Special Deal For You

💥အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့ အခွင့်အရေး

Shan State » Kalaw ( ကလော )
By: Real Estate Agent
💥နောင်တရဖို့မလိုအောင် ဒီလိုကောင်းတဲ့အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့အခွင့်အရေးကို အခုပဲခိုင်မာစွာယူထားလိုက်တော့နော်.🆕 ရပ်ကွက်   &nb...
မွကှေကျ ရောင်းရန် 0 သိန်း

စားကျက်မြေအကြောင်း သိမှတ်ဖွယ်ရာ”

မွကှေကျ ရောင်းရန် 0 သိန်း
Property ID: YS-12793
Installment?: No
1,462
Views
Mandalay Region » Mandalay ( မန္တလေး )

အင်္ဂါရပ်များ

0 Number of car parking Area 0 x 0 0 Number of bed room 0 Number of bath room
join property
join property 04-Mar-2022 16:42 PM
Real Estate Agent
Chat with owner

Facilities

ပိုင်ဆိုင်မှု့ ဝယ်သူအမည်ပေါက်ဖြစ်စေမည် Electricity Supply Water Supply

Property Details

စားကျက်မြေအကြောင်း သိမှတ်ဖွယ်ရာ”
မေးတတ်သောမေးခွန်းများ
(၁) စားကျက်မြေကို ဂရန် လျှောက်၍ ရ/မရ
စားကျက်မြေကို ဝယ်ယူပါက ပိုင်ဆိုင်မှုခိုင်မာမှု ရှိ/ မရှိ စသည်ဖြင့် မေးမြန်းလေ့ရှိကြပါသည်။ သို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါသည်။
(၂) ရှေးဦးစွာ ဂရန်လျှောက်၍ ရသောမြေအမျိုးအစားနှင့် ခွင့်ပြုသော ဂရန် အမျိုးအစားတို့ကိုဖော်ပြသွားပါမည် -
လိုင်စင်မြေ
ပါမစ်မြေ
စကွွာတာမြေ
ကျေးရွာမြေ
နှစ်တိုမြေငှားဂရန်
နှစ်ရှည်မြေငှားဂရန်
စက်မှုမြေငှားဂရန်
အခွန်လွတ်မြေငှားဂရန် တို့ဖြစ်ကြပါသည်။
သို့ဖြစ်၍ စားကျက်မြေသည် ဂရန်လျှောက်၍ ရသည့် မြေအမျိုးအစားတွင် မပါဝင်ကြောင်းတွေ့ရပါသည်။
၃။ "စားကျက်မြေ"
စားကျက်မြေဆိုသည်မှာ “ ကျွဲ နွားများ စားသုံးရန်၊ လွတ်ကျောင်းရန်အတွက် ကော်လိတော်အရာရှိ၊ မြေစာရင်းအင်စပက်တော်နှင့် မြေတိုင်းစာရေးတို့က အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ပုဒ်မ ၇၅ မှ ၇၉ အထိ ပြဌာန်းချက်များ နှင့်
အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ပုဒ်မ ၆၆ မှ ၇၁ တို့အရ  စားကျက်မြေဟု သတ်မှတ်ခြင်းဖြစ်ပါသည်။
အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေပါ စားကျက်မြေ အကြောင်းတို့ကို ကောက်နုတ်၍ ဖော်ပြသွားပါမည် ။
၄။  အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ
အခန်း(၁၁)
“ကျွဲ နွားစားကျက်မြေများချထားရန် နည်းဥပဒေ”
နည်းဥပဒေ ပုဒ်မ ၇၅ ။ (၁) ကျေးရွာတစ်စုံတစ်ရာတွင် နေထိုင်သူတို့ ကျွဲနွှားများစားကျက်အလို့ငှာ မြေရာလိုသည်ဟု၊ ကော်လိတော်အရာရှိတို့ကသင့်တော်လျှင်၊ ချထားရန်သင့်လျော်သည်ဟူ၍ ထင်မြင်သည့်မြေကို မှတ်သားပိုင်းခြားပြီးလျှင်၊ ၄င်းမြေကိုတိုင်းတာ၍ နယ်ပုံရေးသားစေရမည်။
ပုဒ်မ ၇၅(၂) “ ကျွဲနွား စားကျက်မြေ” ဆိုသည့်စကားရပ်တွင် လိုအပ်သည့် ကျွဲနွားလမ်းများဖြစ်စေ၊ စားကျက်မြေသို့ချဉ်းကပ်ရန် လမ်းများဖြစ်စေ ပါဝင်သည်။
ပုဒ်မ ၇၆။ ။ ၄င်းမြေနယ်ပုံလက်ခံနှင့် တကွ ကြော်ငြာစာများကို၊ ၄င်းမြေနှင့် နီးစပ်ရာ ကျေးရွာများဆိုင်ရာ ရွာသူကြီးတို့ နေအိမ်များတွင် ဆွဲကပ်ထားရမည်။ ၄င်းကြော်ငြာစာတွင်လည်း၊ ၄င်းမြေကို ကော်လိတ်တော်အရာရှိက ကျွဲနွားစားကျက်မြေချထားမည်ကြံရွယ်ကြောင်းကို၊ ၄င်းရွာသူကြီးတို့အား ပြော၍၊ သည်ကဲ့သို့ ချထားရန်ရှိသည်ကိုအနီးအနားရှိကျေးရွာများတွင် နေထိုင်သူမည်သူကမဆို သဘောမတူလျှင် မတူသည့်အချက်ကို ကော်လိတ်တော်အရာရှိ ရှေ့လာရောက် လျှောက်ထားနိုင်ရန်၊ ကြော်ငြာစာထုတ်ဆင့်သည့်နေ့ရက်က ၁၅ ရက်အောက်မလျော့စေရန်။ နေ့ရက်ချိန်းချက် သတ်မှတ်လျှက် ပါစေရမည်။
ပုဒ်မ ၇၇။ ။ ကော်လိတော်အရာရှိမှာ၊ ၄င်းမြေချအပ်သည့် အရာကို သဘောတူကြောင်းနှင့် လျှောက်ထားကန့်ကွက်ချက်များကို ကြားနာပြီးနောက်ဖြစ်စေ။ တစ်စုံတစ်ရာ ကန့်ကွက်မရှိလျှင်၊ သင့်လျော်သည်ထင်မြင်သည့်အတိုင်း၊ ထပ်မံစစ်ဆေးမေးမြန်းပြီးနောက်၊ မြေရာအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေကိုဖြစ်စေ၊ ကျွဲနွားစားကျက်ပြုလုပ်ချထားရန် သင့်သည်ထင်မြင်လျှင်၊ သည်ကဲ့သို့ ထင်မြင်သည့် အတိုင်း၊ မြေဧရိယာအကျယ်မည်မျှချထားကြောင်း၊ မည်သည့်ကျေးရွာများ အကျိုးအလို့ငှာချထားကြောင်းများကို ဆုံးဖြတ်၍ အမိန့်ထုတ်ဆင့်ရမည်။
၄င်းနောက်သတ်မှတ်သည့် မှတ်ပုံစာအုပ်တွင်၊ ၄င်းကျွဲ နွားစားကျက်အကြောင်းအရာကို တင်သွင်းရေးမှတ်၊ စားကျက်မြေကို အပြီးသတ်နယ်ပိုင်းခြားသတ်မှတ်စေပြီးလျှင် အပြီးသတ်ချထား ကြောင်း နို့တစ်စာ ထုတ်ဆင့်ရမည်။ ၄င်းနို့တစ်စာထုတ်ဆင့်ပြီးနောက်၊ ကော်လိတော်အရာရှိထုတ်ဆင့်သည့် မြေချ ထားကြောင်း၊ အမိန့်စာတွင်ခွဲခြားဖော်ပြပြပါ ကျေးရွာများတွင် နေထိုင်သူတို့က၊ ၄င်းမြေကို ကျွဲ နွားစားကျက်အဖြစ် အသုံးပြုခွင့်ရသည်။ ၄င်းမြေကို အခြားမည်သည့်ကိစ ္စတစ်စုံတစ်ရာအလို့ငှာမျှ၊ လက်ရှိ လုပ်ကိုင်လွှဲအပ်ချထားခြင်း မရှိစေရ။
ကျွဲနွားစားကျက်တစ်စုံတစ်ရာကို အထက်နောက် ထုံးနည်းအရ အပြီးသတ်နယ်နိမိတ်ပိုင်းခြားသတ် မှတ်ပြီးသည့်အခါ၊ ကျွဲနွားစားကျက်မြေအတွင်း ပါဝင်သည့်မြေတစ်စုံတစ်ရာကို ၊ စားကျက်လုပ်ခြင်း ကိစ္စ မှတစ်ပါး၊ အခြားကိစ္စတစ်စုံတစ်ရာအတွက် လက်ရှိပိုင်သူ သို့မဟုတ် ကော်လိတော်အရာရှိထံက အထူးအခွင့် အရေးမပေးဘဲ ၄င်းစားကျက်အတွင်း ပေါက်ရောက်သည့် သစ်ပင်၊ ချုံစေး စသည်များကို ခုတ်လှဲ ရွှေ့ပြောင်း သယ်ယူသူ၊ သို့မဟုတ် ၄င်းအတွင်း ပေါက်ရောက်သောမြက်များကို၊ ဒီဇင်ဘာလကစ၍ မေလကုန်တိုင်လများအတွင်း ရွှေ့ပြောင်းသယ်ယူသူ မည့်သူကိုမဆို ၅ဝိ/- ထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေ မပေးဆောင်ပျက်ကွက်လျှင် ၁၅ ရက် ထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ စီရင်နိုင်သည်။
ဟု အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ပုဒ်မ ၇၅ မှ ၇၉ အထိ စားကျက်မြေနှင့်ပတ်သက်၍ ပြဌာန်းထားသည်ကို တွေ့ရှိရပါသည်။
အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ပုဒ်မ ၆၆ မှ ၇၁ အထိတွင်လည်း စားကျက်မြေနှင့် ပတ်သက်၍ အလားတူပြဌာန်းထားသည်။
ထို့ကြောင့် စားကျက်မြေကို အခြားနည်းသုံးစွဲ၍ မရပါ။
“၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ”
၅။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်း နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပြဌာန်းချက် ပုဒ်မ ၃ တွင် -
ဤဥပဒေ တွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -
(က) လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းမြေ၊ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်သီးနှံစိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟု သော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုး သည့် ခြံမြေ ဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကို ဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေများ မပါဝင် ဟု လယ်ယာမြေ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်။
၄င်းနောက်ပုဒ်မ ၃(ခ) တွင် လယ်မြေ၏ အဓိပ္ပာယ်၊
၃(ဂ) တွင် မြေနုကျွန်းမြေ၊
(ဃ) တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ၊
(င) တွင် တောင်သူလယ်သား၊
(စ) တွင် တောင်သူလယ်သမားအိမ်ထောင်စု၊
(ဆ) တွင်အိမ်ထောင်သားစု အကြီးအကဲ
(ဇ)တွင် အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်း၊
(ဈ) တွင်အုပ်ထိန်းသူ၊
(ည) တွင် တောင်သူလယ်သမားအဖွဲ့အစည်း
(ဋ) တွင် ဝန်ကြီးဌာန
(ဌ) တွင် ဦးစီးဌာန
စသည်တို့၏ အဓိပ္ပာယ်များကို ဖွင့်ဆိုထားရာ “ကျွဲနွားစားကျက်မြေ”၏အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိပေ။
သိုဖြစ်၍ စားကျက်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေတို့ တွင် ပြဌာန်းထားရှိသည့် အတိုင်း မှတ်ယူရန်ဖြစ်ပေသည်။
သို့ဖြစ်၍ ကျွဲနွားစားကျက်မြေအဖြစ် မြေစာရင်းမြေပုံတင်ပေါ်ပေါက်နေသော မြေကို ဝယ်မည်ဆိုပါက ပိုင်ဆိုင်မှု ခိုင်မာမှု မရှိပါကြောင်း မျှဝေအပ်ပါသည်။
 ပြန်လည်ကူးယူဖော်ပြချင်းဖြစ်ပါသည္။
 

