Special Deal For You

🏠တောင်ပေါ်ဒေသမှာ နားနားနေနေအတွက် အိမ်အပါလေး ဆိုသူများအတွက် အိမ်အ...
Shan State » Kalaw ( ကလော )?မြေပုံမြေရာဇဝင်အကြောင်းသိကောင်းစရာ
အင်္ဂါရပ်များ
Facilities
Property Details
?မြေပုံမြေရာဇဝင်အကြောင်းသိကောင်းစရာ
မြို့ကြီးပြကြီးများတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လိုအပ်ချက်အရ တိုက်ခန်းနေလူတန်းစားနှင့် လုံးချင်းအိမ်နေလူတန်းစား ဟူ၍ လူတန်းစား(၂)ရပ်ပေါ်ပေါက်လာပါသည်။ ?
တိုက်ခန်းဝယ်ယူရန် လွယ်ကူသော် လည်း လုံးချင်းအိမ်ဝယ်ယူသူများ အတွက်မူ လက်ရောက်ရရုံသာမက ဥပဒေအရ ပိုင်ဆိုင်မှုရရန် အရေးကြီးပါသည်။ အရပ်ကတိစာချုပ်များမှတစ်ဆင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုပြီးမှသာ ဥပဒေအရ ပိုင်ဆိုင်နိုင်ရန် လုပ်ဆောင်မှုအဆင့်ဆင့်ကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါသည်။ ?
? အိမ်ခြံမြေအရောင်းအဝယ် မှတ်ပုံတင်စာချူပ်ချုပ်ဆိုရန် မြေပုံမြေရာဇဝင်ကို ဦးစွာ မဖြစ်မနေထုတ်ယူရန်လိုအပ်ပါသည်။
မြေကွက်တစ်ကွက်ဝယ်ယူမည်ဆိုလျှင် မြေပုံမြေရာဇဝင် ကိုအရင်စစ်ဆေးရမည်ဟုလည်း ဥပဒေတွင် ပြဌာန်းထားပါသည်။မြေပုံစာရွက်နှင့် မြေရာဇဝင်စာရွက် (၂)ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင် ဟုခေါ်သည်။ စာချူပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ(၂၁)အရ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရောင်းဝယ်ခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်းစသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုပါကမြေပုံရာဇဝင်မပါခဲ့လျှင် လက်ခံချူပ်ဆိုခြင်းမပြုရ လို့ပါရှိပါသည်။
မြေပုံမြေရာဇဝင်သည် နှစ်စဉ် အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော မြို့ပြမြေစာရင်းမှ ကောက်နှုတ်ချက်မိတ္တူသာဖြစ်၍ မှန်ကန်မှုရှိမရှိကို အိုးအိမ်ဦးစီးဌာန (သို့) မြို့တော်စည်ပင်တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။
မြို့နယ်မြေစာရင်းမှ ထုတ်ပေးသည့် ပုံစံ(၁၀၅)မြေပုံ၊ ပုံစံ(၁၀၆)မြေရာဇဝင် (၂)ရွက်ပေါင်းလိုက်သည့်အတွက် မြေပုံမြေရာဇဝင် ဖြစ်သွားပါသည်။ ရွာမြေ၊ ဥယျာဉ်မြေ၊ စိုက်ပျိုးမြေ မှအပ ကျန်မြေအမျိုးအစားများကို မြေပုံမြေရာဇဝင်ရေးကူးပေးသည်။ မြေတိုင်းတာပေးသည်။
✅ အောက်ပါကိစ္စရပ်များအတွက် သက်သေခံမြေပုံ-မြေရာဇဝင်
(Certified Map) လျှောက်ထားနိုင်ပါသည်။
- အရောင်းအဝယ်မှတ်ပုံတင်စာချူပ် ချူပ်ဆိုရန်
- အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချူပ် ချူပ်ဆိုရန်
- စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရန်
- အဆောက်အအုံအကြီးစား ပြင်ဆင်ခွင့် လျှောက်ထားရန်
- ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်
- အဝီစိတွင်းတူးခွင့် လျှောက်ထားရန်
- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်
- မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်
- ကျူးလွန်ခြင်းပြမြေပုံလျှောက်ထားရန်
- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချူပ် ချူပ်ဆိုရန်
- မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်
- မှတ်တမ်းအဖြစ်ထားရှိရန်
လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အအုံဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံထုတ်ပေးသည်။
✍️မြေပုံမြေရာဇဝင်ကို ဘယ်လိုသူမျိုးတွေလျောက်ထားနိုင်သလဲ
? မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။
? စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲ
ပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။
? ကျူးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံနှင့်မြေရာဇဝင်
ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။
? မြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။
? မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားသည့် သက်သေခံမြေပုံနှင့်မြေရာဇဝင်
ကို မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်
မြေဖြစ်မှသာ လျှောက်ထားခွင့်ရှိသည်။
? သက်တမ်းကုန်သည့်ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း
ကြော်ငြာစာချူပ် ချူပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထား
ခွင့်ရှိသည်။
? ဘယ်မှာလျောက်ရမလဲ..ဘယ်လိုလျောက်ရမလဲ......
ရန်ကုန်မြိ့တော် စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲရေးဌာန တွင် ရုံးဖွင့်ရက်များတွင် လျောက်ထားနိုင်ပါသည်။
မြေပုံမြေရာဇဝင်ရေးကူးခွင့်လျှောက်ထားသူများသည် မြေအမည်ပေါက် သူကိုယ်တိုင် လျှောက်ထားခြင်းဖြစ်လျှင် သတင်းစာတွင် ကြော်ငြာထည့်ရန်မလိုသည့်အတွက် ပိုမိုမြန်ဆန်ပါသည်။ ပုံမှန်အားဖြင့် ခန့်မှန်းခြေ အချိန်(၂)လအတွင်းရရှိနိုင်သည်။
မြေအမည်ပေါက်သူမဟုတ်ဘဲ စာချုပ်စာတမ်းအဆက်စပ်ဖြင့် ပိုင်ဆိုင်လာသူ၊ တရားရုံးဒီဂရီအရ ပိုင်ဆိုင်လာသူ၊ အမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာအရ တင်ပြလျှောက်ထားသူဖြစ်လျှင် သတင်းစာ၌ (၁၄)ရက်အချိန်ပေးပြီး ကြော်ငြာရမည် ဖြစ်ရာ ပိုမိုကြာမြင့်သည်။
မှတ်ချက်- မြေပုံမြေရာဇဝင်သက်တမ်းကို တနှစ်အတွင်းဟုသတ်မှတ်လေ့ရှိ
သည်။ သို.သော် လက်ရှိမြေကွက်ကိုခွဲစိတ်တာ၊ အခြားနည်းအသုံးပြု
တာတွေ ပြုလုပ်ပါက မြေပုံမြေရာဇဝင်ရဲ့သက်တမ်းပျက်ပြယ်
ပါသည်။အသစ်ပြန်လျှောက်ရပါသည်။
? အထက်ပါလုပ်ငန်းစဥ်များအတွက် တိုင်ပင်ဆွေးနွေးလိုပါက၄င်း
? လုပ်ငန်းများအပ်နှံလိုပါက၄င်း
ဒေါ်ခင်ယမုံဇော်
?⚖️အထက်တန်းရှေ့နေ ?⚖️
⚖️ စဥျ - ၄၇၄၅၉/၂၀၁၆ ⚖️
စံပယ်အိမ်ခြံမြေအကျိုးဆောင်နှင့်ဥပဒေပိုင်းဝန်ဆောင်လုပ်ငန်း
☎️ ၀၉ - ၈၈၅၀၃၂၃၁၅
?
#SabeiRealEstate
#KnowledgeSharing
#စံပယ်အိမ်ခြံမြေ
Related Searches
- Mingaladon ( မင်္ဂလာဒုံ ) မြို့နယ်ရှိ ရောင်းရန် လုံးချင်းအိမ်များ
- ရန်ကုန် ရှိ ရောင်းရန် လုံးချင်းအိမ်များ
- Mingaladon ( မင်္ဂလာဒုံ ) မြို့နယ်ရှိ လုံးချင်းအိမ်များ
- ရန်ကုန် ရှိ လုံးချင်းအိမ်များ
- Mingaladon ( မင်္ဂလာဒုံ ) မြို့နယ်ရှိ ရောင်းရန် အိမ်ခြံမြေများ
- ရန်ကုန် ရှိ ရောင်းရန် အိမ်ခြံမြေများ
- Properties in Myanmar
Related Properties
No related properties found!