Special Deal For You

💥အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့ အခွင့်အရေး

Shan State » Kalaw ( ကလော )
By: Real Estate Agent
💥နောင်တရဖို့မလိုအောင် ဒီလိုကောင်းတဲ့အချက်အချာကျတဲ့နေရာမှာ ခြံပိုင်ဆိုင်ဖို့အခွင့်အရေးကို အခုပဲခိုင်မာစွာယူထားလိုက်တော့နော်.🆕 ရပ်ကွက်   &nb...
မွကှေကျ ရောင်းရန် 0 သိန်း

မြေကွက်တစ်ကွက်ကို ချထားပေးပိုင်ခွင့် ***************************

မွကှေကျ ရောင်းရန် 0 သိန်း
Property ID: YS-12494
Installment?: No
228
Views
Mandalay Region » Mandalay ( မန္တလေး )

အင်္ဂါရပ်များ

0 Number of car parking Area 0 x 0 0 Number of bed room 0 Number of bath room
join property
join property 02-Mar-2022 13:38 PM
Real Estate Agent
Chat with owner

Facilities

Water Supply

Property Details

မြေကွက်တစ်ကွက်ကို ချထားပေးပိုင်ခွင့်
***************************
       မြေယာတိုင်ကြားစာတွေ၊ မြေယာအယူခံမှုတွေ၊ သိမ်းဆည်းမြေတိုင်စာတွေ စတဲ့ မြေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို စုံစမ်းရင်ပဲဖြစ်ဖြစ်၊ စစ်ဆေးရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ကြားနေကျ စကားကတော့ မြေကို ချထားပေးပိုင်ခွင့်မရှိတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတွေက ချထားပေးခဲ့ပါတယ်ဆိုတဲ့ အဖြေကို စစ်ဆေးခံရသူများမှ ထွက်ချက်ပေးပြောဆိုတာကို မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အဲ့ဒါ ဘာလို့လဲဆိုတော့ သူတို့မြေကို ချထားပေးခဲ့တဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတွေဟာ ဒီမြေကို ချထားပေးပိုင်ခွင့်ရှိတယ်လို့ ထင်ခဲ့ကြလို့ပါပဲ။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၃၇(က)မှာ “နိုင်ငံတော်သည်  နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်”လို့ ပြဌာန်းထားတဲ့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြေအားလုံးကို နိုင်ငံတော်အစိုးရက ပိုင်ပါတယ်။ ဒါဆိုရင် “မြို့မြေတွေ၊ လယ်ယာမြေတွေ၊ အခြားလုပ်ကိုင်နေတဲ့မြေတွေက ကျွန်တော်တို့ မပိုင်ဘူးလား”လို့ မေးစရာရှိလာပါတယ်။ “မပိုင်ပါဘူး”လို့ ဖြေပါရစေ။ နိုင်ငံတော်ဆီက လုပ်ကိုင်နေထိုင်ခွင့်ကို တရားဝင်လျှောက်ထားရရှိမှသာ တရားဝင်လုပ်ကိုင်နေထိုင်ခွင့်ရကြမှာဖြစ်ပါတယ်။
       မြေတစ်ကွက်ကို ချထားပေးနိုင်တဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတွေက အနည်းအကျဉ်းပဲရှိပါတယ်။ မြို့မြေဆိုရင် ကော်လိတ္တော်လို့ခေါ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ချထားပေးပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် မြို့မြေငှားဂရန်ဆိုရင် ကော်လိတ္တော်ဆီမှာ လျှောက်ထားရတာပါ။ အသိမှားနေတာက ဂရန်ကို မြေစာရင်း (ယခုအခေါ်-လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန)က ချထားပေးတယ်လို့ ထင်တတ်ကြပါတယ်။ ကျွန်တော်တို့ မြေစာရင်းဌာနက ပထမ မြေကိုစိစစ်ပြီး(၁၀၅/၁၀၆)ရေးကူးပေးရပါတယ်။ ကော်လိ‌တ္တော်က မေးမြန်းတဲ့ လျှောက်ထားတဲ့ မြေနဲ့ပတ်သက်တဲ့ အချက်(၁၁)ချက် စိစစ်ပြန်ကြားပေးရပါတယ်။ နောက်ဆုံး ဂရန်ကျပြီဆိုရင် (၁-က)စာရင်းမှာ လိုက်နာပေးရပါတယ်။ ဒါပါပဲ။ ဒါကြောင့် မြို့မြေဆိုရင် ကျွန်တော်တို့ မြေစာရင်းဌာနက ချထားပေးတာ မဟုတ်ပါကြောင်းနဲ့ ကော်လိတ္တော်လို့ခေါ်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက ချထား ပေးပါတယ်ဆိုတဲ့အကြောင်း ရှင်းပြပါရစေ။ (မှတ်ချက်-ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို မြို့ကြီးတွေမှာ စည်ပင်၊ အိုးအိမ်တို့ကလည်း ချထားပေးနိုင်ပါတယ်)
       တောင်သူဦးကြီးများလုပ်ကိုင်နေတဲ့ လယ်ယာမြေတွေဆိုရင်တော့ ရပ်/ကျေးမှာ ပုံစံ(၁)နဲ့လျှောက်ရပါတယ်။ ကျွန်တော်တို့ မြေစာရင်းဌာနက အမှုတွဲဖွင့်၊ ကန့်ကွက်လွှာကို ရက်ပေါင်း(၃၀)ကြာ ခေါ်ရပါတယ်။ ကန့်ကွက်မှုရှိရင် ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ပြန်လည်စိစစ်ခိုင်းရပါတယ်။ ကန့်ကွက်မှုမရှိရင်တော့ ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ထောက်ခံချက်တွေနဲ့တူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြရပါတယ်။ ထောက်ခံမှုတွေရပြီဆိုမှ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့  ခွင့်ပြုကြောင်း၊ ငြင်းပယ်ကြောင်း ရရှိဖို့ ဆက်လက်တင်ပြရပါတယ်။ ခွင့်ပြုပြီဆိုရင်တော့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ကို ထုတ်ပေးပါတယ်။လယ်ယာမြေကို လုပ်ပိုင်ခွင့် ချထားပေးပိုင်ခွင့်ရှိတာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လို့ မှတ်သားထားပါလေ။(မြေစာရင်းဌာနက ပုံစံ(၇)ထုတ်ပေးတယ်လို့ မမှတ်ယူစေလိုပါ)
       နောက်တစ်ခုက မြေလွတ်မြေရိုင်းတွေပါ။ မြေလွတ်မြေရိုင်းတွေကို ချထားလုပ်ပိုင်ခွင့်ပြုနိုင်တာက ကော်မတီ(၂)ခုပဲ ရှိပါတယ်။ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီနဲ့ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီတို့ပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးအတွက် ဧက(၃၀၀)ထိ၊ မွေးမြူရေးအတွက် ဧက(၅၀)ထိဆိုရင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက ချထားပေးနိုင်ပြီး၊ စိုက်ပျိုးရေးအတွက် ဧက(၃၀၀)အထက်၊ မွေးမြူရေးအတွက် ဧက(၅၀)အထက်နဲ့ စိုက်ပျိုးမွေးမြူရေး မဟုတ်ဘဲ အခြားလုပ်ငန်းများအတွက်ဆိုရင်တော့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ချထားပေးနိုင်ပါတယ်။
       ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောပါရစေ။ ဒါက ဘာလဲဆိုတော့ ကျွန်တော်တို့ မြေစာရင်းဌာနက ထုတ်ပေးတဲ့ မြေစာရင်းပုံစံ(၁၀၅/၁၀၆)ပါ။ လူတော်တော်များများက မြေစာရင်းပုံစံ(၁၀၅/၁၀၆) ထုတ်ပေးတာကို ပိုင်ဆိုင်ခွင့်ပေးလိုက်တာလို့ ထင်ကြလို့ပါ။ မြေစာရင်းပုံစံ(၁၀၅/၁၀၆)ဆိုတာ မြေပြင်မှာ ဒီကိစ္စအတွက် ဒီနေရာမှာ ဒီလိုအသုံးပြုထားတယ်ဆိုတာကို မြေပုံ/မြေရာဇဝင်နဲ့ သက်သေခံတာပါပဲ။ ဥပမာ- ဦးဖြူရဲ့ အိမ်ဝိုင်းမြေနေရာဟာ ကွင်း/အကွက်အမှတ် ဘယ်လောက်မှာရှိတယ်၊ ဦးပိုင်အမှတ်က ဘယ်လောက်၊ ဧရိယာက ဘယ်လောက်ရှိတယ်ဆိုတာကို သက်သေခံတာပါပဲ။ ဒီအိမ်ဝိုင်းမြေနေရာကို ဦးဖြူအား ပိုင်ဆိုင်ခွင့် ချထားခြင်း မဟုတ်ပါဘူး။မြေတစ်ကွက်ကို ချထားပိုင်ခွင့် မရှိတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတွေက “ရော့” “အင့်”လို့ ချထားပေးပိုင်ခွင့် မရှိပါကြောင်း မှတ်သားထားစေလိုပါတယ်။ နောက်တစ်ချက်က ကိုယ့်မှာရှိတဲ့ မြေတစ်ကွက်ဟာ ချထားပေးပိုင်ခွင့်ရှိတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတွေက ချထားပေးထားသလား၊ ချထားပေးပိုင်ခွင့်မရှိတဲ့ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတွေက ချထားပေးထားသလားဆိုတာ သတိပြု ဆန်းစစ်စေလိုပါတယ်။
 Crd     Ko Cho (Pauk)
 

Send enquiry to

I am a

Property ID: YS-12494

Please mention that you found this advertisement on Yuzanarland.com

Related Properties

လူကြီးမင်းတို့ စိတ်ဝင်စားပါက  Page messenger / Viber/ Phone တို့မ...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
လူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ Phone တို့မှဆက်သွယ် နိုင်ပါသည်☎️☎️09400999414(Viber)??09976567638☎️☎️09782251006(Viber) ??09...
မွကှေကျ ရောင်းရန် 0 သိန်း

း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
လမ်း 80 နေရာကောင်း နှင့် 19 လမ်း လုပ်ငန်းလုပ်ရန် ကောင်းသော နေရာများ ရောင်းရန်ရှိပါသည်▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များအားစုစည်းထားပါတယ်ခင...
မွကှေကျ ရောင်းရန် 0 သိန်း

▪️မန္တလေးနေရာစုံအရောင်း ▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
▪️မန္တလေးနေရာစုံအရောင်း▪️စျေးလဲတန် ပိုင်ဆိုင်မှုခိုင်မာသောမြေကွက်များအားစုစည်းထားပါတယ်ခင်ဗျလူကြီးမင်းတို့ စိတ်ဝင်စားပါက Page messenger / Viber/ P...
မွကှေကျ ရောင်းရန် 0 သိန်း

ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာ...

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
#code7208#ဒီလိုမြေကွက်ကလှလှ၂ကွက်တွဲရှာနေတယ်ဆိုရင်_ကိုထိန်လင်း_အိမ်ခြံမြေမှာရှိတယ်နော်57×101လမ်းအနီး80×60ပေ#ကိုထိန်လင်း ?????? ???????? ???...
မွကှေကျ ရောင်းရန် 0 သိန်း

မန္တလေးတိုင်း မန္တလေးမြို့ မြို့သစ် မြေအရောင်းလေးပါဗျ

Mandalay Region » Mandalay ( မန္တလေး )
By: Real Estate Agent
မန္တလေးတိုင်း မန္တလေးမြို့ မြို့သစ် မြေအရောင်းလေးပါဗျမန္တလေး မြို့ မနော်ဟရီး လမ်းတင် ပေအကျယ်မြေကွပ်မျက်နှာစာ ပေ 80 ×120 ပေ  ၄၀+၆၀. ၄ ကွက်တွ...
မွကှေကျ ရောင်းရန် 0 သိန်း

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!