ကြုံတွေ့ ခဲ့ရသော အိမ်ခြံ မြေ ပြဿနာ

ကြုံတွေ့  ခဲ့ရသော အိမ်ခြံ မြေ ပြဿနာ

ကြုံတွေ့ ခဲ့ရသော  အိမ်ခြံ  မြေ ပြဿနာ 
----------------------------------------------------------


         တစ်နေ့  ကျွန်တော့်ဆီ ကို ရန်ကုန်  ကနေပြီး အဝယ် တစ်ယောက် ရောက်လာ ပါတယ် ။
စစ ချင်းတုန်း  ကတော့  ကျွန်တော်တင်  ထားတဲ့ အိမ်ခြံ မြေ  အရောင်း post တွေကနေ တွေ့ပြီး အဆက် အသွယ် ရခဲ့တာပါ ။
ကျွန်တော့်ဆီ  ရောက်လာ တော့ ကျွန်တော်လည်း တာဝန် ကျေပွန်စွာ  ဧည့်ခံပြီး  ကြည့်ချင်တဲ့ အကွက်တွေ လိုက်ပြ  ဖြစ်ခဲ့ပါတယ် ။
အဲဒါနဲ့  အကြိုက် တွေ့တဲ့ တစ်ကွက် တွေ့တော့ ဝယ်ယူဖို့  ဆုံးဖြတ်  လိုက်ပြီး ကျွန်တော်က ခြံပိုင်ရှင်  ( ရောင်းသူ ) နှင့် တွေ့ဆုံ စေပါတယ်။


          တွေ့ဆုံ ပြီးခိုက် မှာ အရောင်းအဝယ် အတွက် စျေးညှိနှိုင်း  ခဲ့ကြ ပါတယ် ။
စျေးတည့် သွားတဲ့ အချိန်မှာ တော့ ရောင်းသူ ဝယ်သူ နှစ်ဦး စရံပေး ကတိ စာချုပ်ချုပ်  ဆိုခဲ့ ကြပါတယ် ။
အဲဒီ  အချိန်ထိ  အဆင်ပြေ နေခဲ့ ပါတယ် ။


           နောက် ငွေအပြီး ချေမယ့် နေ့မတိုင် မီမှာ ရောင်းသူ ဘက်က နေပြီး ရောင်းလို့ မဖြစ်နိုင်တော့ ကြောင်း ပြောပါတယ် ။
အကြောင်းပြချက် ခိုင်ခိုင်မာမာ လည်း မပြနိုင်ခဲ့ဘဲ မရောင်း ဖြစ်တော့ သည့်အကြောင်း ပြောပါတယ် ။
စရံငွေ နှစ်ဆလည်း ပြန်ပေးမည် ဖြစ်ကြောင်း ပြောလာခဲ့ ပါတယ် ။


          အဲဒီ အခါမှာ ဝယ်ယူမည့်သူက ကျွန်တော့်ဆီ  ရောက်လာပြီး
" စရံငွေ လည်းချ ပြီးသွားခဲ့ပြီ လေဗျ  ၊  အဲဒီ မြေကွက် အသစ်ပေါ်မှာ  ကျွန်တော်တို့တွေ  ဖော်ဆောင်သွား ကြမယ့်  စီမံကိန်း  တွေလည်းချ  ပြီးသွားပြီ အစီအစဉ်တွေ  လုပ်ဆောင်ရမှာ  တွေက အဆင်သင့်  ဖြစ်နေပြီဗျ  ကျွန်တော်ကတော့ အရောင်းအဝယ်  ဖြစ်ချင်တယ်"


           အဲဒီ  လိုဆိုလာတော့  ကျွန်တော်လည်း   စရံငွေ  လည်းချပြီးပြီ  ဖြစ်သလို အဲဒီ  မြေကွက်ပေါ်မှာ  ဖော်ဆောင်မယ့်  စီမံကိန်းတွေ  လည်းချ  ပြီးသွားပြီမို့  အခုလိုပဲ အကြံပေးခဲ့ပါတယ်။ 

 

           “ အဲဒါ  ဆိုရင်  စရံငွေ  နှစ်ဆ  ပေးတာကို  လက်မခံဘဲ စာချုပ်ပါ  အတိုင်း မြေကွက်ကို ဆက်လက်  ရောင်းချပေးရန်  တောင်းဆိုလိုက်  သင့်ပါတယ် ၊  စရန်  ငွေနှစ်ဆ ပေးရတာတွေ  ၊ ဆက်လက်  ရောင်းချ  ပေးဖို့တောင်း  ဆိုတာတွေက ရောင်းသူ  ဘက်ကအခွင့်အရေး  မဟုတ်ဘဲ  ဝယ်သူဘက်က  အခွင့်အရေးပါ ၊ စရံငွေ  နှစ်ဆကို  မကျေနပ်နိုင်  တဲ့ အတွက် ကြောင့်  မြေကွက်ကိုဆက်လက်  ရောင်းချပေး  ဖို့တောင်း  ဆိုလိုက်ပါ ”ဆိုပြီး ပြောခဲ့    ပါတယ်။


             အဲဒီလိုမျိုး တရားစွဲ ဆိုပြီး တောင်းဆို  ခဲ့ရာ  နောက်ဆုံး မှာတော့ ဝယ်ယူသူ ကလည်း မရွေ့မပြောင်း  နိုင်သော ပစ္စည်းဖြစ်တဲ့ မြေကွက်ကို ဝယ်ယူ ခွင့်ရရှိခဲ့ ပါတယ်။


------------------------------------------------------------------------------

Credit - ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate