အပေါင်ခံထားတဲ့အိမ်ကို ဝယ်မိပြီး ဒုက္ခရောက်တော့မယ်အဖြစ်

အပေါင်ခံထားတဲ့အိမ်ကို ဝယ်မိပြီး ဒုက္ခရောက်တော့မယ်အဖြစ်

“အပေါင်ခံထားတဲ့ နှစ်ထပ်အိမ်ကိုဝယ်မိတော့မလို့ မျိုးရေ”

“အမလေး ဘုရားရေ ဝယ်လိုက်ပြီလား”

“မဝယ်ပါဘူး ဝယ်မိတော့မလို့လို့ ပြောတာပါဟယ်”

တနင်္ဂနွေနေ့ပိတ်ရက်လေးမှာ ကျွန်မရဲ့ investor လောကက

သူငယ်ချင်းနဲ့တွေ့တုန်းလေ ပြောဖြစ်တဲ့ အကြောင်းအရာလေးကို

ကျွန်မရဲ့ စာဖတ်ပရိတ်သတ်ကြီးကိုမျှဝေလိုက်ပါတယ်။

“ဒါနဲ့ဘယ်လိုဖြစ်ပြီး ရှော့တော်တော်လေးရှိတဲ့ ပေါင်နှံထားတဲ့အိမ်ကို

ဝယ်မလိုဖြစ်တာတုန်း”

“ဖြစ်ပုံက ဒီလိုမျိုးရေ မေရဲ့ယောကျာ်းနဲ့ အလုံဘက်က

နှစ်ထပ်တိုက်ပုလေးယူမလို သွားကြည့်တာ ၊နေရာစုံလည်းကြည့်ခဲ့ပြီးပြီ

နှစ်ယောက်သားက နှစ်ထပ်အိမ်လေးကိုပဲသဘောကျနေတာပေါ့

ရောင်းသူက ပိုင်ရှင်အစစ်မဟုတ်ဘဲ အပေါင်ကိုလက်ခံရရှိထားတဲ့သူ

အဲဒါကိုလည်း ငွေချေစရံချဖို့ နာရီပိုင်းလေးအလိုမှာသိတာ”

“ တော်သေးတာပေါ့ မေ ရယ် စရံချပြီးမှသိတာမဟုတ်လို့ ၊စာချုပ်အတိုင်း

သွားလို့တော့ရပေမယ့် တကယ်တမ်း အရောင်းအဝယ်စာချုပ်က ဟန်ဆောင်စာချုပ်ဆိုရင်

မေ တို့လည်း လူပင်ပန်းရပြီပဲ”

“အဲဒါဟုတ်တယ် မျိုးရေ စာချုပ်ကလည်း မှတ်ပုံတင်ထားတာမဟုတ်ဘူး၊ရောင်းချတဲ့

အိမ်ကလည်း ရောင်းသူရဲ့လက်ထဲမှာရှိမနေသလို၊မူလချေးငှားသူရဲ့ လက်ထဲမှာပဲရှိတယ်”

“အဲဒီအိမ် ကြည့်တုန်းက မူလပိုင်ရှင်က အိမ်မှာရှိနေတာကိုတွေ့ခဲ့တာလား”

“ မတွေ့ခဲ့ပါဘူး မူလပိုင်ရှင်က အိမ်မှာရှိမနေဘဲ ရောင်းချသူက နိုင်ထက်စီးနင်းလုပ်ပြီး

တက်နေတာလို့တော့ပြောတာပဲ၊မေအထင် ပိုက်ဆံလက်ရောက်မရရှိနိုင်တော့ တက်နေလိုက်တယ်

ထင်တာပဲ၊ဒါပေမယ့်လည်း မစဉ်းစားမဆင်ခြင်ဘဲလုပ်လိုက်တဲ့အခါ သူများပြဿနာကိုကူညီ

ရာကနေ ကိုယ့်ပြဿနာဖြစ်သွားသလိုပါပဲ”

“ ဟုတ်တယ်၊ဒီလိုတက်နေလိုက်တော့ ပိုင်နက်ကျူးလွန်မှု့တွေ၊ကျော်နင်းမှု့တွေ ဖြစ်ကုန်ပြီလေ”

“ ဟုတ်တယ်မျိုး ဒီလိုပြဿနာ တွေရှိနေတော့ ကြိုက်ပေမယ့်လည်းမဝယ်ဖို့ဆုံးဖြတ်ချက်မှန်သွားတယ်လေ”

အိမ်ခြံ​မြေတိုက်ခန်း ဝယ်ယူမယ့်သူများအနေဖြင့် မိမိဝယ်ယူမယ့် အိမ်ခြံမြေဟာ

တစ်ခြားတစ်စုံတစ်ယောက်အပေါ်ပေါင်နှံထားခြင်းရှိမရှိ လက်ရောက်ပစ္စည်း အိမ်ခြံမြေရှိမရှိဆိုတာကို

သေချာလေးစီစစ်ပြီးမှ ဝယ်ယူသင့်ပါတယ်။
 

အိမ်ခြံမြေအရောင်းအဝယ်ဆိုင်ရာများအားကြည့်ရှု့လိုပါက

«https://www.yuzanarland.com/g/K6oNh»
 

အိမ်ရှင်အိမ်ငှားနှင့်ပတ်သက်ပြီးသိရှိလိုပါက

«https://www.yuzanarland.com/g/gFEbB»
 

ပိုင်ဆိုင်မှု့မြေအမျိုးအစားနှင့်စာချုပ်စာတမ်းဆိုင်ရာ

«https://www.yuzanarland.com/g/721tx»

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate