အရောင်းအဝယ်စာချုပ်...

 အရောင်းအဝယ်စာချုပ်...
စာချုပ်စာတမ်းများမှတ်ပုံတင်ရန်အတွက် တင်ပြသည့်စာချုပ်စာတမ်းနှင့်အတူလိုအပ်သည့်မူရင်းစာရွက်စာတမ်းများ...................................................
 အရောင်းအဝယ်စာချုပ်..... 
.................................
(က) ရောင်းသူ/ဝယ်သူနှင့် သက်သေများမှ လက်မှတ်များပြည့်စုံစွာရေးထိုးထားပြီး တံဆိပ်ခေါင်းခွန်ဥပဒေအရ ကပ်နှိပ်ထမ်းဆောင်ပြီးသော အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း(၁၂၀) အတွင်းသတ်မှတ်ထားသည့်လျှောက်လွှာပုံစံတွင်ရုံးခွန်တံဆိပ်ခေါင်း(၁၀၀)ကျပ်တန်ကပ်နှိပ်၍စာချုပ်ချုပ်ဆိုသူတဦးဦးမှ ကိုယ်တိုင်လာရောက်ရေးထိုးပြီး လျှောက်ထားရမည်
(ခ) ရောင်းသူဝယ်သူနှင့်သက်သေများ၏နိုင်ငံသားစိစစ်ရေးကဒ်(သို့မဟုတ်) မှတ်ပုံတင်ကဒ်(၎င်းကဒ်များပျောက်ဆုံးပျက်ဆီးပါကသက်ဆိုင်ရာမြို့နယ်လဝကဦးစီးဌာနမှူး၏ထောက်ခံချက်)  မူရင်းနှင့်မိတ္တူပူးတွဲတင်ပြ၍လူကိုယ်တိုင်လာရောက်ရပါမည်
(ဂ) ရောင်းချသည့်မရွှေ့မပြောင်းနိုင်သောပစ္စည်းအားရောင်းချသူမှ လက်ဝယ်ပိုင်ဆိုင်လျှက်ရှိကြောင်း အထောက်အထားဖြစ်သည့် ဂရန်မူရင်း(သို့မဟုတ်) ဂရန်မူရင်းနှင့်အဆက်အစပ် 
စာချူပ်စာတမ်းမူရင်းနှင့်မိတ္တူယူဆောင်တင်ပြနိုင်ရမည်
(ဃ) 
အရောင်းအဝယ်စာချုပ်တွင် ရောင်းချသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာကိုဖော်ပြသည့် သက်ဆိုင်ရာဌာနမှ တစ်နှစ်အတွင်း အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် ထုတ်ပေးသောမြေပုံ(၂) ပုံနှင့် မြေရာဇဝင် ပူးတွဲတင်ပြရပါမည်
(င) 
စာချုပ်ပါ အရောင်းအဝယ်ပြုလုပ်သည့် မရွှ့မပြောင်းနိုင်သော ပစ္စည်းစာရင်းအားသက်ဆိုင်ရာကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ထားသည့်တန်ဖိုးငွေအပေါ် တံဆိပ်ခေါင်းခွန်|ဝင်ငွေခွန် ထမ်းဆောင်ပြီးကြောင်းသက်ဆိုင်ရာ အခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြနိုင်ရမည်
(စ) 
ရောင်းသူ/ဝယ်သူများ ကိုယ်စား ၎င်းတို့မှ လွှဲအပ်မှတ်ပုံတင်ထားသော ကိုယ်စားလှယ်လွှဲစာရရှိသူမှ ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပေးရန် လျှောက်ထားခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲအပ်သူ ရောင်းသူ(သို့မဟုတ်) ဝယ်သူများ သက်ရှိထင်ရှားရှိကြောင်းနှင့် ၎င်းကိုယ်စားလှယ်လွှဲစာကို ရုပ်သိမ်းခြင်းမရှိကြောင်း အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ရမည်
လိုအပ်ပါက သက်ဆိုင်ရာတရားရုံးတွင် ကျိမ်ဆိုထားသော တရားရုံး ကျမ်းကျိမ်လွှာ  စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်  ကိုယ်စားလှယ်လွှဲစာ မရုတ်သိမ်းသေးကြောင်းစိစစ်ချက် ပူးတွဲတင်ပြနိုင်ရမည်
  Crd
ဆက်လက်ဖော်ပြပါမည်

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate