ကျွန်တော်တို့ရပ်ကွက်ထဲက (အဖွား)ဒေါ်လှကြိုင်ဆုံးသွားတော့ သူ့သမီးနှစ်ယောက် အမွေလုကြပါတယ်။

ကျွန်တော်တို့ရပ်ကွက်ထဲက (အဖွား)ဒေါ်လှကြိုင်ဆုံးသွားတော့ သူ့သမီးနှစ်ယောက် အမွေလုကြပါတယ်။

     ကျွန်တော်တို့ ရပ်ကွက်ထဲက ( အဖွား ) ဒေါ်လှကြိုင် ဆုံးသွားတော့ သူ့သမီးနှစ်ယောက် အမွေလုကြပါတယ်။

ရပ်ကျော် ရွာကျော် အော်ကြီးဟစ်ကျယ် ဆူဆူညံညံနဲ့

    “ အမေရှိတုန်းက ကျွေးမွေးစောင့်ရှောက်တာငါ အဲတော့ ဒီအိမ်ကို ပိုင်ဆိုင်သင့်တာက ငါ နင်နဲ့ဘာမှမဆိုင်ဘူး”ဆိုပြီး   သမီးအကြီးဖြစ်သူက အခုလိုမျိုး ပြောပါတယ်။

     ဒါပေမယ်လည်း အငယ်ဖြစ်သူ ကတော့

     “အခု အမေနေခဲ့တဲ့အိမ်က ပါမစ်မြေ အဲဒီတော့ ဒီအိမ်က ဘယ်တစ်ဦးတစ်ယောက်မှ အမွေဆက်ခံခွင့် မရှိဘူး ၊ ရောင်းချပြီးမှသာလျှင် တစ်ယောက် တစ်ဝက်စီ ခွဲဝေရမှာ ဖြစ်ကြောင်း ပြောပါတယ်တဲ့လေ”

    အငယ်ဖြစ်သူက သူ့မှာ မပြေမလည် ဖြစ်နေတာကြောင့် ခွဲဝေပေးဖို့ တောင်းဆိုပေမယ့် အကြီးဖြစ်သူက လုံးဝ မလိုက်လျောပေးနိုင်ကြောင်း ပြောပါတယ်။

  ဟုတ်ပါတယ် ပါမစ်မြေဆိုတာက အမွေဆက်ဆံခွင့် လုံးဝ မရှိပါဘူး။

  ဒါပေမယ့် အဖွားဒေါ်လှကြိုင် သေပြီးလို့ နောက်ကျန်နေတဲ့သူက ဆက်လက် နေထိုင်ခွင့် ရှိပါတယ်

       ပါမစ်မြေ ဆိုတာက လူနေထိုင်ခွင့် ချထားပေးတဲ့ အစိုးရမြေ ဖြစ်ပါတယ်။

      ပါမစ်ကို ဂရန် ဆက်လျှောက်ပြီး တရားဝင် မြေအမည်ပေါက် သုံးစွဲနေကြသူတွေလည်း ရှိပါတယ်။

      ပါမစ် စာရွက် မီးလောင်လို့ပဲ ဖြစ်ဖြစ် ၊ ပျောက်သွားလို့ပဲ ဖြစ်ဖြစ် ပြန်လျှောက်ဖို့လည်း လုံးဝ မဖြစ်နိုင်ပါဘူး။

     ပိုင်ဆိုင်မှု့ ခိုင်မာစေရန် အတွက် မိမိ နေထိုင်ရာ ပါမစ်မြေကို မြေစီမံခန့်ခွဲရေးဌာနသို့ ဂရန် ဆက်လက် လျှောက်ထားနိုင်ပါတယ်။

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate