၁၄၄အကြောင်း တစေ့တစောင်း

15-Aug-21 အခြား
၁၄၄အကြောင်း တစေ့တစောင်း

ပုဒ်မ ၁၄၄ ထုတ်ထားရင် သေနတ်နဲ့ပစ်ဖမ်းလို့ရလား- No

၁၄၄ နဲ့စွဲရင် အာမခံ ရပါသလား - Yes

ပုဒ်မ ၁၄၄ အရတားမြစ်ချက် အမိန့်ကိုဖီဆန်ရုံမျှဖြင့် ပြစ်မှုကိုကျူးလွန်သည်ဟုမယူဆနိုင်ပါ။ဖီဆန်မှုကြောင့်တစ်စုံတစ်ရာဖြစ်ပျက်လာသောအခါမှသာလျှင်(သို့)တစ်စုံတစ်ရာဖြစ်လာနိုင် ဖွယ်အကြောင်းရှိသော အခါမှသာ အမိန့်ဖီဆန်မှုအတွက် အရေးယူနိုင်ပေသည်ဟု တရားရုံးချုပ်စီရင်ထုံးများတွင်ညွှန်းဆိုသည်။ အရေးယူရာတွင်လည်းပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ ၁၈၈ ပါ ပြဌာန်းချက်များအရအရေးယူရသည်။

ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ဇယား (၂) အရ ပြစ်မှု ကျူးလွန်သူများကို တရားရုံးမှ ထုတ်ပေးသည့် ဖမ်းဆီးရန်အမိန့် ဝရမ်း မပါဘဲဖမ်းဆီးခွင့်မရှိပေ။

ထို့ပြင် စွတ်စွဲခံရသူမှ အာမခံ တောင်းခံလာပါက အာမခံပေးရမည်။ 

တရားရုံးသို့တရားစွဲတင်ပို့ခြင်းနှင့်ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၅(၁) အားလိုက်နာရန်လိုအပ်ကာ ၎င်း ပုဒ်မ ၁၉၅(၁)(က) တွင် ပုဒ်မ ၁၇၂ မှ ၁၈၈ ထိပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုတစ်စုံတစ်ရာကို သက်ဆိုင်ရာပြည်သူ့ဝန်ထမ်း၏ သို့တည်းမဟုတ် ၎င်း၏ အထက်ပြည်သူ့ဝန်ထမ်း၏ စာဖြင့် ရေးသား တိုင်တန်းချက် အရမဟုတ်လျှင် အရေးယူဆောင်ရွက်ခြင်းမပြုရဟုပြဌာန်းထားသည်။

တစ်လအထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ ဒဏ်ငွေ နှစ်ရာ ကျပ်ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ

ခြောက်လအထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ဒဏ်ငွေ တစ်ထောင်ကျပ်ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေဥပဒေ အရ ပြစ်ဒဏ်ချမှတ်နိုင်သည်။

 

Credit-OriginalUploder

 

 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate