ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ

15-Aug-21 အခြား
ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ
လူတိုင်းသိသင့်တဲ့ ရဲလုပ်ထုံးလုပ်နည်းများကို ဖော်ပြလျက်ရှိရာ ယခုတစ်ကြိမ်တွင် ရဲများက အိမ်တွင်းသို့ ဝင်ရောက်ကာ ရှာဖွေဖမ်းဆီးခြင်း ပြုလုပ်ပါက မည်သို့ တုံ့ပြန်ရမည်ကို ဖော်ပြလိုပါတယ်။
အိမ်ထဲမဝင်မီ ရဲအနေနဲ့ သူ့မှာ လုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထားနဲ့အတူ ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။အိမ်ရှင်အနေနဲ့ ရဲကို တံခါးမဖွင့်ပေးမီ ရှာဖွေဝရမ်း ပါ၊ မပါ မေးရပါမယ်။ မပါလျှင် ရဲအရေးပိုင်တဲ့ အမှု ဟုတ်မဟုတ် သေချာစွာ မေးမြန်းထားဖို့ လိုအပ်ပါတယ်။ ဘာအမှုနဲ့ ရှာမလဲ၊ တိုင်တန်းချက် ရှိလား၊ တိုင်တန်းထားတာ မရှိဘူးလား စသဖြင့် မေးရပါမယ်။ ပြီးတော့ ဘာပစ္စည်းကို ရှာမလဲဆိုတာ မေးရပါမယ်။
လာရောက်ပြီး ရှာမယ့် သူများရဲ့ အမည်၊ ရာထူးနဲ့ အဖွဲ့အစည်း နာမည်များကို သေချာစွာ မေးမြန်း မှတ်သားထားရပါမယ်။ ရဲများက အခြားတစ်နေရာမှာ နေထိုင်တဲ့ သူတို့နဲ့ ပတ်သက်တဲ့ သူများကို သက်သေအနေနဲ့ ခေါ်လာတာမျိုး ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။
ပါလာတဲ့ သက်သေ (၂) ဦးဟာ အနီးပတ်ဝန်းကျင်က လူများသာ ဖြစ်ရမှာကြောင့် ရဲကို အိမ်နဲ့ အနီးအနားမှာ နေထိုင်သူများကိုသာ သက်သေအဖြစ် ခေါ်ဖို့ ပြောရပါမယ်။တံခါးဖွင့်ပြီးနောက်မှာ အိမ်ရှင်အနေနဲ့ သေချာအောင် လုပ်ရမယ့် ကိစ္စများ ရှိပါတယ်။ အိမ်အတွင်း ပေးမဝင်မီ ရဲနဲ့ သက်သေ (၂) ဦးကို သူတို့ချင်း တစ်ယောက်ရဲ့ ကိုယ်ခန္ဓာကို ကျန်တစ်ယောက်က ရှာဖွေခိုင်းရပါမယ်။အဘယ့်ကြောင့်ဆိုသော် မသမာသောနည်းနဲ့ အပြင်ကနေ ဝှက်ယူလာတဲ့ ပစ္စည်းများ မရှိကြောင်းသေချာစေဖို့ ဖြစ်ပါတယ်။
ရဲများအနေနဲ့ အဲဒီလို အိမ်တွင်း ဝင်ရောက် ရှာဖွေခြင်းကို အိမ်ရှင်များရဲ့ ရှေ့မှာပဲ ပြုလုပ်ရပါမယ်။ အိမ်ရှင်များအနေနဲ့ သူတို့ ရှာဖွေတာကို လိုက်လံ ကြည့်ရှုခွင့် ရှိပါတယ်။ သူတို့ လုပ်သမျှကို လိုက်ကြည့်နေဖို့ အထူးအလေးပေး တိုက်တွန်းလိုပါတယ်။
ရဲကပြောတဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းခွင့် မရှိပါဘူး။ မသိမ်းဖို့ ပြောရပါမယ်။တကယ်လို့ အမှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရှိဖွေတွေ့ရှိပါက ရှာဖွေပုံစံ ဇယားများပေါ် ရဲက အပြည့်အစုံ ရေးသွင်းရပါမယ့် တာဝန်ရှိပါတယ်။ပစ္စည်းတွေ့ရှိတဲ့ နေရာအသီးသီးကို ဖော်ပြရေးသား ရပါမယ်။
အကြောင်းအရာများကိုလည်း ရဲက အမှန်အတိုင်း ရေးမှတ်ရပါမယ်။မပြည့်စုံပါက၊ မမှန်ကန်ပါက ရဲကို အိမ်ရှင်ဘက်က ပြောရပါမယ်။ ပစ္စည်းများ သိမ်းဆည်းပြီဆိုတာနဲ့ ရှာဖွေပုံစံကို ရဲက ရေးဖြည့်၊ မဖြည့် သေချာအောင် အိမ်ရှင်က လိုက်ကြည့်နေရပါမယ်။ ပြောမရပါက ရှာဖွေပုံစံမှာ လက်မှတ် မထိုးဘဲ နေနိုင်ပါတယ်။ရဲများကို လိုအပ်သလို နှုတ်နဲ့ ကန့်ကွက်ခြင်း၊ စောဒကတက်ခြင်းများ အိမ်ရှင်ဘက်က ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။ ရှာဖွေပုံစံ မိတ္တူကို ပစ္စည်းအပ်ပေးသူအား ရဲက ပေးထားရပါမယ်။ ပေးပြီးမှသာ ပစ္စည်းကို သိမ်းယူသွားခွင့် ရှိပါတယ်။
အခြားဒေသက ရဲများ ဝင်ရောက်ရှာဖွေသိမ်းဆည်းခြင်းပြုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှူးထံသို့ ရှာဖွေတဲ့အကြောင်းကြားစာ ချက်ချင်း ပို့ဖို့ လိုအပ်ပါတယ်။ အဲဒီအကြောင်းကြားစာမှာ သိမ်းဆည်း ပစ္စည်းစာရင်း မိတ္တူကို တပါတည်း ပေးပို့ရပါမယ်။
Ref; ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေအခြေခံများ
Photo (google)
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate