တာပေါ်ကို ရေလျှံလို့ မရဘူး

15-Aug-21 အခြား

         အားလုံး သိကြတဲ့ အတိုင်း အခုည ( ၈ ) နာရီသတင်းမှာ 

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ဆိုင်ရာ 

လုံခြုံမှုကို ကာကွယ်ရေး ဥပဒေ အတိုကောက်ဆို နိုင်လွတ်လုံ 

ဥပဒေကို ပြင်ဆင် လိုက်ပါတယ် ။ နိုင်လွတ်လုံကို ပြင်ပြီး 

လူတွေကို တစ်ကွက်ပြမယ် ဆိုပြီး တေးထား ပုံရပါတယ် ။ 

အရမ်းစိတ် မပူပါနဲ့ နိုင်လွတ်လုံကို ပြင်ဆင်ရင်တောင် မြန်မာနိုင်ငံရဲ့ 

မြောက်များစွာသော ဥပဒေတွေမှာ ပြည်သူတွေရဲ့  အခွင့်အရေးကို 

ကာကွယ်ပေးထားတဲ့ အချက်တွေ အများကြီးပါ ။ နိုင်လွတ်လုံ 

ဆိုတဲ့ ဥပဒေက တကယ်တော့ ရှိပြီးသားဥပဒေတွေထဲက ပုဒ်မတွေကို 

ပိုပြီး အလေးနက်ထား အသက်ဝင်အောင် ရေးဆွဲ ထားတာပါ ။

 

         စစ်အစိုးရ ကိုယ်တိုင်က ဘယ်တော့မှ သူတို့အနေနဲ့ ကျော်ပြီး 

မလုပ်ပါဘူးလို့ ကြွေးကြော် ထားတဲ့ ဥပဒေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ 

အခြေခံ ဥပဒေပါ ။ အခုသူတို့ ပြောတဲ့ ခေတ္တရပ်ဆိုင်း ထားပါတယ် 

ဆိုတဲ့ အချက်တွေထဲက အချို့ကို ဖွဲ့စည်းခုံ အခြေခံ ဥပဒေမှာ ကာကွယ်

ထားပေး ပြီးသားပါ ။

၁။ ပထမဦးဆုံး အနေနဲ့ နိုင်လွတ်လုံရဲ့ ပုဒ်မ ၇ မှာမည်သူကိုမဆို ၂၄ နာရီ 

ထပ်ပို၍ ချုပ်နှောင် ခွင့်မရှိ ။ ဒါကို ရပ်လိုက်တယ် ။ ရတယ် ဘာမှမဖြစ်ပါ ။ 

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ ပုဒ်မ ၂၁ ( ခ ) မှာ "မည်သူကို မဆို တရားရုံးရဲ့ 

ခွင့်ပြုချက်မရပဲ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ခြင်း မရှိစေရ" ။ 

ဆိုလိုတာ ၂၄ နာရီထက်ပိုပြီး ချုပ်နှောင် ခဲ့ရင်တော့ ဖွဲ့စည်းပုံ အခြေခံ 

ဥပဒေကို ဖီဆန်ပြီး လုပ်ဆောင်တာ ဖြစ်သွား ပါပြီ ။

 

          နောက် တစ်ချက်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၆၁ မှာ 

လူတစ်ယောက်ဟာ လူသတ်မှု မုဒိမ်းမှု ဓားပြမှု ခိုးမှု လိုမျိုး  ပြစ်မှုကြီး 

ကျူးလွန်တာ မဟုတ်ရင် တရားသူကြီးရဲ့ အမိန့်မပါဘဲ ၂၄ နာရီထက် ပိုပြီး 

ဖမ်းထားလို့ မရပါဘူး ။ ဒီအချက်တွေနဲ့ မပြည့်စုံပါပဲ ဖမ်းစီးဖို့ ဆက်ကြိုးစား 

မယ်ဆို ရင်တော့ မတရားဖမ်းဆီး ချုပ်နှောင်မှုနဲ့  ရဲအရာရှိကို ပြန်ပြီး တရားစွဲ 

ပိုင်ခွင့် ရှိပါတယ်။  

 

၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၇ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာပါတဲ့ 

ပုဒ်မတွေကို မဆန့် ကျင်သေးသ၍ နိုင်ငံတော်ဟာ နိုင်ငံသားတိုင်းရဲ့ နေအိမ်ဥပစာ 

လုံခြုံမှု ၊ ပစ္စည်းလုံခြုံမှု ၊ စာ ပေးစာယူ ၊ အခြားဆက်သွယ်ရေး ဆိုင်ရာ လုံခြုံမှု

များအတွက် ဥပဒေအရ ကာကွယ် ပေးရမယ် ။ အဲ့ဒီတော့ ဆိုလိုချင်တာက 

နိုင်လွတ်လုံက ပုဒ်မ ကို ရပ်ဆိုင်း လိုက်တာ တောင်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ

အရဆို အပေါ်က အရာတွေကို နိုင်ငံတော်က ကာကွယ်ပေးရမှာ ဖြစ်တဲ့အတွက် 

ဒီအချက်တွေကို ကျူးလွန်တဲ့လူတိုင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖီဆန်ပြီး

လုပ်ဆောင် တာသာ ဖြစ်တယ် ။ 

၃ ။ ခွင့်ပြုချက်မရှိပဲ ကိုယ့်ခြံ ( သို့ ) အိမ်ကို ကျော်လာမယ် ။ ဟိုနေ့ကလို 

တာဝန်အရ ပါဆိုပြီး ခုန်ကျော်ဝင်လာပြီး လုံလောက်တဲ့ အကြောင်းပြချက်

တစ်စုံတစ်ရာ မပေးနိုင်ဘူး ဆိုရင်တော့ ရဲအရှိဖြစ် နေသည့်တိုင် ရာဇသတ်ကြီး 

ပုဒ်မ ၄၄၁ အရ နေအိမ်မှာရှိနေတဲ့ သူတစ် ဦးတစ်ယောက်ကို ချောက်လှန့်ရန် ၊  

စော်ကားရန် ၊ စိတ်ငြိုငြင်မှု ဖြစ်စေရန် ရည်ရွယ်ပြီး ကျော်ဝင်လာလို့ ရာဇဝတ်

မကင်းသော ကျော်နင်းမှုနဲ့ တရားစွဲ နိုင်ပါတယ် ။

 

လရောင်လင်း

Credit - OriginalUploder

 

 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate