အိမ်ဌားရှိတဲ့ အိမ်ကိုဝယ်မိရင် အဲ့ဒီအိမ်ဌားရဲ့ ပြုမူဆောင်ရွက်ချက်ဟာ အိမ်ဝယ်သူအပေါ်ကို အကျိုးသက်ရောက်နိုင်သလား

အိမ်ဌားရှိတဲ့ အိမ်ကိုဝယ်မိရင် အဲ့ဒီအိမ်ဌားရဲ့ ပြုမူဆောင်ရွက်ချက်ဟာ အိမ်ဝယ်သူအပေါ်ကို အကျိုးသက်ရောက်နိုင်သလား
ယခုကာလမှာ တရားရုံးကဖြစ်စေ ချိတ်ပိတ်ခံထားရသော ဥပဒေ နှင့်မလွတ်ကင်းသည့် ပြစ်မှုတစ်ခုခုနှင့် ပတ်သတ်နေသည့် အိမ်နှင့်မြေ တိုက်ခန်းကိုမဝယ်မိစေဖိို့အရေးကြီးပါတယ်။ 
ဒါကြောင့်ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။ 
အိမ်ဌားရှိတဲ့ အိမ်ကိုဝယ်မိရင် အဲ့ဒီအိမ်ဌားရဲ့ ပြုမူဆောင်ရွက်ချက်ဟာ အိမ်ဝယ်သူအပေါ်ကို အကျိုးသက်ရောက်နိုင်သလား
အိမ်ဌားရဲ့​ဆောင်ရွက်မှုဟာ အဲ့ဒီအိမ်ဌားရဲ့ အပေါ်မှာဘဲတာဝန်ရှိပါတယ်.အိမ်ဝယ်သူအပေါ်မှာတာဝန်မရှိပါ။ 
သို့သော် အိမ်ဌားသက်တမ်းမကုန်မီ အဲ့ဒီအိမ်ကိုလွှဲပြောင်းဝယ်ယူသူဟာ အိမ်ရှင်ဖြစ်လာတဲ့အခါ အိမ်ဌား မကောင်းမှုလုပ်ရင်အိမ်ရှင်မှာတာဝန်ရှိပါတယ်။
ဌားထားတဲ့အိမ်မှာ ဥပဒေ နဲ့မလွတ်ကင်းတဲ့ကိစွတွေလုပ်ရင်အိမ်ရှင်မှာ တာဝန်ရှိသလား
ဥပဒေ နဲ့မလွတ်ကင်းတဲ့ကိစွရပ်တွေကို အိမ်ဌားနေသူက ပြုလုပ်နေကြောင်း အိမ်ရှင်က သိလျက်နှင့် ဆက်လက်နေထိုင်ခွင့်ပြုရင် အိမ်ရှင်မှာ လည်းတာဝန်ရှိမှာဖြစ်ပါတယ်။
(ယခုတော့ အိမ်ရှင်သိသိမသိသိ ဧည့်စာရင်းမတိုင်ရင် အဆိုပါအိမ်ကိုပြည်သူ့ပိုင်သိမ်းမယ်လို့ အမိန့်ထုတ်ထားပါတယ်။)
ပစွည်းလွှဲပြောင်းခြင်းဥပဒေ
 မှာ အဌားချထားသူနဲ့ ဌားယူသူတို့ရဲ့ အခွင့်အရေးတာဝန်တွေကို ပြဌာန်းထားပါတယ်။
အိမ်ဌားဖြစ်သူက ဥပဒေနှင့်မလွတ်ကင်းသည့် ကိစွရပ်ကို ဌားရမ်းထားတဲ့နေအိမ်မှာဘဲ ပြုလုပ်ကြောင်း သံသယရှိရင် အိမ်ရှင်က အ​ဆောက်အအုံအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ရှိတယ်။ 
အမှန်တကယ် အိမ်ဌားဖြစ်သူက ဌားရမ်းနေထိုင်တဲ့နေအိမ်မှာ ဥပဒေ နဲ့မလွတ်ကင်းသည့် ကိစွရပ်တစ်ခုခုပြုလုပ်ကြောင်း အိမ်ရှင်သိရင် အိမ်ရှင် /အိမ်ဌား အဖြစ်ရပ်စဲပီး နေအိမ်မှနှင်ချလိုက်သည်အထိလုပ်ပိုင်ခွင့်ရှိပါတယ်။
အိမ်ဌားအနေဖြင့် အဆိုပါအိမ်၌
မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ကျော်ဇောသတင်းကြောင့် အဖမ်းခံရသည့်အခါ သက်ဆိုင်ရာက အရောင်းဝယ်ပြုလုပ်သည့် အဆောက်အအုံကို လိုအပ်လျှင်ချိတ်ပိတ်ထားနိုင်ပါတယ်။
နစ်နာသူက ချိတ်ပိတ်ထားတဲ့ အဆောက်အအုံနဲ့ပတ်သတ်ပြီး ခိုင်လုံတဲ့ အထောက်အထားတင်ပြနိုင်ရင် အမှုအတောအတွင်းမှာ ခံဝန်နဲ့ ချိတ်ပိတ်ထားတဲ့
ပစွည်းကိုပြန်လည်ပေးအပ်နိုင်တယ်လို့ပြဌာန်းထားပါတယ်။
ဒါ့ကြာင့် အိမ်ပိုင်ရှင်က မိမိပိုင်ဆိုင်ကြောင်းအထောက်အထားခိုင်ခိုင်လုံလုံနဲ့ ပြသရမည့်အပြင် အိမ်ဌား(ပြစ်မှုကျူးလွန်သူ) နှင့် လုံးဝမသက်ဆိုင်ကြောင်းခိုင်လုံတဲ့ အထောက်အထားပြဖို့လိုပါတယ်။ 
အမှုစစ်ဆေးနေတဲ့ ကာလအတွင်းမှာ အဆောက်အအုံကို ရောင်းချ၊လွှဲပြောင်း၊ဌားရမ်း၊တစ်ပါးသူအား နေထိုင်ခွင့်မပြုရလို့နည်းဥပဒေပုဒ်မ ၂၆ မှာ ပြဌာန်းထားတဲ့အတွက် တရားရုံးက ပိုင်ရှင်အား ပြန်ပေးစေလို့ ရှင်းလင်းစွာ အမိန့်မချမီစပ်ကြားလွှဲပြောင်းရောင်းချလို့မရဘဲ ရပ်ဆိုင်းထားရမှာဖြစ်ပါတယ်.ဒါ့ကြောင့်အဆောက်အအုံကိုဝယ်မယ်ဆိုရင် သေချာစုံစမ်းပြီးမှဝယ်သင့်ပါတယ်။
ထီယု(ဥပဒေအတိုင်ခံ)
ကူးယူတင်ပြပါသည်။

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအ...

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

ကာလပေါက်ဈေးထက် ဈေးအရမ်းသက်သာနေပါလျှင် သတိထားပီး ဝယ်ယူပါမိတ်ေဆွ။

အရင်တုန်းကအဖြစ်အပျက်လေးပါမိတ်ဆွေတစ်ယောက်မှကျွန်တော့အားဖုန်းဆက်ပါတယ်၊ဆရာကျွန်မမြောက်ဒဂုံမြို့နယ်၊ဘုရင့်နောင်လမ်းမှာမြေကွက်စျေးတန်လို့စရံပေးလိုက်ပါတယ်။မြေကွက်လပ်ဖြစ်ပြီး၊ဂရန်အမည်ပေါက်ဆီကဝယ်ထားတယ်လို့ပြောပါတယ်၊မြေဂရံမူရင်းနဲ့အရပ်ကတိစာချုပ်ကိုပြပါတယ်၊ဂရန...

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

ရှေ့နေမပါပဲ မြေပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုလုပ်ဝယ်မလဲ

မြေအရောင်းအဝယ်စာချုပ်တစ်ခုကို ဥပဒေနဲ့အညီ ဘယ်လိုစာချုပ်ချုပ်ဆိုကြမလဲပိုင်ဆိုင်မှုခိုင်မာအောင် စာချုပ်စာတမ်းတွေ ဘယ်လိုမှတ်ပုံတင်ကြမလဲ၊ကိုယ့်အမည်ပေါက်ဖြစ်အောင်လုပ်ကြမလဲကျွန်တော်တို့ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေနဲ့မြေကွက်တွေဝယ်တော့မယ်ဆိုရင်&n...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate