အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်

အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်

"ဝယ်စဉ်ကတော့ ကျွန်မခင်ပွန်းအမည်နဲ့ဝယ်ထားတာပါ။ကျွန်မတို့ကနယ်မှာ တာဝန်ကျ တော့၊ အဲဒီမြေကွက်ကို ပြန် မကြည့်ဖြစ် ခဲ့ဘူးပေါ့။ အခု ခင်ပွန်းသည် ကွယ်လွန်မှ အဲဒီမြေ ကွက်ကို သွားကြည့်ဖြစ်တော့တယ်။ ကျွန်မတို့ဝယ်ထားတယ်ဆိုတဲ့ မြေကွက်မှာ အိမ်လေးတစ်လုံး တွေတာနဲ့ စုံစမ်းကြည်တော့ သူတို့လည်း ဝယ်ထားတာလို့ သိရပါတယ်။ ကျွန်မတို့ဆီမှာ မြေချပါမစ်က ရှေ့စာရွက်နှစ်ရွက် မူရင်းရှိပြီး ဝယ်ထားတယ်ဆိုတဲ့ သူဆီမှာတော့ မြေချပါမစ်ရဲ့ နောက်စာရွက်၊ မိသားစုဓာတ်ပုံနဲ့ အိမ် ဆောက်ခွင့် စာရွက်မူရင်းတွေကို တွေ့ရပါတယ်။ အဲဒါဘယ်လို ဆောင်ရွက်နိုင်သလဲ" လို့ ဆွေးနွေးလာသဖြင့် ဗဟုသုတအဖြစ် ဤ ဆောင်းပါး ကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

မှန်ပါသည်။ယခုအခါ ရန်ကုန်တိုင်း မြို့ပြင်ဒေသများတွင် ကျူးကျော်နေထိုင်ကြ၍ မြေရောင်းစားနေသည်များလည်းရှိနေပေသည်။ မကြာသေးမီကာလက လှိုင်သာယာမြို့နယ် ပန်းလှိုင်တံ တား အောက်ရှိ နွံတော လတာပြင်တွင် အကွက်ရိုက်ကာ တဲများ ဆောက်၍ ကျပ်သုံးသိန်းဖြင့် ရောင်းစားသည်အထိ မြေယာကျူးကျော်ရောင်းချမှုများဖြစ်ပွားခဲ့သည်။ ဂရန်အတု၊ ပိုင်ဆိုင်မှု အတု ဖြင့် ရောင်းချမှုများ လည်းရှိနေသည်။ ယခုလာရောက် ဆွေးနွေး သော မိတ်ဆွေဆိုလျှင် ဒဂုံမြို့သစ် တောင်ပိုင်းက ဖြစ်ပေသည်။

အဓိကအချက်မှာ

* မိမိ ဝယ်ယူထားသော မြေကွက် အဆောက်အအုံကို လက်ဝယ်ရရှိထားရန် အထူးလိုအပ်ပေသည်။

* ဝယ်ထားပြီး မြေကွက်ကို ပစ်ထား၍ မဖြစ်ပါ။ * မြေကွက်ကို ရှင်းလင်း ခြင်း၊

* သက်ဆိုင်ရာ ရပ်ကွက်အာဏာပိုင်များထံ မိမ်ိဝယ်ယူ လက်ရှိ ဖြစ်ကြောင်း အကြောင်းကြားထား ခြင်း၊ * မကြာခဏ သွားရောက်ကြည့်ရှုခြင်း၊

* ဘေးခြံနီးချင်းအား မိမိပိုင်ဖြစ်ကြောင်း အသိပေး၍ စောင့်ရှောက်စေခြင်းများ အမြဲမပြတ်ရှိရန် လိုအပ်ပေသည်။ သို့မှသာ ထပ်မံရောင်းချခြင်း ကိစ္စရပ်များမှ ရှောင်ရှားနိုင် မည်ဖြစ်သည်။

ထို့ပြင်မိမိဝယ်ယူထား သော မြေကွက်သည် ဂရန်မြေဖြစ်ပါက ဥပဒေနှင့်အညီ စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုကာ အရောင်းအဝယ် ပြုသင့်ပေသည်။

ပါမစ်မြေဆိုလျှင်လည်း စာရွက်စာတမ်းစုံလင်ခြင်းရှိမရှိ၊ မြေကွက်ပါမစ် စာရွက်စာတမ်း များသည် အမှန်အကန် ဟုတ်မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်း ဌာနတွင် စုံစမ်းပြီးမှ အရောင်းအဝယ်ပြုလုပ်သင့်သည်။

" စာချုပ်စာတမ်းများဖြင့် ရောင်းချရာတွင် မြေအဆောက်အအုံ ပိုင်ဆိုင်ခွင့်ကို ဦးစွာပဋိညာဉ်ပြုဝယ်သူအား ဦးစားပေးဆုံးဖြတ်ရမည် " ဟု စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် ဖော်ပြထားပေသည်။

စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၇ တွင် မှတ်ပုံတင် စာချုပ်တစ်ရပ်၏ အကျိုးသက်ရောက်သော အချိန်မှာ မှတ်ပုံတင်သည့် အချိန်မဟုတ်ဘဲ မှတ်ပုံတင်ရန်လိုအပ်သည့် စာချုပ် စာတမ်းဖြစ်စေ၊ မှတ်ပုံတင်ရန်မလိုအပ်သည့် စာချုပ်စာတမ်းဖြစ်စေ စတင်ချုပ်ဆိုသည့် အချိန်ဖြစ်သည် ဟုပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဆွေးနွေးရန်လာသော အမျိုးသမီးအား မိမိချုပ်ဆို ထားသော မြေအရောင်းအဝယ် စာချုပ်သည် အခြားသူက ဝယ်ယူ ထားသည်ဆိုသော အရောင်းအဝယ် စာချုပ်ထက် စောသည့်နေ့ရက်၌ အရောင်းအဝယ်ပြု ချုပ်ဆိုထားပါက အခွင့်အရေးရပိုင်ခွင့် ရှိကြောင်း ရှင်းပြခဲ့ပါသည်။

သို့ဖြစ်၍ အိမ်ခြံမြေတိုက်ခန်းဝယ်ရာတွင် အဝယ်ထပ်နေပါက ဦးစွာ စာချုပ်စာတမ်းချုပ်ဆို ဝယ်ယူထားသူကသာ ရပိုင်ခွင့်ရှိကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)

 
Credit-OriginalUploder
 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင်နှင့်မယားကွာရှင်းခြင်း

လင်နှင့်မယားကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate