#ကလေးအုပ်ထိန်းခွင့် လျှောက်ထားရသည့်အကြောင်းအရာများ

#ကလေးအုပ်ထိန်းခွင့် လျှောက်ထားရသည့် အကြောင်းအရာများ
1 ) မိဘနှစ်ပါး အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းကြသည့်အခါ ၎င်းတို့အရွယ် မရောက်သေးသော သားသမီးများကို အဖ ( သို့မဟုတ် ) အမိ မည်သူက ရယူမည် ဖြစ်စေ ၊
2 ) မိဘနှစ်ပါးလုံး ကွယ်လွန်သည့် အခါ / ပြည်ပ ထွက်ခွါသွားတဲ့ အခါ / နောက်အိမ်ထောင်ထူပီး ကျန်ရစ်သည့် အရွယ်မရောက်သေး သည့် သားသမီးကို အဘိုး ၊ အဘွား ၊ ဦးလေး ၊ ဒေါ်လေး မည်သူက ရယူလိုကြသည် ဖြစ်စေ ၊
3 ) အရွယ် မရောက်သေးသူ၏ အကျိုးအတွက် ဆောင်ရွက်ရန်ကိစ္စ ပေါ်ပေါက်လျှင် ဖြစ်စေ ၊
အုပ်ထိန်းခွင့် ခန့်ထားပေးရန် ရုံးတော်သို့ လျှောက်ထား နိုင်ပါသည်။
မှတ်ချက်။ မိခင် ၊ ဖခင်တို့ ကွာရှင်းချိန်တွင် ကလေးအုပ်ထိန်းခွင့်နှင့် ပတ်သက်၍ ညှိနှိုင်းပြီး သဘောတူလျှင် အုပ်ထိန်းခွင့်မှာ ဥပဒေ ပြဿနာ ပေါ်ပေါက်ခြင်း မရှိပါ ။ အတည် ဖြစ်သည် ။
*ကလေးအုပ်ထိန်းခွင့်အား ဘာသာဓလေ့ထုံးတမ်းအရ သတ်မှတ်ခြင်း မဟုတ်ပါ။
*အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများ အက်ဥပဒေ ( The Guardians and Wards Act.( India Act8 , 1890 , Vol X1 ) အရဖြစ် ပါသည်။
မှတ်ချက်။
1 ) အက်ဥပဒေပုဒ်မ - 4 အရ ( 18 ) နှစ် မပြည့်သေးသူကို အရွယ်မရောက်သေးသူ ဟုခေါ်ပါသည်။
2 ) ဖခင် သက်ရှိထင်ရှား ရှိစဥ် အခြားသူ တစ်ဦးတစ်ယောက် အုပ်ထိန်းသူအဖြစ် ခန့်ထားပေးရန် လျှောက်ထားခွင့် မရှိပေ ။ ( ပုဒ်မ -19)
သို့ရာတွင် ဖခင်သည် အုပ်ထိန်းထိုက်သူ မဟုတ်က အခြားသူ တဦးကို ခန့်ထားနိုင်သည်။ ( အထက်ပုဒ်မ ချွင်းချက် )
3 ) တရားမကြီးမှုမစွဲရဘဲ တရားမ အထွေထွေ လျှောက်လွှာသာ လျှောက်ထားရမည်။
4 ) လျှောက်ထားသူသည် အုပ်ထိန်းသူအဖြစ် ဆောင်ရွက်လိုကြောင်း ဝန်ခံချက်ကို သက်သေနှစ်ဦးရှေ့တွင် လက်မှတ်ရေးထိုး တင်ပြရ မည်။
5 ) အရွယ်မရောက်သေးသူသည် အမှားအမှန် ဝေဖန်ခွဲခြား နိုင်သည့် ဆင်ခြင်တုံတရားရှိက ၎င်း၏ဆန္ဒကို တရားရုံးက အလေးပေး စဥ်း စားရမည်။
6 ) အရွယ်မရောက်သေးသူသည် နူးညံသော အရွယ် ( သို့မဟုတ် ) မိန်းကလေးဖြစ်လျှင် မိခင်ကို အုပ်ထိန်းခွင့် ပြုသင့်သည်။
