#ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -

#ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -
ခရစ်ယာန်ဘာသာ၀င်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်းပြုလုပ်ခွင့်မရှိပေ။
ခရစ်ယာန်ဘာသာ၀င်များအတွက်ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရသာကွာရှင်းခွင့်ရခြင်းဖြစ်ပါသည်။ 
၁။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း။
၂။ ထိမ်းမြားမှု ပျက်ပြယ်စေခြင်း။
၃။ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း။ စသည်အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်းဒေသကြီးတရားလွှတ်တော်တို့တွင်သာ တရားစွဲဆိုရမည်ဖြစ်ပါသည်။ 
ထိမ်းမြားမှု ပယ်ဖျက်ခြင်းကိစ္စ -
အောက်ပါအကြောင်းပြချက်များဖြင့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် ခရိုင်တရားမရုံး သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
(၁) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး ယောကျာ်းနှင့်ဖောက်ပြားကျူးလွန်ပါသည်ဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၂) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ်ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၃) သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်းအကြောင်းပြချက်ဖြင့်ဖြစ်စေ ၊
(၄) နောက်မယားယူခြင်းနှင့်ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၅) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ၊
(၆) မုဒိမ်းမှု၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှုကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ 
(၇) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သော ရက်စက်မှုကျူးလွန်ခြင်းဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၈) မိန်းမတစ်ဦးနှင့်ဖောက်ပြန်ခြင်းအပြင် ၄င်းအား (၂) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ စသည့်အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန်လျှောက်ထားနိုင်ပါသည်။
ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -
အောက်ပါအကြောင်းများဖြင့် ထိမ်းမြားမှုပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။ 
(၁) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါရှိနေကြောင်း ၊ 
(၂) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း၊
(၃) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံံ့သူဖြစ်ကြောင်း၊
(၄) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ်အသက်ရှင်လျက်ရှိကြောင်း နှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေလျက်ရှိကြောင်း၊ စသည့်အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။ 
ခရိုင်တရားမတရားသူကြီးက ထိမ်းမြားမှုပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက်ရရန်လိုအပ်ပါသည်။ 
တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း -
အောက်ပါအကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်းကို ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) လင်ယောကျာ်း(သို့) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း၊ 
(၂) ရက်စက်မှုကျူးလွန်ခြင်း 
(၃) လုံလောက်သောအကြောင်းတစ်စုံတစ်ရာမရှိဘဲ (၂) နှစ်သို့မဟုတ် (၂) နှစ်အထက်စွန့်ပစ် ထားခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။
credit
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း

(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…...

တစ်လင်တစ်မယားဥပဒေ

တစ်လင်တစ်မယားဥပဒေ

အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာနေပါတယ် ။ ရဲစခန်းမှာ တစ်လင်တစ်မ  ယားဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာသွားတောင်...

လင်မယားကွဲချင်တာမှာ ယောက်ျားက လက်မှတ်ထိုး မပေးရင် မိန်းမဘက်က ဘယ်လိုကွဲလို့ရပါသလဲ။

လင်မယားကွဲချင်တာမှာ ယောက်ျားက လက်မှတ်ထိုး မပေးရင် မိန်းမဘက်က ဘယ်လိုကွဲလို့ရပါသလဲ။

ကွာရှင်းဖို့ကတော့မိမိအနေနဲ့ လင်ဖြစ်သူရဲ့ အဘယ်သော ပြုလုပ်မှု ပျက်ကွက်မှုတွေကြောင့် ဆက်လက်ပေါင်းသင်းလိုခြင်းမရှိကြောင်းနဲ့ အမှုလမ်းကြောင်းကို မှန်ကန် ခိုင်မာဖော်ဆောင်ကာ ကွာရှင်းပေးဖို့ Notice ပေးပြီး တရားဝင် တောင်းဆိုရပါမယ်။ အဲလို မိမိတောင်းဆိုတဲ့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate