အိမ်ဌား ရှိတဲ့ အိမ် ကို ဝယ်မိရင် အဲ့ဒီ အိမ်ဌား ရဲ့ ပြုမူဆောင်ရွက်ချက်ဟာ အိမ် ဝယ်သူအပေါ်ကို အကျိုး သက်ရောက်နိုင်သလား

အိမ်ဌား ရှိတဲ့ အိမ် ကို ဝယ်မိရင် အဲ့ဒီ အိမ်ဌား ရဲ့  ပြုမူဆောင်ရွက်ချက်ဟာ အိမ် ဝယ်သူအပေါ်ကို  အကျိုး သက်ရောက်နိုင်သလား

ယခုကာလမှာ တရားရုံးကဖြစ်စေ ချိတ်ပိတ်ခံထားရသော 
ဥပဒေ နှင့် မလွတ်ကင်းသည့် ပြစ်မှု တစ်ခုခုနှင့် 
ပတ်သတ်နေသည့် အိမ် နှင့် မြေ တိုက်ခန်းကို
 မဝယ်မိစေဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ဒီပို့စ်ကို ရေးသားလိုက်ပါတယ်။ 

 

အိမ်ငှား ရှိတဲ့ အိမ် ကို ဝယ်မိရင် အဲ့ဒီ အိမ်ဌား ရဲ့
ပြုမူဆောင်ရွက်ချက်ဟာ အိမ် ဝယ်သူအပေါ်ကို 
အကျိုး သက်ရောက်နိုင်သလား

အိမ်ငှား  ရဲ့​ ဆောင်ရွက်မှုဟာ အဲ့ဒီ အိမ်ငှား ရဲ့ အပေါ်မှာဘဲ
တာဝန်ရှိပါတယ်. အိမ် ဝယ်သူ အပေါ်မှာ တာဝန်မရှိပါ။ 

သို့သော် အိမ်ငှား သက်တမ်းမကုန်မီ 
အဲ့ဒီ အိမ်ကိုလွှဲပြောင်းဝယ်ယူသူဟာ အိမ်ရှင် ဖြစ်လာတဲ့အခါ 
အိမ်ငှား မကောင်းမှုလုပ်ရင်အိမ်ရှင်မှာတာဝန်ရှိပါတယ်။


 

ငှား ထားတဲ့ အိမ်မှာ ဥပဒေ နဲ့ မလွတ်ကင်းတဲ့
ကိစ္စတွေ လုပ်ရင် အိမ်ရှင် မှာ တာဝန်ရှိသလား

ဥပဒေ နဲ့မလွတ်ကင်းတဲ့ ကိစ္စရပ်တွေကို အိမ်ငှား နေသူက 
ပြုလုပ်နေကြောင်း အိမ်ရှင်က သိလျက်နှင့် 
ဆက်လက် နေထိုင်ခွင့်ပြုရင် အိမ်ရှင်မှာ လည်းတာဝန်ရှိမှာဖြစ်ပါတယ်။

( ယခုတော့ အိမ်ရှင်သိသိ မသိသိ ဧည့်စာရင်းမတိုင်ရင် 
အဆိုပါ အိမ်ကို ပြည်သူ့ပိုင်သိမ်းမယ်လို့ အမိန့်ထုတ်ထားပါတယ်။)

ပစွည်းလွှဲပြောင်းခြင်း ဥပဒေ မှာ 
အငှား ချထားသူနဲ့ ငှား ယူသူတို့ရဲ့ 
အခွင့်အရေးတာဝန် တွေကို ပြဌာန်းထားပါတယ်။

အိမ်ငှား ဖြစ်သူက ဥပဒေနှင့်မလွတ်ကင်းသည့် ကိစ္စရပ်ကို 
ငှား ရမ်းထားတဲ့နေအိမ်မှာဘဲ ပြုလုပ်ကြောင်း 
သံသယရှိရင် အိမ်ရှင်က အ​ဆောက်အအုံအတွင်း 
ဝင်ရောက် ကြည့်ရှုခွင့်ရှိတယ်။ 

အမှန်တကယ် အိမ်ငှား ဖြစ်သူက ငှား ရမ်း နေထိုင်တဲ့ နေအိမ် မှာ 
ဥပဒေ နဲ့မလွတ်ကင်းသည့် ကိစ္စရပ်တစ်ခုခုပြုလုပ်ကြောင်း 
အိမ်ရှင်သိရင် အိမ်ရှင် /အိမ်ငှား  အဖြစ်ရပ်စဲပီး 
နေအိမ်မှ နှင်ချလိုက်သည်အထိ လုပ်ပိုင်ခွင့်ရှိပါတယ်။

အိမ်ငှား အနေဖြင့် အဆိုပါအိမ်၌

မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် ကျော်ဇောသတင်းကြောင့် 
အဖမ်းခံရသည့်အခါ သက်ဆိုင်ရာက 
အရောင်းဝယ် ပြုလုပ်သည့် အဆောက်အအုံကို 
လိုအပ်လျှင် ချိတ်ပိတ်ထားနိုင်ပါတယ်။

နစ်နာသူက ချိတ်ပိတ်ထားတဲ့ အဆောက်အအုံနဲ့ ပတ်သတ်ပြီး 
ခိုင်လုံတဲ့ အထောက်အထား တင်ပြနိုင်ရင် 
အမှု အတောအတွင်းမှာ ခံဝန်နဲ့ ချိတ်ပိတ်ထားတဲ့

ပစွည်းကို ပြန်လည် ပေးအပ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့ကြာင့် အိမ်ပိုင်ရှင်က မိမိပိုင်ဆိုင်ကြောင်း
အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ပြသရမည့်အပြင် 
အိမ်ငှား (ပြစ်မှုကျူးလွန်သူ) နှင့် လုံးဝမသက်ဆိုင်ကြောင်း
ခိုင်လုံတဲ့ အထောက်အထား ပြဖို့ လိုပါတယ်။ 

အမှုစစ်ဆေးနေတဲ့ ကာလအတွင်းမှာ အဆောက်အအုံကို 
ရောင်းချ ၊ လွှဲပြောင်း ၊ ငှား ရမ်း ၊ တစ်ပါးသူအား 
နေထိုင်ခွင့် မပြုရလို့ နည်းဥပဒေပုဒ်မ ၂၆ မှာ 
ပြဌာန်းထားတဲ့အတွက် တရားရုံးက ပိုင်ရှင်အား 
ပြန်ပေးစေလို့ ရှင်းလင်းစွာ အမိန့်မချမီ စပ်ကြား လွှဲပြောင်း ရောင်းချလို့ မရဘဲ 
ရပ်ဆိုင်း ထားရမှာ ဖြစ်ပါတယ်.
ဒါ့ကြောင့် အဆောက်အအုံကို ဝယ်မယ်ဆိုရင် သေချာစုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။

 

ထီယု(ဥပဒေအတိုင်ခံ)

ကူးယူတင်ပြပါသည်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate