ရဲစခန်းသွားရင် ဘယ်လိုတိုင်ကြားရမလဲ သိချင်ကြသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

19-Jan-23
ရဲစခန်းသွားရင် ဘယ်လိုတိုင်ကြားရမလဲ သိချင်ကြသူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

ရဲစခန်းသွားရင်
ဘယ်လိုတိုင်ကြားရမလဲ
သိချင်ကြသူများအတွက်
ဖော်ပြပေးလိုက်ပါတယ်။ 
ပထမသတင်းပေးတိုင်တန်းချက်
First information report
ပထမသတင်းပေး အစီရင်ခံချက်ရှေ့ဘက်မျက်နှာတွင် ဇယားကွက်များ တွေ့ရှိရမည်ဖြစ်သည်။ အဆိုပါဇယား ကွက် များတွင် လိုအပ်သလို ဖြည့်သွင်းထား သည်များကို တွေ့ရမည်ဖြစ်သည်။
-       အမှုဖြစ်မြို့နယ်
-       ရဲစခန်း
-       အမှတ်စဉ်
-       အမှုဖြစ်ပွားသည့်နေ့ရက်နှင့်နာရီ
-       အစီရင်ခံသည့်နေ့ရက်နှင့်နာရီ
-       တိုင်တန်းသူအမည်
-       အဖအမည်နှင့်နေထိုင်ရာအရပ်
-       အမှုဖြစ်ပွားရာနေရာ
-       ရဲစခန်းမှသတင်းပေးချက်မိတ္တူပို့သည့်နေ့ရက်နှင့်နေရာ
-       အမှုစစ်အရာရှိအမည်
-       အမှုစွဲတင်ခြင်းအတွက်စွဲချက်အမှတ်နှင့်နေ့စွဲ
-       တရားခံအမည်
-       အဖအမည်
-       မှတ်ပုံတင်အမှတ်နှင့်နေထိုင်ရာအရပ်( တရားခံတစ်ဦးချင်းအတွက် )
-       အမှုအကြောင်းအရာအကျဉ်းချုပ်။
   ( ၁ ) ပုဒ်မ ( ၂ ) ယူဆောင်သွားသည့်ပစ္စည်း ( ၃ ) လုပ်ဆောင်ပုံအကြောင်း ရင်း ( ၄ ) အသုံးပြုသည့် အရာဝတ္တု၊ ရဲစခန်းရည်ညွှန်းစသည်တို့ပါရှိသည်။
  ပထမသတင်းပေးချက် အစီရင်ခံစာ၏ သက်ဆိုင်ရာဇယားကွက်တွင် ဥပဒေပုဒ်မအပြင် ပြစ်မှုအမျိုးအစားကို အကျဉ်းချုပ်အားဖြင့် ဖော်ပြထားသည်။ ပြစ်မှုကျူးလွန်သည်ဟု မသင်္ကာဖြစ်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၄ အရ ဖမ်းဆီးကြောင်းရေးသွင်းထားရမည်။
ပထမသတင်းပေးချက် မှတ်ပုံတင်ပုံစံသက်ဆိုင်သည့် ဇယားကွက်တွင် ( နိုင်ငံ တော်အစိုးရ) ကို သတင်းပေး သူအဖြစ် မရေးသွင်းရပေ။ သတင်းပေးသူသည် အစိုးရအရာရှိဖြစ်ပါက အမည်နှင့်ရာထူးကို ရေးသွင်းရသည်။ ( မြန်မာနိုင်ငံတော်ရဲလက်စွဲ၊ ဒုတိယတွဲ၊ အဋ္ဌမပုံနှိပ်၊ စာပိုဒ် ၁၄၂၀၊ စာ ၁၈၉ ) ။
တရားခံ၊ တရားလို ( သို့မဟုတ် ) သက်သေသည် သေရည်သောက်စားထားကြောင်း သက်သေခံချက်ရှိသည့် အမှုအားလုံး၏ ပထမ သတင်းပေးချက် မှတ် ပုံတင်စာရွက်ထိပ်တွင် မင်နီနှင့် “ အရက် “ ဟု ရေးမှတ်ရသည်။ ( မြန်မာနိုင်ငံရဲလက်စွဲ၊ ဒုတိယတွဲ၊ အဋ္ဌမပုံနှိပ်၊ စာပိုဒ် ၁၄၂၂၊ စာ ၁၈၉)။
အမှုတိုင်ကြားရာတွင် အချို့က ကိုယ်တိုင် စာနှင့်တိုင်ကြားသည်လည်းရှိပါ သည်။
စာရေး၍တိုင်ပါက ယင်းတိုင်စာကို ပထမသတင်းပေး တိုင်ကြားချက် ပုံစံတွင် ကူးဖြည့်ရသည်။ ထို့နောက် ပထမ သတင်းပေးတိုင်ကြားချက် ပုံစံနှင့်အတူ ပူး တွဲထားရသည်။
အမှုစွဲတင်သည့်အခါ ရေးသားတိုင်ကြားသည့် မူရင်းတိုင်စာပါပူးတွဲ၍ ထည့်သွင်းရပေသည်။
( ဦးကျော်ဇေယျ ၊ ပြစ်မှုအမှုတွဲတစ်ခုတွင်ပါဝင်သောကြန်အင်လက္ခဏာများနှင့် ယင်းတို့၏အရေးပါမှုများ၊ စာ ၁၃ ) ။ #DVBLawLab

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!