Special Deal For You

အိမ်ပါပြီးသား၊မီးပါပြီးသားဖြစ်တာကိုမှ အကြိုက် တွေ့ပါတယ်ဆိုသူများအ...
Shan State » Kalaw ( ကလော )Exchange Rates
ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။
Exchange Rates
အင်္ဂါရပ်များ
Facilities
Property Details
ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။
ဒါဆို...ကျေးရွာမြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လို
လုပ်ထားရမလဲ?
ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားပြီး တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။
ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါနော်။
ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေကွက်အကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး။ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။
မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။
ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊
အဲ့လိုမျိုး ရွာမြေကွက်ရှာနေတယ်ဆိုရင်တော့
ပြင်ဦးလွင်ရဲ့ ဆင်ခေါင်းလေးရွာအဝင် ပြင်ဦးလွင်ကန်တော်ကြီး ကနေ ၆ မိနစ်ပဲ မောင်းရပြီး
ရှုခင်းလဲကောင်း ရွာမြေလဲဖြစ်၊ပိုင်ဆိုင်မှုကခိုင်မာတဲ့အပြင် ပုံစံ ၁၀၅ မိတ္ထူပါပြီး အကျယ်ကလည်း ၅၀ x ၁၅၅ RC တိုက်တစ်လုံးပါ ပါတယ်
ခေါ်စျေး - သိန်း၁၅၀၀ ( ညှိနှိုင်း)
Related Searches
- Pyin Oo Lwin ( ပြင်ဦးလွင် ) မြို့နယ်ရှိ ရောင်းရန် လုံးချင်းအိမ်များ
- မန္တလေး ရှိ ရောင်းရန် လုံးချင်းအိမ်များ
- Pyin Oo Lwin ( ပြင်ဦးလွင် ) မြို့နယ်ရှိ လုံးချင်းအိမ်များ
- မန္တလေး ရှိ လုံးချင်းအိမ်များ
- Pyin Oo Lwin ( ပြင်ဦးလွင် ) မြို့နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
- မန္တလေး ရှိ ရောင်းရန် အိမ်ခြံမြေများ
- Properties in Myanmar
Related Properties

Rc တစ်ထပ်တိုက်အသစ်အရောင်းပါ
Mandalay Region » Pyin Oo Lwin ( ပြင်ဦးလွင် )Exchange Rates

အသင့်နေဖို့အတွက် အိမ်အပါ မြေကွက်လိုချင်သော မိတ်ဆွေများအတွက် တစ်ထပ...
Mandalay Region » Pyin Oo Lwin ( ပြင်ဦးလွင် )Exchange Rates

ဈေးသင့် နေရာကောင်း လမ်းကျယ် အိမ်အသစ်
Mandalay Region » Pyin Oo Lwin ( ပြင်ဦးလွင် )Exchange Rates

ရေမီးအစုံနဲ့ အသင့်နေ RC တစ်ထပ်တိုက် အရောင်းပါခင်ဗျာ။ ❤ သိန်း(၁၆၀၀...
Mandalay Region » Pyin Oo Lwin ( ပြင်ဦးလွင် )Exchange Rates

💕🍀RC တစ်ထပ်တိုက် သိန်း(၁၆၀၀) ညှိနှိုင်း
Mandalay Region » Pyin Oo Lwin ( ပြင်ဦးလွင် )Exchange Rates