Send enquiry to

I am a

Property ID: YS-12793

Please mention that you found this advertisement on Yuzanarland.com

Related Properties

လူကြီးမင်းတို့ စိတ်ဝင်စားပါက  Page messenger / Viber/ Phone တို့မ...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
လူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ Phone တို့မှဆက်သွယ် နိုင်ပါသည်☎️☎️09400999414(Viber)??09976567638☎️☎️09782251006(Viber) ??09...
မွကှေကျ ရောင်းရန် 0 သိန်း

း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
လမ်း 80 နေရာကောင်း နှင့် 19 လမ်း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များအားစုစည်းထားပါတယ်ခင...
မွကှေကျ ရောင်းရန် 0 သိန်း

▪️မန္တလေးနေရာစုံအရောင်း ▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
▪️မန္တလေးနေရာစုံအရောင်း▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များအားစုစည်းထားပါတယ်ခင်ဗျလူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ P...
မွကှေကျ ရောင်းရန် 0 သိန်း

ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာ...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
#code7208#ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာရှိတယ်နော်57×101လမ်းအနီး80×60ပေ#ကိုထိန်လင်း ?????? ???????? ???...
မွကှေကျ ရောင်းရန် 0 သိန်း

မန္တလေးတိုင်း မန္တလေးမြို့ မြို့သစ် မြေအရောင်းလေးပါဗျ

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
မန္တလေးတိုင်း မန္တလေးမြို့ မြို့သစ် မြေအရောင်းလေးပါဗျမန္တလေး မြို့ မနော်ဟရီး လမ်းတင် ပေအကျယ်မြေကွပ်မျက်နှာစာ ပေ 80 ×120 ပေ  ၄၀+၆၀. ၄ ကွက်တွ...
မွကှေကျ ရောင်းရန် 0 သိန်း

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!