ရဲများက အိမ်တွင် ဝင်ရောက် ရှာဖွေ ဖမ်းဆီးခြင်း ပြုလုပ်ပါက အိမ်ရှင်များ သိသင့်သည့် အချက်များ
လူတိုင်း သိသင့်တဲ့ ရဲလုပ်ထုံး လုပ်နည်းများကို ဖော်ပြလျက်ရှိရာ ယခု တစ်ကြိမ်
တွင် ရဲများက အိမ်တွင်းသို့ ဝင်ရောက်ကာ ရှာဖွေ ဖမ်းဆီးခြင်း ပြုလုပ်ပါက
မည်သို့ တုံ့ပြန်ရမည်ကို ဖော်ပြလိုပါတယ် ။ အိမ်ထဲမဝင်မီ ရဲအနေနဲ့ သူ့မှာ
လုပ်ပိုင်ခွင့် ရှိကြောင်း အထောက်အထား နဲ့အတူ ဦးစွာ ရှင်းပြဖို့ တာဝန်ရှိပါ
တယ် ။ အိမ်ရှင်အနေနဲ့ ရဲကို တံခါး မဖွင့်ပေးမီ ရှာဖွေ ဝရမ်းပါ ၊ မပါ မေးရ
ပါမယ် ။ မပါလျှင် ရဲအရေးပိုင်တဲ့ အမှု ဟုတ်မဟုတ် သေချာစွာ မေးမြန်း
ထားဖို့ လိုအပ်ပါတယ် ။ ဘာအမှုနဲ့ ရှာမလဲ ၊ တိုင်တန်းချက် ရှိလား ၊ တိုင်တန်း
ထားတာ မရှိဘူးလား စသဖြင့် မေးရပါမယ် ။ ပြီးတော့ ဘာပစ္စည်းကို
ရှာမလဲဆိုတာ မေးရပါမယ် ။လာရောက်ပြီး ရှာမယ့် သူများရဲ့ အမည် ၊
ရာထူးနဲ့ အဖွဲ့အစည်း နာမည်များကို သေချာစွာ မေးမြန်း မှတ်သားထား
ရပါမယ် ။ ရဲများက အခြားတစ်နေရာမှာ နေထိုင်တဲ့ သူတို့နဲ့ ပတ်သက်တဲ့
သူများကို သက်သေ အနေနဲ့ ခေါ်လာတာမျိုး ဖြစ်လေ့ ဖြစ်ထ ရှိတတ်
ပါတယ် ။
ပါလာတဲ့ သက်သေ ( ၂ ) ဦးဟာ အနီးပတ်ဝန်း ကျင်က လူများသာ ဖြစ်ရမှာ ကြောင့်
ရဲကို အိမ်နဲ့ အနီးအနားမှာ နေထိုင်သူများကိုသာ သက်သေအဖြစ် ခေါ်ဖို့ပြော
ရပါမယ် ။ တံခါးဖွင့်ပြီးနောက်မှာ အိမ်ရှင်အနေနဲ့ သေချာအောင် လုပ်ရမယ့် ကိစ္စများ
ရှိပါတယ် ။ အိမ်အတွင်း ပေးမဝင်မီ ရဲနဲ့ သက်သေ ( ၂ ) ဦးကို သူတို့ချင်း တစ်ယောက်ရဲ့
ကိုယ်ခန္ဓာကို ကျန်တစ်ယောက်က ရှာဖွေ ခိုင်းရပါမယ် ။ အဘယ့်ကြောင့် ဆိုသော်
မသမာသော နည်းနဲ့ အပြင်ကနေ ဝှက်ယူလာတဲ့ ပစ္စည်းများ မရှိကြောင်း သေချာစေဖို့
ဖြစ်ပါတယ် ။ ရဲများအနေနဲ့ အဲဒီလို အိမ်တွင်း ဝင်ရောက် ရှာဖွေခြင်းကို အိမ်ရှင်များရဲ့
ရှေ့မှာပဲ ပြုလုပ်ရပါမယ် ။ အိမ်ရှင် များအနေနဲ့ သူတို့ ရှာဖွေတာကို လိုက်လံ ကြည့်ရှုခွင့်
ရှိပါတယ် ။ သူတို့ လုပ်သမျှကို လိုက်ကြည့်နေဖို့ အထူးအလေးပေး တိုက်တွန်း လိုပါ
တယ် ။ ရဲကပြောတဲ့ အမှုနဲ့ မသက်ဆိုင်တဲ့ ပစ္စည်းများကို သိမ်းဆည်းခွင့် မရှိပါဘူး။
မသိမ်းဖို့ ပြောရပါမယ် ။ တကယ်လို့ အမှုနဲ့ သက်ဆိုင်တဲ့ ပစ္စည်းများ ရှိဖွေတွေ့ရှိပါက
ရှာဖွေပုံစံ ဇယားများပေါ် ရဲက အပြည့်အစုံ ရေးသွင်းရပါမယ့် တာဝန်ရှိပါတယ် ။
ပစ္စည်းတွေ့ရှိတဲ့ နေရာ အသီးသီးကို ဖော်ပြရေးသား ရပါမယ် ။ အကြောင်းအရာ များကို
လည်း ရဲက အမှန်အတိုင်း ရေးမှတ် ရပါမယ် ။မပြည့်စုံပါက၊ မမှန်ကန်ပါက ရဲကို အိမ်ရှင်
ဘက်က ပြောရပါမယ် ။ ပစ္စည်းများ သိမ်းဆည်းပြီဆိုတာနဲ့ ရှာဖွေပုံစံကို ရဲက ရေးဖြည့် ၊
မဖြည့် သေချာအောင် အိမ်ရှင်က လိုက်ကြည့် နေရပါမယ် ။ ပြောမရပါက ရှာဖွေပုံစံမှာ
လက်မှတ် မထိုးဘဲ နေနိုင်ပါတယ် ။ ရဲများကို လိုအပ်သလို နှုတ်နဲ့ ကန့်ကွက်ခြင်း ၊ စောဒက
တက်ခြင်းများ အိမ်ရှင်ဘက်က ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။ ရှာဖွေပုံစံ မိတ္တူကို ပစ္စည်းအပ်
ပေးသူအား ရဲက ပေးထား ရပါမယ် ။ ပေးပြီးမှသာ ပစ္စည်းကို သိမ်းယူသွားခွင့် ရှိပါတယ် ။
အခြားဒေသက ရဲများ ဝင်ရောက် ရှာဖွေ သိမ်းဆည်းခြင်း ပြုတဲ့အခါ သက်ဆိုင်ရာ ရဲစခန်းမှူး
ထံသို့ ရှာဖွေတဲ့ အကြောင်းကြားစာ ချက်ချင်း ပို့ဖို့ လိုအပ်ပါတယ် ။ အဲဒီ အကြောင်း
ကြားစာမှာ သိမ်းဆည်း ပစ္စည်းစာရင်း မိတ္တူကို တပါတည်း ပေးပို့ရပါမယ် ။
Ref; ပြည်သူလူထု သိမှတ်ဖွယ်ရာ ရဲလက်စွဲ ဥပဒေအခြေခံများ
Photo (google)
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...