အခုတစ်လော အိမ်ခြံမြေ အရောင်းအဝယ်တွေက လည်း အေးနေတယ်သာ ပြောကြပေမယ့် တကယ် အရောင်းအဝယ်ဖြစ်တော့လည်း “ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။

အခုတစ်လော အိမ်ခြံမြေ အရောင်းအဝယ်တွေက လည်း အေးနေတယ်သာ ပြောကြပေမယ့် တကယ် အရောင်းအဝယ်ဖြစ်တော့လည်း “ဖုတ်ပူမီးတိုက်” ဆိုသလိုပါပဲ။ “အခုပဲ စရန်ပေးစာချုပ်ချင်လို့ ဆရာ အမြန်လာ ပေးပါဆိုပြီး
ကြိမ် စကြာနဲ့ ရိုက်ခေါ်သလိုပဲ။ အရောင်း အဝယ်လုပ်မယ့်နေရာကို အချိန်မီ အရောက် ပြေးရတယ်။
ဒီနေ့တော့ဒဂုံဆိပ်ကမ်းမှာမြေကွက်လေးစရန်စာချုပ်ဆောင်ရွက်ပေးခဲ့တယ်။
မြေကတော့ဂရန်မြေပါ
ဂရန်မြေဘယ်လိုဝယ်ယူရမလဲ မသိသေးသူတွေအတွက် ဂရန်မြေဝယ်ယူနည်းကို အနှစ်ချုပ်ဖော်ပြပေးလိုက်ပါတယ်
ဂရန်မြေ တရားဝင် ဝယ်ယူနည်း
ဂရန်မြေ ဝယ်ယူလျှင် အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။
အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်...
1။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။
2။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ စရန်ချပါ။
3။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။
၄။ မျိုးရမှ ငွေအပြေချေပါ။
1။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်။
(အောက်တွင်ပုံတွဲပြီးဖော်ပြထားပါတယ်)
2။ မူရင်းဂရန် အမည်ပေါက်ထံမှ SP။
3။ မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။
4။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။
ဝယ်ယူပြီးနောက် ၃-ဆင့်။
1။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။
2။ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။
3။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်ထွေအုပ်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။
အသေးစိတ်ကို ထပ်မံဖော်ပြပေးပါမည်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
- "ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
- ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
- တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
- +++သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်+++
- လယ်ယာမြေတွေကို...အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာ
- "SP အကြောင်းသိကောင်းစရာ"
- ဆရာရေ ဂရံမြေဝယ်ချင်လို့ ဘာတွေစစ်ရမလဲ?
- တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
- တရားဝင်ပိုင်ဆိုင်မှု
Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...