သိန်း ၇၀၀ ပတ်ဝန်းကျင်ပဲသုံးမယ်ဆို မြောက်ဒဂုံမှာ ပေ ၂၀*၆၀ မြေသီးသန့် ပဲရမယ်။
Exchange Rates
အင်္ဂါရပ်များ
Facilities
Property Details
သိန်း ၇၀၀ ပတ်ဝန်းကျင်ပဲသုံးမယ်ဆို မြောက်ဒဂုံမှာ ပေ ၂၀*၆၀ မြေသီးသန့် ပဲရမယ်။ အရှေ့ဒဂုံ တစ်ချို့ရပ်ကွက်မှာဆိုလည်း ပေ ၂၀*၆၀ အိမ်အပါလေးတွေပဲရမယ်။
မူရင်းခြမ်း၊မိတ္တူခြမ်း ခွဲရေး၊တွဲရေး ခေါင်းပူအောင် စဥ်စားရမယ်။
ဒီလိုခွဲရေး၊တွဲရေး မူရင်း၊မိတ္တူမစဥ်းစားချင်ဘူးဆို ပေ ၄၀*၆၀ ရှာဝယ်မှရမယ်။
ဒါဆို ဘယ်ရပ်ကွက်တွေမှာ သိန်း ၇၀၀ ပတ်ဝန်းကျင်နဲ့ရမှာတွေရှိသေးလဲ။ ရှာစမ်း ရှာစမ်း ရှာစမ်း။?
ရှိပါတယ်နော်။?
အရှေ့ဒဂုံ ၁၄ နဲ့ ၁၅ ရပ်ကွက်မှာ ပေ၄၀*၆၀ ကို သိန်း ၇၅၀၊ ၈၀၀ ခေါ်ဈေးတွေနဲ့ ရနိုင်ပါသေးတယ်။
ရပ်ကွက်အတွင်း လမ်းသွယ်တွေမှာ ရတာပါ။
လမ်းကျယ်တွေ၊ဒဲ့ပေါက်တွေမှ ဆိုရင်တော့ ဒီရပ်ကွက်တွေမှာလည်း သိန်း ၁၀၀၀ ခေါ်ဈေးတွေရှိပါတယ်။
ဟုတ်ပြီ၊ ဒါဆို ၁၄ နဲ့ ၁၅ ရပ်ကွက်က ဘယ်နားမှာလဲ။
၁၄ နဲ့ ၁၅ ရပ်ကွက်ဆိုတာ မ.ဝ.တလမ်းဆုံ၊ မြင်းစီးကွင်းအကျော်၊ ချမ်းသာရွှေပြည်အိမ်ရာ အကျော်နားက ရပ်ကွက်တွေပါ။
Google Map မှာကြည့်ရင် အနော်ရထာလမ်းမနဲ့ ဗိုလ်မင်းခေါင်လမ်းမကြီး ၂ ခုကြားက ရပ်ကွက်တွေပါ။
ဗိုလ်မင်းခေါင်လမ်းက ၈၄ မီနီဘတ်စ် လိုင်းကား ၁ စီး ပြေးပါတယ်။
လူနေ ၄၀ % , ၅၀ % ခန့် လူစည်နေပါပြီ။
လူမရောက်သေးပဲ ကွန်ကရစ်လမ်းနဲ့ မီးတိုင်တွေ အရင်ရောက်ခဲ့တဲ့ ရပ်ကွက်ပါ။ အမှတ် ၂ လမ်းမနီး၊ ၁၆ VIP, ၁၁၇ ကုန်းဘောင်အိမ်ရာ VIP တွေနီးတာမို့ သွားလာဝင်ထွက်ဖို့ အဆင်ပြေပါတယ်။
မြေဆိုတာ ဝယ်ထားပြီးရင် ပစ်မထားရဘူး(အယ်လဲ့ မမကြည်မြန်မာရဲ့ Concept?)