မိသားစုစီမံမှုဆိုတာက အမွေရှင် (ပစ္စည်းရှင်)ကွယ်လွန်ပြီးနောက် အမွေပစ္စည်းတွေ (မရွှေ့ပြောင်းနိုင် သောပစ္စည်း)ဘယ်လိုခွဲဝေယူကြမယ်ဆိုတဲ့ မိသားစုဝင်တစ်စုလုံးက သဘောတူပြီး လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ မိသားစုစီမံမှုမျိုးကိုဆိုလိုတာပါ။

မိသားစုစီမံမှုဆိုတာက အမွေရှင် (ပစ္စည်းရှင်)ကွယ်လွန်ပြီးနောက် အမွေပစ္စည်းတွေ (မရွှေ့ပြောင်းနိုင် သောပစ္စည်း)ဘယ်လိုခွဲဝေယူကြမယ်ဆိုတဲ့ မိသားစုဝင်တစ်စုလုံးက သဘောတူပြီး လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ မိသားစုစီမံမှုမျိုးကိုဆိုလိုတာပါ။

မိသားစုစီမံမှု ဆိုတာက အမွေရှင် (ပစ္စည်းရှင်)ကွယ်လွန်ပြီးနောက် အမွေပစ္စည်းတွေ (မရွှေ့ပြောင်းနိုင် သောပစ္စည်း) ဘယ်လို ခွဲဝေ ယူကြမယ် ဆိုတဲ့ မိသားစုဝင်တစ်စုလုံးက သဘောတူပြီး လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ မိသားစုစီမံမှုမျိုးကို ဆိုလိုတာပါ။ စီမံမှုစာချုပ်တစ်ခု ပြုလုပ်ပြီး တရားဝင် မှတ်ပုံတင် စာချုပ်စာတမ်း ချုပ်ဆို ကြရပါတယ်။ မိသားစု ကြေညာစာတမ်း ဆိုတာ သေတမ်းစာနဲ့ ကွာခြားပါတယ်။
မိသားစုစီမံမှု ပြုတဲ့အခါ အမွေရှင် သေဆုံးသွားပါက ဘယ်ပစ္စည်း ၊ ဘယ်မြေကွက်ကို ဘယ်သူ ယူကြမယ် ဆိုတာမျိုး ပါရှိရပါမယ်။ ထိုစာချုပ်ကို အမွေရှင်လည်း လက်မှတ်ရေးထိုးရသလို အမွေစား အမွေခံအားလုံး သဘောတူကြောင်း လက်မှတ်ရေးထိုး ရပါမယ်။
မိသားစုစီမံမှု စာချုပ်မှာ ချုပ်ဆိုထားသော အကြောင်းအရာ မှန်သမျှ အမှန်တကယ် လိုက်နာရပါမည်။ ချုပ်ဆိုစဉ် မိသားစုဝင် သားသမီးအားလုံး စုံလင်စွာ ရှိရပါမည် ။ အကယ်၍ စုံလင်မှုမရှိပါက ၎င်းမှ သဘောတူကြောင်း ဆန္ဒပြုပြီး ကိုယ်စား တစ်ဦးဦးက လက်မှတ်ရေးထိုးပေးရမည် ဖြစ်ပါသည်။ 
အလွန်တရာ ခိုင်မာသော စီမံမှု ဖြစ်သည်။ အမွေရှင် မသေမီ တရားစွဲ၍လည်းမရ။
-သေဆုံးပြီးလျှင် ဖျက်ခွင့်မရှိ။
-ခွဲဝေပြီးနောက် ဖောက်ဖျက် ငြင်းဆို၍လည်းမရ။
(မပန်းစီ နှင့် မလှရင် ၊1963-မတစ800 / 808နှင့် ဦးအောင်ညွန့်နှင့် မောင်အုံးမြင့် 1981၊မတစ-121)
သက်သေခံ ဥပဒေ ပုဒ်မ-115(ဎ) အရ- မိသားစုစီမံမှု အရ ပိတ်ပင်ခြင်း။
မိသားစု စီမံမှု ပြုလုပ်ကာ အမွေပစ္စည်းများကို ခွဲဝေခြင်းသည် အတောမသတ်နိုင်သည့် အမွေမှု အရှုပ်အထွေးများ ပေါ်ပေါက်ခြင်းမှလည်းကောင်း ၊ သားချင်းတစ်စု အမွေမှုနှင့် စပ်လျဥ်း၍ စိတ်ဝမ်းကွဲပြားကာ မသင့်မတင့် ဖြစ်ရခြင်းမှ လည်းကောင်း ၊ ကာကွယ်ရန် ဖြစ်သည့်အလျောက် ယင်းမိသားစုစီမံမှုတွင် အတင်းအကြပ် ပြုလုပ်ခြင်း ၊
မတရား သြဇာညောင်းခြင်း ၊
အရေးကြီးသည့် အချက်များ၌ ထိမ်ချန်ထားခြင်း စသည့် မတရားမှုမရှိပါက အတည်ဖြစ်သည်။
တရားဥပဒေအရ ခိုင်မာ တည်မြဲခင်းမရှိဟု ငြင်းဆိုခွင့်မရှိ ။
မိသားစုစီမံမှုကို အမွေစားအမွေခံ သဘောတူညီချက်ဖြင့် ပြုလုပ်၍ ယင်းစီမံမှုအတိုင်း ပစ္စည်းများကို ခွဲဝေခံစားပြီး ဖြစ်ပါက အမွေစား အမွေခံ တစ်ဦးဦးက ယင်းစီမံမှုသည် ဥပဒေနှင့် ဆန့်ကျင်နေပါသည်ဟု ငြင်းဆိုခြင်းမှ ပိတ်ပင်မည်ဖြစ်သည်။
(မကျော့နှင့် မကျေးဥ ၊ အေအိုင်အာ1935 ၊ ရန်ကုန်-355)
(မပန်စီခေါ် ဒေါ်ရင်ရင်နှင် မလှရင် ၊ 1963 ၊ မြန်မာပြည်စီရင်ထုံး800 (808)
မှတ်ချက်။
မိသားစုစီမံမှုအား အမွေရှင်
( 1 )မကွယ်လွန်မီ
( 2) ကွယ်လွန်ပြီး
ချိန်တွင် နှစ်မျိုးလုံးကြိုက်သလို စီမံပြုလုပ်နိုင်ပါသည်။
ကိုးကား။သက်သေခံဥပဒေ၏ သိကောင်းစရာများ ၊ ဦးသက်ဖေ ၊ ဦးမောင်မောင်ဝင်း ။
 Credit-ဥပဒေရေးရာ

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate