နေ့တွင် သက်သေခံ  ( က ) စာချုုပ် ချုပ်ဆိုသောအခါ အိမ်ခန်း ငှားရမ်းခြင်းကို အိမ်ရှင်အား ပြန်လည် ပေးအပ်လိုက်ရာ ရောက်သဖြင့် ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၁၁ ( စ ) အရ အိမ်ငှားရမ်းခြင်းမှာ ရပ်စဲသွားသည်ဟု ကောက်ယူရာ ဦးသိန်းနွဲ့တို့သည် ဒေါ်ကြည်ကြည် အပေါ် အခွင့်အမိန့် အရ နေထိုင်သူ အဖြစ် ဖယ်ရှားခွင့် ရှိသည်ဟု ဆုံးဖြတ်သည် ။

 

        အိမ်ရှင် နှင့် အိမ်ငှား နှစ်ဦးသဘောတူ ကျေကျေနပ်နပ် အခမဲ့ ခွင့်ပြုချက်ဖြင့် ထားသူက ထား ၊ နေသူက နေသည့် ပဋိညာဉ်ကို 

 ပွင့်ပွင့်လင်းလင်း ပြုလုပ်ကြသည့် အချိန်မှစ၍ အိမ်ရှင်း အိမ်ငှား အဖြစ် ရပ်စဲပြီး အခမဲ့ ခွင့်ပြုချက် အရ နေသူအဖြစ်သို့ ပြောင်းလဲသွားပြီဟု ယူဆနိုင်ပေသည် ။ ပကတိဖြစ်ရပ် အပေါ် အခြေခံသည့် အဆိုပါ ယူဆချက်သည် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ - ၂ ( ဆ ) ၏ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ရာ မရောက်နိုင်ပေ ၊ ထို့ကြောင့် ယခုအမှုကိစ္စတွင် အိမ်ရှင် ဒေါ်မြမြသန်းနှင့် ဦးပွန်စကပ်တို့  နှစ်ဦးသဘောတူ အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်ရန် ကတိစာချုပ် ချုုပ်ဆိုသည့် အချိန်မှစ၍ ဦးပွန်စကပ်သည် ဒေါ်မြမြသန်း ၏ အိမ်ငှား အဖြစ်မှ အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်သူ အဖြစ်သို့ ပြောင်းလဲသွားပေသည်။

 

           ထို့ကြောင့် ယခု အယူခံမှုအား ရုံးအဆင့်ဆင့် ကုန်ကျစရိတ် နှင့်တကွ ခွင့်ပြုလိုက် ။ တရားရုံးချုုပ် ၁၉၉၀ပြည့်နှစ် ၊ တရားမ ပထမ အယူခံမှု အမှတ် - ၁၃၉ ၏ အမိန့်နှင့် စွဲဆိုသည့် အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးသည့် ရန်ကုန်တိုင်း တရားရုံး၏ ၁၉၈၉ ခုနှစ် ၊ တရားမမှုအမှတ် - ၃ ၏ အမိန့်နှင့် ဒီကရီကို ပြန်လည် အတည်ပြုလိုက်သည် ။ ( ဒေါ်မြမြသန်း နှင့် ဦးပွန်စကပ် ၊ ၁၉၉၂ ၊ မတစ ၊ စာ ၁၀၀ )

           သို့ဖြစ်၍ အထက်ပါ ဥပဒေမူ သဘောတရား ပြောင်းလဲသွားမှုကြောင့် ယခင်က အိမ်ငှားအဖြစ်မှ အခမဲ့ အခွင့်အမိန့် အရ 

နေထိုင်သူ အဖြစ်သို့  မပြောင်းလဲနိုင်သော်လည်း ယခုအခါတွင် အိမ်ငှား အဖြစ်မှ အခမဲ့ အခွင့်အမိန့် အရ နေထိုင်သူ အဖြစ်သို့ ပြောင်းလဲသွားသည့် သဘောကို တွေ့ရပေသည် ။

( ဦးပိုအေး - တရားလွှတ်တော်ရှေ့နေ ၊ ပြောင်းလဲလာသော ဥပဒေမူ သဘောတရားများ ၊ စာ- ၆၇ ၊ ၆၈ ၊ ၆၉ ) ။ ဓာတ်ပုံ - အင်တာနက် ။

#DVBlawlab #DVBtvnews #အခမဲ့နေထိုင်ခွင့်

 

Credit (  ဥပဒေရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate