'' နောက် အိမ်ထောင် ပြုလိုက် ရင် ပထမ အိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသေး သလား ''

'' နောက် အိမ်ထောင် ပြုလိုက် ရင် ပထမ အိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသေး သလား ''

 မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည် ။

'' ဘယ်လို အခြေအနေ မျိုးဖြစ်လို့လဲ ၊ ပထမ အိမ်ထောင်နဲ့ 

လက်ထက် ပွားပစ္စည်း ဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ 

ထက်ဝက်စီ အမွေဝေစု ရခွင့်ရှိပါတယ် ''

'' လက်ထက်ပွား ပစ္စည်းတော့ မဟုတ်ဘူး ၊ မိဘရဲ့အမွေကို တောင်းနေတာ ''

'' မိဘရဲ့  အမွေဆိုရင်တော့ သားသမီး အားလုံး ရပိုင်ခွင့် ရတယ်လေ ''

''ကျွန်တော် အပြောမှား သွားတယ် ဆရာရယ် ။ အဖြစ်အပျက် ကို 

ရှင်းပြဖို့ လိုသွားတယ် ''

'' ကဲ-ပြောပါဦး ၊ ဘယ်သူက ဘယ်လို အမွေတောင်း လို့လဲ ၊ ဦးမြင့်နဲ့ က 

ဘယ်လို ပတ်သက်မှု ရှိသလဲ''

''ဒီလို ဆရာသမားရယ် ၊ ကျွန်တော့် သားက အိမ်နဲ့ မြေတစ်ကွက် 

ဝယ်ဖို့ သွားကြည့်တယ် ၊ ဂရန်မြေ ဖြစ်ပြီး အမည်ပေါက် ကလည်း 

သက်ရှိ ထင်ရှားရှိတယ် ''

 

''ဒါဆိုရင် ဘာအခက်အခဲ ရှိနေလို့လဲ ။ အမည်ပေါက် ကိုယ်တိုင် 

အရောင်း စာချုပ်ချုပ် ဆိုရတာပဲ ''

''ဟုတ်ပါတယ် ။ ရှင်းတယ်ဆိုပြီး ဝယ်ဖို့ဆုံးဖြတ် စရန်ငွေ ပေးလိုက်တာပေါ့ ''

'' ကန့်ကွက်သူ ပေါ်လာလို့လား ''

''ဟုတ်တယ် ။ ချွေးမလုပ်သူက ကန့်ကွက်လာတာဗျ''

''ချွေးမလုပ်သူက ယောက္ခမမှ မကွယ်လွန်သေးတာ ဘယ်လိုကန့် ကွက်မလဲ ''

''နောက် အိမ်ထောင် လည်းပြု ထားတယ် ။ အဲဒါ သူလည်း ရပိုင်ခွင့် 

 ရှိပါတယ်ဆိုပြီး ကန့်ကွက်တာပဲ''

''နောက် အိမ်ထောင် မပြုမီက ဘယ်မှာနေသလဲ ''

''အခု ရောင်းမယ်ဆိုတဲ့ ယောက္ခမ အိမ်မှာနေတယ် ''

'' သားသမီး မကျန်ခဲ့ ဘူးလား ။ သားသမီး ကျန်ရင်လည်း အမွေမမီ

 မြေးအဖြစ် အဘွားကွယ်လွန်မှ ရပိုင်ခွင့် ရှိမှာဖြစ်တယ် ။ 

 

ဒါနဲ့ လင်ယောက်ျား ဘက်က မောင်နှမ ဘယ်နှယောက် ရှိလဲ''

'' သားသမီးလည်း မကျန်ခဲ့ဘူး ။ နောက်အိမ်ထောင် လည်းပြုသွားတယ် 

ဆိုတော့ ယောက္ခမ ဘက်ကတော့ သူနဲ့ ဘာမှ မပတ်သက်ဘူး လို့ပြောတာပဲ ။ 

ကျွန်တော် ကြားဖူးတာက အမွေရှင် မိဘထက်စောပြီး သားသမီးက 

ကွယ်လွန်ခဲ့ရင် ကျန်ခဲ့တဲ့ ချွေးမ သားမက်က အမွေရခွင့် မရှိဘူးဆိုတာ 

ဟုတ်ပါသလား''

'' မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ မြန်မာ ဗုဒ္ဓဘာသာဝင် တွေဖြစ်ခဲ့ 

ရင်တော့ ဦးမြင့် ပြောသလို အမွေ ဆက်ခံတဲ့ သားသမီးလည်း မရှိ ။ 

မိဘတွေ ထက်လည်း စောပြီး ကွယ်လွန်ခဲ့ ရင်တော့ ကျန်တဲ့ ဇနီး ၊ ခင်ပွန်းဟာ 

ယောက္ခမတွေထံက အမွေရ ခွင့်မရှိဘူး ။ အခုကိစ္စက 

သားဖြစ်သူက သားသမီး မထွန်းကားခဲ့တော့ မိခင်ကွယ် လွန်မှ 

ဒီကိစ္စ စဉ်းစားရမှာ ဖြစ်တယ် ။ လင်ယောက်ျားဘက်က မောင်နှမ တွေက 

ဘာပြောကြသေးလဲ ''

 

'' လင်ယောကျာ်း ဘက်က မောင်နှမ သုံးယောက် ရှိတယ် ။ ကွယ်လွန်သွားတာက 

သားအကြီးဆုံး ဖြစ်တယ် ''

'' သြော်- ဒါကြောင့် ချွေးမဖြစ်သူက သြရသသားရဲ့ အမွေကို ရပိုင်ခွင့် 

ရှိတယ်လို့ ကန့်ကွက်တာ ဖြစ်မယ် ။ သတင်းစာ မပါလာ ဘူးလား ''

'' ရုတ်တရက် ထွက်လာတော့ ကန့်ကွက် သတင်းစာ မပါလာ ခဲ့ဘူးဗျာ ။ 

ဒါပေမယ့် ဆရာပြောမှ သတိရ တယ် ။ သြရသနဲ့  ဇနီးဖြစ်လို့ ရပိုင်ခွင့်

 ရှိတယ်ဆိုပြီး ကန့်ကွက်တာဆရာ ''

'' သြရသသားရဲ့ အခွင့်အရေး ကတော့ မဆုံးရှုံးဘူး ပေါ့ဗျာ''

''သြရသရဲ့ အခွင့်အရေးဆိုတာ ဘာကို ပြောတာလဲ ဆရာ ''

''သြရသ အခွင့်အရေး ဆိုတာ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ သီးခြား 

အခွင့်အရေး ပေးထားတာ ဖြစ်တယ် ။ အကြီးဆုံးသားက ဖခင်ကွယ် 

လွန်သွားပြီး မိခင်ကျန်ခဲ့ရင် ဖြစ်စေ အကြီးဆုံးသမီးက မိခင်ကွယ်လွန်ပြီး 

 တောင်းပိုင်ခွင့်ရှိတယ်လို့ ဥပဒေ မှာ ပြဋ္ဌာန်းထားတယ် ''

 

''အခုကိစ္စက သြရသသားဖြစ် သူရဲ့ ဇနီးဖြစ်ပေမယ့် နောက်အိမ် 

ထောင်ပြုထားတော့ ရပိုင်ခွင့်ရှိပါ သေးလား''

'' နောက် အိမ်ထောင် ပြုတယ်ဆို တာက လင်မယား ကွာရှင်းပြီး 

နောက် အိမ်ထောင်ပြု ထားတာလား ။ လင်ယောကျာ်း ကွယ်လွန်ပြီးမှ 

နောက်အိမ် ထောင်ပြု သလားဆိုတာ စဉ်းစားရပါ တယ် ''

'' လင်ယောကျာ်း မကွယ်လွန်မီမှာ လင်မယား ကွာရှင်းပြီးမှ နောက်အိမ်ထောင်

 ပြုခဲ့တယ် ဆိုရင်တော့ ယောက္ခမပိုင် အမွေပစ္စည်း ပေါ်မှာ ရပိုင်ခွင့် မရှိဘူးပေါ့ ''

'' မှန်ပါတယ် ။ လင်ယောက်ျားနဲ့ ကွာရှင်းပြီး ပစ္စည်းခန်း မခွဲဝေရသေးဘူး 

ဆိုရင်လည်း လင်ယောက်ျား နဲ့အတူ လက်ထက်ပွား ပစ္စည်းသာ 

ဥပေဒအရ ခွဲဝေရခွင့် ရှိပါတယ် ။ ယောက္ခမ ပိုင်ပစ္စည်းကိုတော့ 

ရပိုင်ခွင့် မရှိတော့ပါဘူး ''

