⭐2022တုန်းကလဲ Happy new year လို့ အသားကုန်အော်ပြီး ကြိုဆိုခဲ့ကြတယ်။

⭐2022တုန်းကလဲ Happy new year လို့ အသားကုန်အော်ပြီး ကြိုဆိုခဲ့ကြတယ်။ဒါပေမဲ့ မထင်ထားခဲ့တဲ့ ကံကြမ္မာတွေကို ရင်ဆိုင်ခဲ့ကြရတယ်။ 2023ကိုလဲ ထိုနည်းတူစွာကြိုဆိုခဲ့ကြဦးမယ် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေဆိုပြီးအော်ကြမယ် ဒါပေမဲ့ ကိုယ်ကိုတိုင်မှမပြောင်းလဲရင် အခြားအရာတွေကို လိုက်ပြောင်းလဲဖို့က အတော်လေးခက်ခဲလိမ့်မယ်။ဒါဆိုရင်နှစ်သစ်မှာပျော်ရွှင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ။
(1) ကိုယ့်ရဲ့အားနည်းချက်တွေကို အတက်နိုင်ဆုံး ပြောင်းလဲမယ်
(2) မိမိကိုယ်ကို ယုံကြည်မှူ့အပြည့်၀ထားပြီး ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကလေးကို၇အောင်မွေးရမယ်
(3) မိမိရဲ့လုပ်ငန်းမှာပိုမို တိုးတက်အောင် တစ်နည်းနည်းနဲ့လုပ်ဆောင်မယ်
(4)ကိုယ့်မိသားစုကိုအချိန်ပိုပေးမယ်
(5)အရင်နှစ်က အခုနှစ်မှာကိုယ့်ကိုကိုယ်ပိုချစ်ပြီး ပိုsmart ဖြစ်အောင်နေမယ်
(6)တိုးတက်နေတဲ့ခေတ်ဖြစ်တာမို့ ကိုယ်ဖက်ကလဲ အမြဲလေ့လာနေဖို့လိုအပ်တာကြောင့် စာအုပ်များများပိုဖတ်မယ် ။ဒါတွေကအချက်အနည်းငယ်ပဲရှိပါသေးတယ် ကိုယ်ဘလိုဖြစ်ချင်တယ် ဘလိုနေထိုင်မယ်ကအစ အသေးစိတ်ရေးချပြီး နေထိုင်ကျင့်သုံးလို့ရပါတယ်။သင့်ဟာ မိမိကိုယ်ကို တန်ဖိုးထားသူတစ်ယောက်ဆိုရင်တော့ နှစ်သစ်မှာ ပျင်းတဲ့စိတ်လေးတွေလျော့ပြီး ဒီအချက်လေးတွေကို လိုက်နာသင့်ပါတယ်။ပျော်ရွှင်မှူ့ဟာ ကိုယ့်လက်ထဲမှာပဲရှိတာကြောင့် ပျော်ရွှင်ပါစေလို့ ထိုင်ဆုတောင်းမနေပဲ 2023 မှာ ပျော်ရွှင်မှူ့ကို ကိုယ်တိုင်ဖန်တီး ကြရအောင် ရည်ရွယ်ပြီး စာလေးကို အဆုံးသက်ရင်း လူတိုင်းပျော်ရွှင်မှု့တွေ ဖန်တီးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။