7 ) အကယ်၍ ယောကျာ်းလေးဖြစ်ပြီး ပညာသင်ရန်နှင့် အလုပ်လုပ်ရန် လိုအပ်သော အသက်အရွယ်ဖြစ်က ဖခင်က အုပ်ထိန်းခွင့် ပေး သင့်သည်။
8 ) အရွယ်မရောက်သေးသူ၏ ကိုယ်ကိုအုပ်ထိန်းသူသည် အရွယ်မရောက်သေးသူ၏ ကျန်းမာရေး ၊ ပညာရေး ၊ စားဝတ်နေရေးနှင့် အခြား လိုအပ်သည်များကို စောက်ရှောက် ကြည့်ရှုရမည် ။ ( ပုဒ်မ - 24 )
9 ) ကလေးအုပ်ထိန်းခွင့် မရသည့် မိဘတစ်ဦးအား ကလေးတွေ့ဆုံခွင့်အား တရားရုံးမှ သတ်မှတ်ပေးသည်။
*ကလေးအုပ်ထိန်းခွင့်မှာ ပြဿနာတစ်ခုခြင်း အလိုက် အကြောင်းချင်းရာပေါ် မူတည်၍ ဆုံးဖြတ်ပေးကြောင်း လမ်းညွှန်စီရင်ထုံးများ ရှိပါသည်။
မတင်ညွန့်နှင့် ကိုအောင်သိန်း ၊ 1963 - ခုနှစ် ၊ မတစ ၊ စာ - 16
ကလေးသူငယ်အား ကြည့်ရှုစောင့်ရှောက်ခွင့် ပေးရန် အရေးအကြီးဆုံးအချက်မှာ ကလေး၏ အကျိုးကျေးဇူးဖြစ်ခြင်း ၊ မိခင်က ဖခင်ထက် အုပ်ထိန်းရန် သင့်တော်ခြင်း ။
မောင်ကျော်ဝင်းနှင့် မလှကြည် ၊ 1965 - ခုနှစ် ၊ မတစ ၊ စာ - 173
ကလေးများ၏ ချမ်းသာကောင်းကျိုးကိုသာ အဓိကထား၍ ဆုံးဖြတ်ရမည် ဖြစ်ခြင်း ၊ ကလေးများက မိဘနှင့် အတူမနေလိုဘဲ အဖွားနှင့်သာပျော်နေလျှင် တရားခံက မဖျက်ဆီးသင့် ။
မလဲ့လဲ့ဝင်းနှင့် မောင်စိုးလွင် ၊ 1968 - ခုနှစ် ၊ မတစ ၊ စာ - 45
အရွယ်မရောက်သေးသူ၏ ဖခင် အသက်ရှင်လျက် ရှိခြင်း ၊ အခြားသူတပါးအား အုပ်ထိန်းသူအဖြစ် ခန့်ထားခွင့်မရှိ ။
မသန်းကြည်နှင့် ကိုတင်စိန်ပါ - 2 ၊ 1974 - ခုနှစ် ၊ မတစ ၊ စာ - 34
မိခင်အရင်းနှင့် တစိမ်းဖြစ်သူတို့ အုပ်ထိန်းခွင့်ကို ပြိုင်လျောက်သည့်အခါ မည်သူအား ခွင့်ပြုသည်ကို ဆုံးဖြတ်ရာတွင် မိခင်အရင်းက ပိုမိုကောင်းမွန် သင့်မြတ်မည် ဖြစ်ကြောင်း ထင်ရှား ပေါ်လွင်နေသည်။
ဦးတင်မြင့်နှင့် ဒေါ်ခင်မြင့်ပါ - 2 ၊ 1992 - ခုနှစ် ၊ မတစ ၊ စာ - 65
အရွယ်မရောက်သေးသူ ကလေးနှင့် ပတ်သက်၍ အုပ်ထိန်းသူ လျှောက်ထားရာ၌ သဘာဝကျကျ စဥ်းစားရန် လိုအပ်ခြင်း၌
ကလေးအပေါ်၌ ဖခင်အရင်းထက် ဦးကြီးက သော်၎င်း ၊ အဘွားလေးက သော်၎င်း ပို၍ စေတနာမေတ္တာရှိသည်ဟု မူလရုံးမှ သုံးသပ်ခြင်းမှာ လောက သဘာဝနှင့် ဆန့်ကျင်သည်ဟု ယူဆရမည် ။
ကိုးကား ။ ဦးမြင့်လွင် ၊ ဆိုလွှာ100 / ဦးသောင်းထွန်း ၊ စီရင်ထုံး ပေါင်းချုပ် ။
Credit ( ဥပဒေ ရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...