၁၄၄အကြောင်း တစေ့တစောင်း
ပုဒ်မ ၁၄၄ ထုတ်ထားရင် သေနတ်နဲ့ ပစ်ဖမ်း လို့ရလား- No
၁၄၄ နဲ့စွဲရင် အာမခံ ရပါသလား - Yes
ပုဒ်မ ၁၄၄ အရတားမြစ်ချက် အမိန့်ကို ဖီဆန်ရုံမျှဖြင့် ပြစ်မှုကို
ကျူးလွန်သည်ဟု မယူဆနိုင်ပါ ။ ဖီဆန်မှုကြောင့် တစ်စုံတစ်ရာ
ဖြစ်ပျက် လာသောအခါမှ သာလျှင် ( သို့ ) တစ်စုံတစ်ရာ
ဖြစ်လာနိုင် ဖွယ်အကြောင်း ရှိသော အခါမှသာ အမိန့်ဖီဆန်မှု
အတွက် အရေးယူ နိုင်ပေသည်ဟု တရားရုံးချုပ် စီရင်ထုံးများတွင်
ညွှန်းဆိုသည် ။ အရေးယူရာတွင်လည်း ပြစ်မှုဆိုင်ရာ ဥပဒေ
( ရာဇသတ်ကြီး ) ပုဒ်မ ၁၈၈ ပါ ပြဌာန်းချက်များအရ အရေးယူ
ရသည် ။
ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၈ အရ အရေးယူ ဆောင်ရွက်ရာတွင်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ဇယား (၂) အရ ပြစ်မှု ကျူးလွန်
သူများကို တရားရုံးမှ ထုတ်ပေးသည့် ဖမ်းဆီးရန်အမိန့် ဝရမ်း
မပါဘဲဖမ်းဆီးခွင့်မရှိပေ။ ထို့ပြင် စွတ်စွဲခံရသူမှ အာမခံ တောင်းခံ
လာပါက အာမခံ ပေးရမည် ။ တရားရုံးသို့ တရားစွဲတင်
ပို့ခြင်းနှင့် ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ
ပုဒ်မ ၁၉၅ ( ၁ ) အားလိုက်နာရန် လိုအပ်ကာ ၎င်း ပုဒ်မ ၁၉၅ ( ၁ )
( က ) တွင် ပုဒ်မ ၁၇၂ မှ ၁၈၈ ထိပြစ်ဒဏ် စီရင်ထိုက်သော ပြစ်မှု
တစ်စုံတစ်ရာကို သက်ဆိုင်ရာ ပြည်သူ့ ဝန်ထမ်း၏ သို့တည်းမဟုတ်
၎င်း၏ အထက်ပြည်သူ့ ဝန်ထမ်း၏ စာဖြင့် ရေးသား တိုင်တန်းချက်
အရမဟုတ်လျှင် အရေးယူ ဆောင်ရွက်ခြင်း မပြုရဟု ပြဌာန်း
ထားသည် ။ တစ်လအထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ ဒဏ်ငွေ
နှစ်ရာ ကျပ်ထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ခြောက်လအထိ
ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ဒဏ်ငွေ တစ်ထောင်ကျပ် ထိဖြစ်စေ
ဒဏ်နှစ်ရပ်လုံး ဖြစ်စေဥပဒေ အရ ပြစ်ဒဏ် ချမှတ်နိုင်သည် ။
Credit-OriginalUploder
Related Posts
GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...
ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...
“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...