Advertise here!

တာပေါ်ကိုရေလျှံလို့မရဘူး

15-Aug-21 အခြား

အားလုံးသိကြတဲ့အတိုင်း အခု ည (၈) နာရီသတင်းမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ် လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေးဥပဒေ အတို ကောက်ဆို နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။ နိုင်လွတ်လုံကို ပြင်ပြီး လူတွေကိုတစ်ကွက်ပြမယ်ဆိုပြီး တေးထားပုံရပါတယ်။ အရမ်းစိတ်မပူပါနဲ့ နိုင်လွတ်လုံကို ပြင်ဆင်ရင်တောင် မြန်မာနိုင်ငံရဲ့မြောက်များစွာသော ဥပဒေတွေမှာ ပြည်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ အချက်တွေအများကြီးပါ။ နိုင်လွတ်လုံ ဆိုတဲ့ ဥပဒေက တကယ်တော့ ရှိပြီးသားဥပဒေတွေထဲက ပုဒ်မတွေကို ပိုပြီး အလေးနက်ထား အသက်ဝင်အောင် ရေးဆွဲထားတာပါ။

စစ်အစိုးရကိုယ်တိုင်က ဘယ်တော့မှ သူတို့အနေနဲ့ကျော်ပြီးမလုပ်ပါဘူးလို့ ကြွေးကြော်ထားတဲ့ ဥပဒေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ။ အခုသူတို့ ပြောတဲ့ ခေတ္တရပ်ဆိုင်းထားပါတယ်ဆိုတဲ့ အချက်တွေထဲက အချို့ကို ဖွဲ့စည်းခုံ အခြေခံ ဥပဒေမှာကာကွယ်ထားပေးပြီးသားပါ။

၁။ ပထမဦးဆုံး အနေနဲ့ နိုင်လွတ်လုံရဲ့ ပုဒ်မ ၇ မှာမည်သူကိုမဆို ၂၄ နာရီထပ်ပို၍ ချုပ်နှောင်ခွင့်မရှိ။ ဒါကို ရပ်လိုက်တယ်။ ရတယ် ဘာမှမဖြစ်ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၂၁(ခ) မှာ "မည်သူကိုမဆိုတရားရုံးရဲ့ ခွင့်ပြုချက်မရပဲ ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ခြင်းမရှိစေရ" ။ ဆိုလိုတာ ၂၄ နာရီထက်ပိုပြီး ချုပ်နှောင်ခဲ့ရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖီဆန်ပြီး လုပ်ဆောင်တာဖြစ်သွားပါပြီ။

နောက်တစ်ချက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၆၁ မှာ လူတစ်ယောက်ဟာ လူသတ်မှု မုဒိမ်းမှု ဓားပြမှု ခိုးမှု လိုမျိုး ပြစ်မှုကြီးကျူးလွန်တာ မဟုတ်ရင် တရားသူကြီးရဲ့အမိန့်မပါဘဲ ၂၄ နာရီထက် ပိုပြီး ဖမ်းထားလို့မရပါဘူး။ ဒီအချက်တွေနဲ့ မပြည့်စုံပါပဲ ဖမ်းစီးဖို့ဆက်ကြိုးစားမယ်ဆိုရင်တော့ မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ ရဲအရာရှိကို ပြန်ပြီး တရားစွဲပိုင်ခွင့်ရှိပါတယ်။

၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၇ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မတွေကို မဆန့် ကျင်သေးသ၍ နိုင်ငံတော်ဟာ နိုင်ငံသားတိုင်းရဲ့ နေအိမ်ဥပစာ လုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာ ပေးစာယူ၊ အခြားဆက်သွယ်ရေး ဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရကာကွယ်ပေးရမယ်။ အဲ့ဒီတော့ ဆိုလိုချင်တာက နိုင်လွတ်လုံက ပုဒ်မ ကို ရပ်ဆိုင်းလိုက်တာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆို အပေါ်ကအရာတွေကို နိုင်ငံတော်က ကာကွယ်ပေးရမှာဖြစ်တဲ့အတွက် ဒီအချက်တွေကို ကျူးလွန်တဲ့လူတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖီဆန်ပြီးလုပ် ဆောင်တာသာဖြစ်တယ်။ 

၃။ ခွင့်ပြုချက်မရှိပဲ ကိုယ့်ခြံ (သို့) အိမ်ကိုကျော်လာမယ်။ ဟိုနေ့ကလို တာဝန်အရပါဆိုပြီး ခုန်ကျော်ဝင်လာပြီး လုံလောက်တဲ့ အကြောင်းပြချက်တစ်စုံတစ်ရာမပေးနိုင်ဘူးဆိုရင်တော့ ရဲအရှိဖြစ်နေသည့်တိုင် ရာဇသတ်ကြီး ပုဒ်မ ၄၄၁ အရ နေအိမ်မှာရှိနေတဲ့ သူတစ်ဦးတစ်ယောက်ကို ချောက်လှန့်ရန်၊ စော်ကားရန်၊ စိတ်ငြိုငြင်မှုဖြစ်စေရန် ရည်ရွယ်ပြီး ကျော်ဝင်လာလို့ ရာဇဝတ်မကင်းသောကျော်နင်းမှုနဲ့ တရားစွဲနိုင်ပါတယ်။

လရောင်လင်း

Credit-OriginalUploder

 

 

Related Posts

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate