ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့ ဥပဒေ မရှိဘူးလို့သိရပါတယ်။

ဆရာ တိုက်ခန်းဝယ်ယူတဲ့နေရာမှာ

မြေရှင် လက်မှတ်ထိုးဖို့လိုတယ်ဆိုတဲ့

ဥပဒေ မရှိဘူးလို့သိရပါတယ်။

တကယ်လို့မြေရှင်လက်မှတ်မထိုးပဲ

ဝယ်ယူရင် မိမိအတွက် ဘာတွေဆိုးကျိုး

ရှိနိုင်ပါသလဲ သိပါရစေ။

(စျေးကွက်သတင်းစာကဆောင်းပါးတစ်ခုနဲ့ဖြေပေးလိုက်ပါမယ်)

တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှုတွေမှာ

မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းက

လည်းခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ်။

“မြေရှင်လက်မှတ်ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခအနေနဲ့ ပေးရတာ ပါ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့ ပြောကြပါတယ်။

မြေရှင်လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။

မြေရှင်အသိအမှတ်ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း၊ တိုက်ခန်း ပျက်စီးခြင်းဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်းပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ်။

တိုက်ခန်း၊ကွန်ဒိုရောင်းဝယ်ရာမှာ မြေရှင် လက်မှတ်ထိုးခ (တစ်နည်း) အမည် ပြောင်းခ ပေးရပါတယ်။

နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်းအထိ ပေးရပါတယ်။

မြေရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချခွင့်ရှိတယ်ဆိုပေမဲ့ မြေရှင် အသိအမှတ်မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။

အိမ်လခပေးရတာက

အပျောက်တိုက်ခန်းဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရတာကြောင့် အပျောက်တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည်ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ်။

မြေရှင် က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်းနေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခတွေကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါ တယ်။

“မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ/၂၅၀ (ကျပ်)၊ ဒါက ခု နဲ့ မကိုက်ညီတော့ဘူး၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ်”လို့ အိမ်ခြံမြေ အကြံ ပေး ရှေ့နေဦးကိုကိုက ဆိုပါတယ်။

လခပေးလည်း မခိုင်မာသေးပါ

မြေရှင်ကို အိမ်လခ မှန်မှန်ပေးသွင်း နေပေမဲ့၊ အိမ်ရှင်အသိအမှတ်ပြုတယ်ဆို ပေမဲ့ အမည်ပေါက်နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက်တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင်နာမည်နဲ့သာ ရရှိမှာဖြစ်ပါတယ်။

အိမ်ရှင်အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ်။

“အခု အဖြစ်များနေတာက တိုက် ဟောင်းပြီး ပြိုကျလာမှုတွေပေါ့၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ်၊ ဒါပေမဲ့ အရက် မူးပြီး နေ့တိုင်းသောင်းကျန်းနေတော့ ကန် ထရိုက်နဲ့ တိုက်အသစ်ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ်”ဆိုပါတယ်။

ငှားရမ်းခ တိုးလို့

၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင်အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့်ရှိတယ်လို့ ပါရှိပါ တယ်။ ဥပဒေ အရ ငှားရမ်းခတိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေအနေနဲ့ ငှားရမ်းခ နှစ် စဉ် တိုး မြှင့်ကောက်ခံနေတာကြောင့် အ ပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ်။

ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခကိုလည်း

ပုံစံအမျိုးမျိုးနဲ့ ကောက်ခံနေကြတယ်လို့ သိရပါ တယ်။

“ကျွန်မတို့ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန်၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၃၀ဝ၀ ပေးရတယ်၊ တချို့ တိုက် တွေမှာတော့ ဒီထက်များတယ်ပြော တယ်”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

 

S

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

တရားဝင်ပိုင်ဆိုင်မှု

တရားဝင်ပိုင်ဆိုင်မှု

“၁၀ ပေ x ပေ ၆၀ မြေကွက် တွေ အဝယ်လိုက်နေတယ် ဆရာ၊ အဲဒါ တရားဝင်ပိုင်ဆိုင်မှုရှိပါသလား” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ပါသည်။“မြေကွက်ကတော့ ခွဲစိတ်လို့ မရဘူး။ ဒါပေမယ့် တရားဝင်ပိုင်ဆိုင် ခွင့်ရအောင်တော့ ဆောင်ရွက်လို့ရပ...

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate