စားကျက်မြေကို အရောင်းအဝယ် ပြုလုပ်ရာတွင်

စားကျက်မြေကို အရောင်းအဝယ် ပြုလုပ်တဲ့အတွက် ရောင်းသူဝယ်သူ နှစ်ဘက်စလုံး မြေမပိုင် ငွေကုန် အချိန်ကုန် လူပင်ပန်း စိတ်သောကရောက် ဖြစ်ကြရတဲ့ နမူနာတစ်ခု လေ့လာနိုင်အောင် တင်ပြလိုက်ပါတယ်။
{{ အရောင်းအဝယ်ပြုလုပ်သော မြေသည် စားကျက်မြေဖြစ်ကြောင်း ထင်ရှားပေါ်ပေါက်၍ အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ချုပ်ဆို၍ ရနိုင်မည်မဟုတ်ပေ။ ရောင်းသူသည် အချင်းဖြစ် မြေကွက်ကို တရားဝင် ပိုင်ဆိုင်ခွင့်မရှိသောကြောင့် ရောင်းချပိုင်ခွင့် ရှိမည်မဟုတ်ပေ။
မြေကွက်ကို အရောင်းအဝယ် ပြုလုပ်ကြရာတွင် အရောင်းအဝယ်စာချုပ် (ပဋိညာဥ်) အပိုဒ် (ဂ) တွင် ကျန်ငွေကျပ်သိန်း ၁၀၀ တိတိ ပေးချေရမည်နေ့တွင် ရောင်းသူသို့ ဝယ်သူဘက်မှ ငွေပေးချေရန် ပျက်ကွက်ပါက ပေးချေထားသည့်စရန်ငွေ သိန်း ၂၀၀ တိတိကို အဆုံးခံရမည်ဖြစ်ပြီး ဝယ်သူက ကျန်ငွေပေးချေသည့်နေ့တွင် ရောင်းသူဘက်မှ ခြံမြေကို လက်ရောက်ပေးအပ်ရမည်ဖြစ်ပြီး ပေးအပ်ခြင်းမပြုနိုင်ပါက စရန်ငွေ ၂ ဆ၊ ကျပ်သိန်း ၄၀၀ တိတိကို ဝယ်သူသို့ ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်း ရောင်းသူမှဝန်ခံကတိပြုပါသည်ဟု ပါရှိသည်။
သို့သော် လယ်ယာမြေဥပဒေပုဒ်မ ၃ (ဃ) အရ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ကြောင်း၊ ပုဒ်မ ၃၃ တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကသော်လည်းကောင်း၊ ဤကိစ္စအလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်သော အာဏာပိုင်ကသော်လည်းကောင်း၊ အခြားနည်းအမိန့် ဆင့်ဆိုသည်မှတစ်ပါး ကျွဲ၊ နွား၊ စားကျက်များနှင့် ရွာဘုံမြေများကို မပျက်စီးစေဘဲ ဆက်လက်ထားရှိရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် အချင်းဖြစ်မြေကို ရောင်းသူ ဝယ်သူတို့အနေဖြင့် ပိုင်ဆိုင်ခွင့်မရှိနိုင်ကြောင်း ထင်ရှားပေါ်ပေါက်နေပေသည်။ သို့ဖြစ်၍ ပဋိညာဉ်စာချုပ်အတိုင်း စရန်ငွေကျပ်သိန်း ၂၀၀ ၏ ၂ ဆဖြစ်သော ငွေကျပ်သိန်း ၄၀၀ ကို စရိတ်နှင့်တကွ ပေးအပ်စေရန် ချမှတ်သောအမိန့်ကို အတည်ပြု၍ အချင်းဖြစ် ခြံမြေကွက်အား ပြန်လည်ပေးအပ်စေရန် ချမှတ်သည့် အမိန့်အား ပယ်ဖျက်လိုက်သည်။}} လေ့လာကြည့်ပါ။
Credit ဆရာမျိုးမင်းထွန်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
Photo Credit အများပြည်သူလေ့လာနိုင်ရန် စီရင်ထုံးများ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate