မိသားစုစီမံမှုအကြောင်း မိသားစုစီမံမှု

မိသားစုစီမံမှုအကြောင်း
မိသားစုစီမံမှု
-အမွေရှင်ကွယ်လွန်ပြီးနောက် အမွေပစ္စည်းများကို ခွဲဝေယူကြမည်ဆိုသော မိသားစုတစ်ခု၏ သဘောတူစီမံစာချုပ်ကို မိသားစုစီမံမှုဟုခေါ်ဆိုပါသည်။
-မိသားစုအတွင်း အမွေမှုမဖြစ်စေရန်ပြုလုပ်သင့်ပါသည်။
-အလွန်တရာခိုင်မာသောစီမံမှုဖြစ်သည်။
-အမွေရှင်မသေမီ တရားစွဲ၍လည်းမရ။
-သေဆုံးပြီးလျှင်ဖျက်ခွင့်မရှိ။
-ခွဲဝေပြီးနောက် ဖောက်ဖျက်ငြင်းဆို၍လည်းမရ။
(မပန်းစီနှင့်မလှရင်၊1963-မတစ800/808နှင့်ဦးအောင်ညွန့်နှင့်မောင်အုံးမြင့်1981၊မတစ-121)
သက်သေခံဥပဒေပုဒ်မ-115(ဎ)အရ-မိသားစုစီမံမှုအရပိတ်ပင်ခြင်း။
-မိသားစုစီမံမှုပြုလုပ်ကာ အမွေပစ္စည်းများကိုခွဲဝေခြင်းသည် အတောမသတ်နိုင်သည့်အမွေမှု အရှုပ်အထွေးများပေါ်ပေါက်ခြင်းမှလည်းကောင်း၊
သားချင်းတစ်စုအမွေမှုနှင့်စပ်လျဥ်း၍စိတ်ဝမ်းကွဲပြားကာ မသင့်မတင့်ဖြစ်ရခြင်းမှလည်းကောင်း၊
ကာကွယ်ရန်ဖြစ်သည့်အလျောက် ယင်းမိသားစုစီမံမှုတွင်အတင်းအကြပ်ပြုလုပ်ခြင်း၊
မတရားသြဇာညောင်းခြင်း၊
အရေးကြီးသည့်အချက်များ၌ထိမ်ချန်ထားခြင်းစသည့်မတရားမှုမရှိပါကအတည်ဖြစ်သည်။
တရားဥပဒေအရ ခိုင်မာ တည်မြဲခင်းမရှိဟု ငြင်းဆိုခွင့်မရှိ။
မိသားစုစီမံမှုကို အမွေစားအမွေခံ သဘောတူညီချက်ဖြင့်ပြုလုပ်၍ ယင်းစီမံမှုအတိုင်း ပစ္စည်းများကိုခွဲဝေခံစားပြီးဖြစ်ပါက အမွေစား အမွေခံတစ်ဦးဦးက ယင်းစီမံမှုသည် ဥပဒေနှင့်ဆန့်ကျင်နေပါသည်ဟု ငြင်းဆိုခြင်းမှပိတ်ပင်မည်ဖြစ်သည်။
(မကျော့နှင့်မကျေးဥ၊အေအိုင်အာ1935၊ရန်ကုန်-355)
(မပန်စီခေါ်ဒေါ်ရင်ရင်နှင်မလှရင်၊1963၊မြန်မာပြည်စီရင်ထုံး800(808)
မှတ်ချက်။
မိသားစုစီမံမှုအား
အမွေရှင်
1)မကွယ်လွန်မီ
2)ကွယ်လွန်ပြီး
ချိန်တွင် နှစ်မျိုးလုံးကြိုက်သလို စီမံပြုလုပ်နိုင်ပါသည်။
ကိုးကား။သက်သေခံဥပဒေ၏သိကောင်းစရာများ၊ဦးသက်ဖေ၊ဦးမောင်မောင်ဝင်း။
Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...