Special Deal For You

💥အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့ အခွင့်အရေး

Shan State » Kalaw ( ကလော )
By: Real Estate Agent
💥နောင်တရဖို့မလိုအောင် ဒီလိုကောင်းတဲ့အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့အခွင့်အရေးကို အခုပဲခိုင်မာစွာယူထားလိုက်တော့နော်.🆕 ရပ်ကွက်   &nb...
မွကှေကျ ရောင်းရန် 0 သိန်း

မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း

မွကှေကျ ရောင်းရန် 0 သိန်း
Property ID: YS-17232
Installment?: No
262
Views
Mandalay Region » Mandalay ( မန္တလေး )

အင်္ဂါရပ်များ

0 Number of car parking Area 0 x 0 0 Number of bed room 0 Number of bath room
join property
join property 22-Mar-2022 14:30 PM
Real Estate Agent
Chat with owner

Facilities

Property Details

မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြို့သစ်များ၊ မြို့ကွက်သစ် ချထားပေးမှုများတွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက မြေလျောက် ထားသူများ၊ မြေနေရာ ပေးသင့်သူများကို ကနဦးအနေဖြင့် မြေပေးမိန်၊ ပါမစ်ဖြင့် လူနေထိုင်ရန် မြေ ကွက် ချထားခြင်းဖြစ်ပါ သည်။ အဆိုပါမြေကွက်သည် အစိုးရမြေအဖြစ်သာ မှတ်တမ်းဝင်နေပါသည်။မြေပေးမိန့်၊ ပါမစ်သည် မြေပိုင်ဆိုင်ခွင့် မြေငှားဂရန် မဟုတ်ပါ။ တရားဝင် ပိုင်ဆိုင်မှု မဟုတ်ပါ။ အာဏာပိုင်အဖွဲ့က စီမံ ခန့်ခွဲရေး နည်းလမ်းအရ လွယ်ကူစေရန် ချထားပေးခြင်း သဘောသာ ဖြစ်ပါသည်။ မြေပိုင်ဆိုင်ခွင့် ဂရန် ဆက်လက်ဆောင်ရွက်နိုင်ရေး ချထားပေးခြင်း ဖြစ်ပါသည်။ လိုင်စင်မြေလောက်ပင် ပိုင် ဆိုင်မှု ခိုင်မာခြင်း မရှိပါ။

ပါမစ်မြေကို မြေစာရင်း ၁(က) စာရင်းတွင် ယာယီသဘောခဲဖြင့် ရေးမှတ်တတ်ကြပါသည်။ ပါမစ်ရသူက မြေငှားဂရန် ရရှိရေးကို ဆက်လက်လျောက်ထားရယူရပါသည်။ မြေပေးမိန်ဖြင့် မြေချထားပေးခြင်းခံရသူ၊ ပါမစ်တွင် အမည်ပေါက်သူ ကိုယ်တိုင် ဂရန်လျောက်ထားမှသာ ဂရန်ရရှိရေး လွယ်ကူပါသည်။ ဂရန်ရရှိမှသာ ၁(က) စာရင်းတွင် အမည်ပေါက် ဖြစ်လာပါမည်။

မြေကွက်တွင် နေထိုင်ခွင့်ပါမစ် ရရှိသူတို့က အရပ်သဘောဖြင့် မနေထိုင်လို၍ ငှားရမ်းခြင်း လွှဲပြောင်း ရောင်း ချခြင်း ပြုလုပ်ကြသည်လည်းရှိပါသည်။ ပါမစ်မြေကွက်ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်းနေထိုင်ခြင်းမှာ အချို့က ပြဿနာမရှိနိုင်ဆိုသော်လည်း မြေကိုပိုင်ဆိုင်မှု မခိုင်မာသေးသူက ပြန်လည်ငှားရမ်းခြင်း ဖြစ်၍ လည်း ကောင်း၊ ကာလစည်းကမ်းသတ် ဥပဒေအရ ရေရှည်တွင် အငြင်းပွားနိုင်သဖြင့် လည်းကောင်း၊ မြေပေးမိန့် ပါမစ်တွင် ပါဝင်သော စည်းကမ်းချက်များအရလည်းကောင်း ငှားရမ်းမှုဆောင်ရွက်ရန် မသင့်ပါ။ပါမစ်မြေ ကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင်လွှဲပြောင်းရောင်းချခွင့်ပြု/မပြုကို စီစစ်ပြီးမှ ဝယ်ယူသင့်ပါ သည်။ မပြု တာက များပါသည်။ ပါမစ်တွင် မြေကွက်ကို လွှဲပြောင်းရောင်းချခွင့်ရှိသည်ဟု ပါရှိပါက ပြင်ပလူတစ်ဦး အနေဖြင့် ဝယ်ယူနိုင်ပါသည်။ ပါမစ်တွင် လွှဲပြောင်းရောင်းချခွင့်မပြုဟု ဖော်ပြပါရှိပါက ပြင်ပပုဂ္ဂိုလ်အနေဖြင့် ဝယ်ယူရန်မသင့်ပါ။ အကြောင်းမှာ ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ဝယ်ယူနေထိုင်သူ ပြင်ပ ပုဂ္ဂိုလ်အား ဂရန်ထုတ်မပေးပါက ယင်းမြေကွက်အပေါ် ပိုင် ဆိုင်မှု ရရှိမည်မဟုတ်ပါ။ ငွေကျေးပိုမိုကုန်ကျ၍ ခက်ခဲနိုင်ပါသည်။

ပါမစ်မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ် ပြုလုပ်နိုင်ခွင့်မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာရှိနိုင်မည် မဟုတ်သော်လည်း နောင်တစ်ချိန်တွင် ပြန်လည်ရောင်းချပါက မှတ်ပုံတင် စာချုပ်မရှိသဖြင့် အရပ်စာချုုပ်ဖြင့်သာ ရောင်းချနိုင်မည်ဖြစ်၍ တန်ရာတန်ဖိုးရရှိ နိုင်မည်မဟုတ်ပါ။

ပါမစ်မြေကွက်ရောင်းချခဲ့သူကို ဆက်သွယ်ရရှိ၍ ဂရန်လျှောက်ထားပေးပါက ယင်းဂရန်ရရှိသည့်အခါ ပါမစ်အမည်ပေါက်သူနှင့် ဝယ်သူတို့ အနေဖြင့် မှတ်ပုံ တင်ချုပ် စာတမ်းထပ်မံချုပ်ဆိုရမည်ဖြစ်ပါသည်။ အခွန်အခနှင့် စရိတ်များ ထပ်မံကုန်ကျပါမည်။ မြေကွက်များအနေဖြင့် တစ်နှစ်ထက်တစ်နှစ် ကာလ တန် ကြေးများတက်သဖြင့် ဝယ်ယူသည့်အချိန်က ပေါက်ဈေးနှင့် မှတ်ပုံတင်သည့်အခါ ဖြစ်ပေါ်နေသော ပေါက် ဈေးတို့ ကွာဟချက်ရှိနေသဖြင့် ပါမစ်အမည်ပေါက်သူက ထပ်မံ၍ ငွေတိုးတောင်းလာမည်ကိစ္စရပ် ပေါ် ပေါက်နိုင်ကြောင်း ဝယ်သူအနေဖြင့် သတိချပ်သင့်ပါသည်။

ပါမစ်မြေကွက်ကို ရောင်းချခွင့်ရှိ၍ ဝယ်ယူရာတွင်လည်း ရောင်းချသူထံမှ ယင်းမြေကွက်နှင့်စပ်လျဉ်းသော အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ကို ရယူထားပါက ဝယ်ယူသူက ဂရန်လျှောက်ထားခြင်း စာ ချုပ် စာတမ်းပြုလုပ်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

ပါမစ်မြေကွက်ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားမိတ္တူနှင့် သန်းခေါင်းစာရင်း မိတ္တူ တို့ကိုပါ ရယူထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဂရန်လျှောက်ထားသည့် အခါ သက်ဆိုင်ရာက ပါမစ်မြေကွက်ရှိသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတို့ကိုတောင်းပါက အသင့်တင်ပြနိုင်ရန် ဖြစ်ပါသည်။

#Crd

မျိုးမင်းထွန်း

Send enquiry to

I am a

Property ID: YS-17232

Please mention that you found this advertisement on Yuzanarland.com

Related Properties

လူကြီးမင်းတို့ စိတ်ဝင်စားပါက  Page messenger / Viber/ Phone တို့မ...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
လူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ Phone တို့မှဆက်သွယ် နိုင်ပါသည်☎️☎️09400999414(Viber)??09976567638☎️☎️09782251006(Viber) ??09...
မွကှေကျ ရောင်းရန် 0 သိန်း

း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
လမ်း 80 နေရာကောင်း နှင့် 19 လမ်း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များအားစုစည်းထားပါတယ်ခင...
မွကှေကျ ရောင်းရန် 0 သိန်း

▪️မန္တလေးနေရာစုံအရောင်း ▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
▪️မန္တလေးနေရာစုံအရောင်း▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များအားစုစည်းထားပါတယ်ခင်ဗျလူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ P...
မွကှေကျ ရောင်းရန် 0 သိန်း

ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာ...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
#code7208#ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာရှိတယ်နော်57×101လမ်းအနီး80×60ပေ#ကိုထိန်လင်း ?????? ???????? ???...
မွကှေကျ ရောင်းရန် 0 သိန်း

မန္တလေးတိုင်း မန္တလေးမြို့ မြို့သစ် မြေအရောင်းလေးပါဗျ

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
မန္တလေးတိုင်း မန္တလေးမြို့ မြို့သစ် မြေအရောင်းလေးပါဗျမန္တလေး မြို့ မနော်ဟရီး လမ်းတင် ပေအကျယ်မြေကွပ်မျက်နှာစာ ပေ 80 ×120 ပေ  ၄၀+၆၀. ၄ ကွက်တွ...
မွကှေကျ ရောင်းရန် 0 သိန်း

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!