မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်း

မြေကွက်ဝယ်ထားသူတွေ ကျူးဖြစ်သွားခြင်း
ရောင်းနေတုန်းက မပြောဘဲ ခြံစည်းရိုးခတ် အိမ်ဆောက်ပြီးမှ သစ်တောကြိုးဝိုင်းမြေဆိုတော့ ဆုံးရှုံးကြ တရားရင်ဆိုင်ကြရမှာပေါ့။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်တစ်စုံ တစ်ရာမရှိဘဲ ကျူးကျော်ဝင်ရောက်၍ ကျောက်တိုင်စိုက်/သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်းခတ်ကာရံ၍ အဆောက်အဦ အခိုင်အမာဆောက်လုပ်ထားခြင်းများ တွေ့ရှိရပြီး ကျူးကျော် လုပ်ကိုင်ဆောင်ရွက်နေသူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြင်ဦးလွင်မြို့နယ်၊ သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သော မြေကွက်များကို မြေကွက် ပေ ၄၀ x ပေ ၆၀ အကွက်တကွက်လျှင် ငွေကျပ် ၂၅ သိန်းမှ အကျယ်အဝန်းနှင့် နေရာကိုလိုက်၍ သိန်းရာကျော်အထိ စျေးပေါက်၍ အရောင်းအဝယ်လုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။
ပြင်ဦးလွင်တွင် မြေကွက်များကို အကွက်ရိုက်၍ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချမှုများ ၂၀၁၅ ခုနှစ်မှစတင်၍ ခေတ်စားလာပြီး အနယ်နယ်အရပ်ရပ်မှ ပြင်ဦးလွင်သို့ သွားရောက်ဝယ်ယူမှုများရှိကြောင်း၊ အဓိကအားဖြင့် အရပ်စာချုပ်များဖြင့် ဝယ်ယူရောင်းချမှုများရှိကြောင်း၊ အထူးသဖြင့် လူမှုကွန်ရက်တွင် စျေးပေါပေါဖြင့် ပြင်ဦးလွင်မြေကွက်များ ရောင်းချမှုများ လွန်စွာ တွင်ကျယ် နေကြောင်း ရန်ကုန်အခြေစိုက် စကားဝါအိမ်ခြံမြေ အကျိုးဆောင် ဦးလွင်က ဆိုပါတယ်။
“တကယ်တော့ အရပ်စာချုပ်တွေနဲ့ ရောင်းကြ ဝယ်ကြတာတွေက ပြင်ဦးလွင်ဘက်မှာ တော်တော်များတယ်။ တချို့စာချုပ်တွေမှာက ဒေသက ကျေးရွာ ရပ်ကွက်လူတွေနဲ့ပဲ လက်မှတ်ထိုးရောင်းကြတာ၊ အခုတော့ သစ်တောဘက်က ဒီလို စပြီး ကြေညာတာကြောင့် ကျနော်ထင်ပါတယ် အတော်များများ ဆုံးရှုံးမှုတွေတော့ ကြုံရမယ့် အခြေအနေပါပဲ” ဟု စကားဝါ အိမ်ခြံမြေ အကျိုးဆောင်ဦးလွင်က ဆိုပါတယ်။
ဒါကြောင့် မြေကွက်ဝယ်ယူမယ်ဆိုရင်
၁။ မြေအမျိုးအစား
၂။ တရားဝင်ပိုင်ဆိုင်မှုအထောက်အထား
၃။ တရားဝင် ရောင်းဝယ်မှု ဖြစ်/မဖြစ်
၄။ မိမိအမည်ပေါက်ဆောင်ရွက်မှု စသည်ဖြင့် စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါကြေင်း၊ ဒီလိုမှ မဟုတ်ရင်တော့ အခုလို ဆုံးရှုံးနစ်နာမှုမျး၊ တရားရင်ဆိုင်ဖြေရှင်းရမှုများ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဗဟုသုတကျေးရွာ Page မှသတင်းအားပြင်ဆင်ဖြည့်စွက် ရေးသားပါသည်။
ကူးယူဖော်ပြပါသည်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-
- "ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်
- ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ
- တိုက်ခန်း၀ယ်လျှင် အခွန်ဆောင်ဖို့ လိုပါသလား
- +++သြရသ သားသမီး၏ ဇနီးခင်ပွန်းတို့နှင့် သက်ဆိုင်နေသည့် မြေနှင့်အိမ်ကို ၀ယ်မည်ဆိုလျှင်+++
- လယ်ယာမြေတွေကို...အကွက်ရိုက်ရောင်းသူဆီမှဝယ်မိတဲ့ပြဿနာ
- "SP အကြောင်းသိကောင်းစရာ"
- ဆရာရေ ဂရံမြေဝယ်ချင်လို့ ဘာတွေစစ်ရမလဲ?
- တိုက်ခန်းဝယ်တော့မယ်ဆိုရင် တောင်းယူရမည့် စာရွက်စာတမ်းများ
- တရားဝင်ပိုင်ဆိုင်မှု
Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ
"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။
အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ
မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...