။၂ လ ၁ခါ၊ ၃ခ ၁ခါ၊ ၆လ ၁ခါ၊ ၁ နှစ် ၁ခါ၊ ၂ နှစ် ၁ခါ အဆင်ပြေရင်ပြေသလို လာကြည့်၊ ပတ်ဝန်းကျင်အမြဲအကဲခတ်၊ ဈေးကွက်အမြဲလေ့လာပြီး အရသာခံကြည့်။အဲဒီရပ်ကွက်တွေမှာ ဝယ်ထားလိုက်ရင် မြို့ထဲကနေလာကြည့်ဖို့လည်း မလှမ်းမကမ်းမှာပဲမို့ ပိုပြီးတိုက်တွန်းတာလည်း ပါပါတယ်။ကြည့်နေရင်း ကိုယ့်မျက်စိအောက်မှာပဲ ပတ်ဝန်းကျင်တွေဆိုတာ တဗြုန်းဗြုန်း တိုးတက်လာတာမျိူး။ ကိုယ်ကငွေလိုလာတာဖြစ်ဖြစ်၊ ထိုက်သင့်တဲ့တန်ဖိုးရောက်လို့ ဈေးတန်းတစ်ခုမှာ ဖြတ်လိုက်တာမျိူးဖြစ်ဖြစ် ကိုယ့်ကြိုက်ဈေးရောက်လာတော့ ထုတ်ရောင်းရုံပေါ့။
ငွေတန်ဖိုးကျနေချိန် တစ်ခြားပစ္စည်းထက်စာရင် မြေဝယ်တာက စာရွက်စာတမ်းပဲထိန်းသိမ်းဖို့လိုတာမို့ လွယ်ကူ၊ဝန်ပေါ့၊နောက်ဆံတင်းရ အသက်သာဆုံးလို့ ကြည်မြန်မာက မြင်ပါတယ်(မြင်ဆို ကျွန်မက မြေပွဲစားကိုး?၊ မြေသမားက မြေပဲကြိုက်တာပေါ့နော်။)
အခုလက်ရှိမှာလည်း ၁၄၊၁၅ ရပ်ကွက်တွေက အဝယ်လိုက်ပါတယ်။ သိန်း ၇၅၀ လောက်ပဲဈေးခေါ်ရောင်းရင် သိပ်မကြာဘူး ရောင်းထွက်ကြပါတယ်။ နေရာကောင်းရင် သိန်း ၈၀၀ ကနေ သိန်း ၁၂၅၀ ထိ ခေါ်ကြပါတယ်။
နေဖို့လည်း မဟုတ်ဘူး။ ရင်းနှီးမြုပ်နှံမှုအဖြစ် ဝယ်ထားရုံပဲ၊ မြတ်ရင်ပြန်ရောင်းမှာဆိုသူတွေအတွက် သေချာပေါက် မြတ်မယ့်၊ သေချာပေါက် အရင်းမရှူံးမယ့် အရှေ့ဒဂုံ ချမ်းသာရွှေပြည်နဲ့ ဆယ်တော်မူဘုရားနားက ၁၄ နဲ့ ၁၅ ရပ်ကွက်မှာ ပေ ၄၀*၆၀ မြေသီးသန့်တွေ ဝယ်ယူစုဆောင်း ရင်းနှီးမြုပ်နှံကြပါလို့ စေတနာနဲ့ တိုက်တွန်းနိူးဆော်လိုက်ရပါတယ်ရှင်။
ကြီးပွားတိုးတက်ကြပါစေ
ကြည်မြန်မာ အကျိူးဆောင်
၀၉-၇၉၉ ၈၉ ၆၂ ၇၉
Related Searches
- Dagon Myothit (East) ( ဒဂုံမြို့သစ်အရှေ့ပိုင်း ) မြို့နယ်ရှိ ငှားရန် မြေကွက်များ
- ရန်ကုန် ရှိ ငှားရန် မြေကွက်များ
- Dagon Myothit (East) ( ဒဂုံမြို့သစ်အရှေ့ပိုင်း ) မြို့နယ်ရှိ မြေကွက်များ
- ရန်ကုန် ရှိ မြေကွက်များ
- Dagon Myothit (East) ( ဒဂုံမြို့သစ်အရှေ့ပိုင်း ) မြို့နယ်ရှိ ငှားရန် အိမ်ခြံမြေများ
- ရန်ကုန် ရှိ ငှားရန် အိမ်ခြံမြေများ
- Properties in Myanmar
Related Properties
No related properties found!