 

''ပြောစကား အရတော့ လင် ယောက်ျား ကွယ်လွန် ပြီးနောက်ပိုင်း မှာလည်း 

ယောက္ခမနဲ့ အတူနေ သေးတယ် ပြောတယ် ။ တစ်နှစ်လောက် ကြာမှ 

နောက်အိမ်ထောင် ပြုတယ်လို့ ပြောပါတယ် ''

'' ဒါဆိုရင်တော့ လင်ယောက်ျားရဲ့  သြရသ အခွင့်အရေးကို သူကရပိုင် 

ခွင့်ရှိသွားပြီ ဖြစ်တယ် ''

'' ဘယ်လိုပဲ ဖြစ်ဖြစ် ခွဲပေးရမယ့် သဘော ဖြစ်နေတာပေါ့ ''

'' ဥပဒေ အရတော့ ခံစားခွင့်ရှိ သွားပြီဖြစ်တယ် ''

'' ဒါပေမယ့်ဗျာ ၊ နောက်အိမ် ထောင်နဲ့ ခံစားရမယ် ဆိုတော့လည်း အဘွားကြီးက 

မပေးချင် ဘူးပေါ့ ။ ဒါ ကြောင့် မရောင်းတော့ဘူး လို့လည်း ပြောပြန်တယ် ''

'' ဦးမြင့်ကို ရှင်းအောင် ပြောပြရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်စန်းလွင်နှင့် 

ဒေါ်သန်းသန်း ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၂၉ အမှုမှာ 

သားဖြစ် သူသည် အိမ်ထောင်ကျ ပြီးနောက် မိဘများနှင့်အတူ ဇနီးဖြစ်သူနှင့် 

နေထိုင်ခဲ့ ကြသည် ။ ဖခင် ကွယ်လွန်ပြီး နောက်ပိုင်း တွင်လည်း မိခင်နှင့်အတူ 

နေထိုင်ခဲ့သည် ။ လင်ယောက်ျားကွယ် လွန်ပြီး နောက်တွင်လည်း ချွေးမဖြစ် 

သူသည် ယောက္ခမ နှင့်အတူနေပြီး သုံးလအကြာမှ နောက် အိမ်ထောင်ပြု ခြင်း

ဖြစ်သည် ။ တစ်နည်း ဆိုရသော် ချွေးမဖြစ်သူသည် ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ ရရှိခံစားရမည့် 

အခွင့်အရေးကို ဆက်ခံရရှိပြီးမှ နောက်အိမ် ထောင်ပြုခြင်း ဖြစ်သည် ။ 

 

တရားစွဲဆို ချိန်တွင် နောက်အိမ်ထောင် ပြုပြီး ဖြစ်သည့် ချွေးမသည် ကွယ်လွန်သူ 

လင်၏ သြရသ အခွင့်အရေးကို ဆက်ခံပြီး ယောက္ခမထံမှ အမွေတောင်းခွင့် ရှိသည်လို့ 

ဆုံးဖြတ် ထားပါတယ်''

''ဒါဆိုရင် ဒီကိစ္စမှာလည်း ချွေးမက ဝေစု ရနိုင်တယ်ပေါ့ ''

'' မှန်ပါတယ် ။ သြရသ အခွင့်အရေးအရ အမွေဝေစု လေးပုံတစ်ပုံရ  ခွင့်ရှိပါတယ် ''

'' အဘွားကြီးက မရောင်းတော့ ဘူးဆိုရင် ဘာဖြစ်နိုင်သလဲ ''

'' အမှုအခင်း ဖြစ်ပြီး အမွေရလိုမှု တရားစွဲ ဆိုတာတွေ ဖြစ်နိုင်တယ် ။ 

နှစ်ဦး နှစ်ဖက် ညှိနှိုင်းလို့ အဆင်ပြေရင် ဆက်ပြီးငွေချေပါ ။ ညှိနှိုင်းမှု အဆင် 

မပြေရင်တော့ စရန်ငွေ ပြန်ယူလိုက် တာကကောင်းမယ် ''ဟု 

အကြံပြု  လိုက်ပါသည် ။

 

Credit: ထီယု ( ဥပဒေ အတိုင်ပင်ခံ )

 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate