မွန်ဂိုလီးယားမှ အကျော်ကြားဆုံး Oviraptor(ဒိုင်နိုဆော)သိုက်

အသိုက်
အသိုက်ဆိုတာနဲ့ ဘာကိုသွားသတိရလဲ?
အခုပြောမှာက သိုက်ကလာတယ်ဆိုတာတဲ့ဂဠုန် နဂါး
စတာတွေကနေလာတဲ့ သိုက်တော့မဟုတ်ပါဘူး
မွန်ဂိုလီးယားမှ အကျော်ကြားဆုံး Oviraptor(ဒိုင်နိုဆော)သိုက်
အကြောင်းပါ။
မွန်တာနာမှ ဥတောင်လို့ အမည်ရတဲ့ နေရာမှာရှိပါတယ်။
အသိုက်တစ်သိုက်စီမှာ ဥပေါင်း အလုံးနှစ်ဆယ်ခန့် ရှိပါတယ်။
(မိုက်တယ်နော် ကိုယ်တွေမှ မဥနိုင်တာ?)
ကျောက်ဖြစ်ရုပ်ကြွင်းအနေနဲ့ တွေ့ရတဲ့ အဲဒီ ဥတွေမှာ ဆိုရင်
ငယ်သွားတွေ၊ခြေရိုးလေးတွေ၊လမ်းတောင်မှကောင်းကောင်း
လမလျှောက်တတ်သေးချိန် ကြေမွသွားခဲ့တာတွေ တွေ့ရပါတယ်။
ဒီဒိုင်နိုဆောမျိုးစိတ်ဟာ မိမိတို့ရဲ့ရင်သွေးတွေကို တင်းကျယ်စွာ
အုပ်ထိန်းကြောင်း သိပ္ပံပညာရှင်များက ကောက်ချက်ချကြတယ်။
ကမ္ဘာမြေကြီးပေါ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့
ဒိုင်နိုဆောတွေကိုပြန်လည်ခေါ်ယူနိုင်ရန်အရမ်းတော်တဲ့
သိပ္ပံပညာရှင်တွေက ကြိုးပမ်းအားထုတ်နေကြတယ်။
ဒိုင်နိုဆောဆိုသော စကားလုံးဟာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး
ကြောက်မက်ဖွယ်ရာ ပုတ်သင်ညို (terrible lizard) ဟု အဓိပ္ပာယ်ရပါတယ်။
အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက်အိုဝင်က ၁၈၄၂ ခုနှစ်တွင်
တီထွင်ခဲ့ခြင်း ဖြစ်တယ်။
အချို့သော သတ္တဝါများသည် ကြက်တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိကြပြီး
အချို့သော သတ္တဝါများကတော့ ကမ္ဘာပေါ်၌ ရှိခဲ့ဖူးသော အရွယ်အစား အကြီးဆုံး
သတ္တဝါများ ဖြစ်ခဲ့ကြတယ်။
အရင်တုန်းကကောင်းမွန်စွာ လှည့်လည်ကျက်စားနေခဲ့ကြသည့် မျိုးစိတ်တွေလည်း
မျိုးသုဉ်းပျောက်ကွက်သွားလေပြီ ကိုယ့်အသိုက်ကိုယ့်အိမ်ကိုယ့်ရာတွေလည်း
ဒိုင်နိုဆောကဲ့သို့ ပျောက်ကွယ်မသွားရလေအောင်ထိန်းသိမ်းရမှာ က
ကိုယ့်တာဝန်သာလျှင် ဖြစ်ပေတယ်။
သတိမမူလိုက်ရာကနေ မျိုးစိတ်တစ်ခုလုံး ပျက်စီးသွားနိုင်တယ်။
ဒိုင်နိုဆောလိုမျိုး အခြားမျိုးစိတ်တွေလည်း မပျောက်ကွယ်ရလေအောင်
ကမ္ဘာမြေကြီးနဲ့ သဟဇာတဖြစ်ဖြစ်နေနိုင်အောင်
လူသားအားလုံးဝိုင်းဝန်းထိမ်းသိန်းကြရပါမယ်။