မိသားစု စီမံမှု ဆိုသည်မှာ

မိသားစု စီမံမှု ဆိုသည်မှာ ပစ္စည်း ရှင်မသေ ဆုံးမီ ပစ္စည်းရှင် နဲ့ မိသားစုဝင် တို့ရဲ့ သဘော တူညီမှု ဖြင့် ပစ္စည်းရှင် သေ ဆုံးတဲ့အခါ အမွေပစ္စည်း တွေကို မည်ကဲ့သို့ ခွဲဝေယူ ကြမည် ဆိုသည့် စီမံမှု သို့မဟုတ် ပစ္စည်းရှင် ကွယ် လွန်ပြီးနောက် အမွေ ပစ္စည်း များကို မည်ကဲ့သို့ ခွဲဝေယူ ကြမည် ဆိုသော မိသားစု တစ်စုရဲ့ သဘောတူ စီမံမှု ကို မိသားစု စီမံမှု လို့ ခေါ်ဆို ပါတယ် ။
“ မိသားစု စီမံမှု ”ကို နှုတ်ဖြင့်စီမံ ခန့်ခွဲနိုုင် ကြောင်း စီရင်ထုံးတွေမှာ အညီအညွတ် ပြဆို ထားပါတယ် ။ စာဖြင့် ရေးသားပြီး မရွှေ ့မပြောင်း နိုင်သော ပစ္စည်းတွေ ပါဝင်ရင် မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင် ရပါမယ် ။ “ မိသားစု စီမံမှု ”တွင် ပါဝင် သူများဟာ အမွေ ပစ္စည်း၌ “ အခွင့်အရေး ရှိ သူများ ” ဖြစ်ရမည် ။ ၄င်းအပြင် ထိုသူများ သည် စီမံမှုတွင် တာဝန် ရှိစေရန် အတွက် အချင်းချင်း သဘောတူညီ မှုရှိရန် လိုအပ်ပေသည် ၊ အမွေဆက် ခံခွင့်မရှိသူများ ပါဝင်ချုပ် ဆိုထားရာ အဆိုပါ စာချုပ်သည် မိသားစု သဘောတူ အမွေခွဲဝေသည့် စာချုပ် မဖြစ်နိုင်ခြေ ။
“ မိသားစု စီမံမှု ”ကို အမွေခံ တို့ရဲ့ သဘောတူညီ ချက်ဖြင့် ပြုလုပ်ပြီး ထို စီမံမှု အတိုင်း ပစ္စည်းများ ခွဲဝေပြီး ဖြစ် ပါက အဆိုပါ စီမံမှုကို ဖောက်ဖျက် ခွင့်မရှိပေ ၊ ထို့အပြင် အဆိုပါ စီမံမှု သည် တရား ဥပဒေအရ တည်မြဲ ခိုင်မာခြင်း မရှိဟူ၍ လည်း ငြင်း ဆို ခွင့်မရှိပေ ။
သို့ရာတွင် မိသားစု တစ်စု၏ စီမံမှု တွင် ပါဝင်သူ တစ်ဦးသည် သဘော တူညီမှုကို လွတ်လပ်စွာ ပေးခဲ့ခြင်း မဟုတ်သည့်အပြင် ပဋိညာဉ်မှာ လည်း မျှတမှု လုံးဝ မရှိပါက လိမ်လည် ခြင်း သို့မဟုတ် မတရား ဩဇာခံရ ခြင်းတို့ ရှိစေကာမှု အဆိုပါ “မိသား စု စီမံမှု”ကို တရားရုံးမှ ပယ်ဖျက်ခွင့်ရှိ သည်။
ဆိုခဲ့ ပြီးသော အမှုမျိုးတွင် မိသားစုဝင် တစ်ဦးက ပေးသမျှ ယူခဲ့ပြီး ၄င်း၏ ရသင့် ရထိုက်သော အစုကို စွန့်လွှတ်ရန် နှုတ်ဖြင့် သဘော တူညီခဲ့ စေကာမူ စီမံမှု သည် တည်မြဲ ခိုင်မာ ခြင်း မရှိပေ ။ အမွေပုံကို မိသားစု စီမံမှု အရ ညှိနှိုင်း ခွဲဝေယူကြ ရာတွင် အမွေ ဆိုင် အချင်းချင်း သဘော တူညီညွတ်မှုက အဓိက ဖြစ်သည်။
အမွေဆိုင် များသည် တစ်ရပ် တစ်ကျေး စီတွင် သီးခြား နေထိုင် ကြရာဝယ် တစ်နေရာ တည်းတွင် စုစည်း ဆုံတွေ့ ကြရန် လွယ်ကူ မည် မဟုတ်ပေ ။ ထိုသို့ တညီတညွတ် တည်း စုစည်းဆုံ တွေ့မှသာ မိသား စုစီမံမှု အထ မြောက်မည် ဆိုလျှင် အထမြောက် သည့် မိသားစု စီမံမှု တစ်ခု ဖြစ်ရန် ခဲယဉ်းပေ လိမ့်မည် ။ သို့ဖြစ်၍ အမွေဆိုင် အစုံအလင် ပါ ဝင်ရမည် ဆိုရာတွင် ၄င်း တို့အား လုံး၏ ဆန္ဒ သဘောထားများ ပါဝင် ရမည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု ကောက်ယူ သင့်သည်။ သို့ဖြစ်၍ ထိုသို့ အမွေ ပုံကို ညှိနှိုင်းခွဲ ဝေကြ စဉ်က အကြောင်းကြောင်း ကြောင့် ပါဝင် နိုင်ခြင်း မရှိသူကလည်း ထိုကဲ့သို့ ခွဲဝေမှုကို သဘောတူကျေနပ် သည်ဟု ဆိုလျှင် အမွေဆိုင် မစုံ လင်သည်ကို အကြောင်း ပြု၍ မိသားစု စီမံမှုသည် ပျက်ပြယ်ရန် အကြောင်း မမြင်ပေ လို့သိရ ပါတယ် ။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...