အသရေ ဖျက်မှု ( ပုဒ်မ - ၅၀၀ ) နဲ့ ၆၆ဃ ဥပဒေ

အသရေ ဖျက်မှု ( ပုဒ်မ - ၅၀၀ ) နဲ့ ၆၆ ဃ ဥပဒေ
ပုဒ်မ - ၅၀၀ နဲ့ ၆၆ ဃ ဥပဒေကို
လုံး၀ မသိသေး သော သူများနှင့် နားမလည် သေးသော သူများအား သိရှိ စေရန် ရည်ရွယ်ပါသည်
ပထမဆုံး သိထား ရမှာက ပါးစပ် နဲ့ ပြောတဲ့
အသရေ ဖျက်မှုဟာ ရိုးရိုး ပုဒ်မ - ၅၀၀ ဖြစ် ပါတယ် ။
အကယ်၍ ပုံနှိပ် မီဒီယာ ပေါ် ရောက်သွားပြီ
သတင်းစာ ဂျာနယ် မဂ္ဂဇင်း တွေမှာ ပါလာ ပြီဆိုရင်
ပုဒ်မ -၂၅ သတင်း မီဒီယာ ဥပဒေပုဒ်မ
ပုဒ်မ-၂၅ ထပ်တိုး ပါတယ် ။
Social Media , Facebook , Online ပေါ်ထိ
ရောက်သွား မယ်ဆိုရင် ဆက်သွယ် ရေး ဥပဒေပုဒ်မ - ၆၆ဃ
ဖြစ်သွား ပါပြီ ။
ဒါကို အရင်ဆုံး သိထား ကြဖို့လို ပါတယ် ။
ပါးစပ်က ပဲပြောပြော စာနဲ့ပဲ ပြောပြော အွန်လိုင်း ပေါ် ရောက်တဲ့ အဆင့် ရောက်ရင် တော့ အသရေ ဖျက်မှု သတ်မှတ်
ဖွင့်ဆိုချက် ရာဇသတ် ကြီးဥပဒေ ပုဒ်မ - ၅၀၀ နဲ့ စပါတယ် ။
အခြေ အနေ ပေါ် မူတည်ပြီး ပုဒ်မ - ၅၀၀ / ပုဒ်မ - ၂၅ / ပုဒ်မ - ၆၆ဃ ဆိုပြီး ကွဲပြား သွားတာကို သိရပါမယ် ။
#Online ပေါ်တွင် ရိုင်းစိုင်း သည့် Commentများပေးခြင်း
Chat box တွင် ရိုင်းစိုင်းသည့်စကားများ ပြောဆိုခြင်း
အုပ်စု ဖွဲ့၍ ရိုင်းစိုင်းသည့် စကားများ ပြောဆို ခြင်း များသည်
ဆက်သွယ် ရေး ပုဒ်မ - ၆၆ ဃ နှင့် တိုက်ရိုက် အကျုံး၀င် တယ် ။
ဟုတ်ပြီ...... နောက်ထပ် ဘာတွေ မတူသေးလဲ
ဘာတွေ ကွဲလွဲ သေးလဲ ဆက်ကြည့် လိုက်ရအောင်......
လူ တစ်ယောက်က လူ တစ်ယောက်ကို
ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၆ဃ နဲ့ စွဲတဲ့ အမှုကို
ဒါလဲ အသရေ ဖျက်မှုပဲ ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ ပြစ်ဒဏ်
သတ်မှတ်လို့ မရသလို ၆၆ ဃ ကို ပုဒ်မ ၅၀၀ အသရေ ဖျက်မှု နဲ့ပဲ တရားလိုက စွဲချင်စွဲ လို့ရပါတယ် ။
ဒီလို ပြောင်းလဲဖို့ တရားလိုရဲ့ သဘော ဆန္ဒနဲ့ပဲ ပြောင်းလဲ
စွဲဆို လို့ ရပါတယ် ။
ပါးစပ်ပြော စာပြော အွန်လိုင်းမှာ ပြောတဲ့ ပြစ်မှုတွေကို အသရေ ဖျက်မှု ရာဇသတ်ကြီး ပုဒ်မ - ၄၉၉ နဲ့ပဲ
အကျုံး ဝင် မဝင် ပုဒ်မ - ၄၉၉ ပါ ပြစ်မှု အင်္ဂါရပ် များအရ ညီမညီ စစ်ဆေး ရပါတယ် ။
မတူတာ တွေကတော့
၁။ ၆၆ဃ ဟာ ( ရဲ အရေးပိုင် ) ရဲက အရေးယူ ပိုင်ခွင့် ရှိပြီး အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ ကတော့ ( ရဲ အရေးမပိုင် )
ရဲက အရေးယူ ပိုင်ခွင့် မရှိပါဘူး ။
၂။ ပြစ်ဒဏ် မတူပါဘူး ။
ပြစ်မှု ထင်ရှားရင်
၆၆ဃ = ထောင်ဒဏ် သုံးနှစ် အထိ
( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) ပြစ်ဒဏ်( ၂ ) ရပ်စလုံး ။
ပုဒ်မ ၅၀၀ = ထောင်ဒဏ် နှစ်နှစ်အထိ
( သို့မဟုတ် ) ငွေဒဏ် ( သို့မဟုတ် ) ပြစ်ဒဏ် ( ၂ ) ရပ်စလုံး
ကျခံ ရမှာ ဖြစ်ပါတယ် ။
၃ ။ အသရေ ဖျက်မှုကို အကြောင်း ပြုပြီး
ပုဒ်မ ၅၀၀ နဲ့ဆွဲရင် အာမခံ ပေးရမယ့် အမှုဖြစ်ပြီး
အသရေ ဖျက်မှုကို အကြောင်း ပြု၍ ၆၆ ဃ နဲ့စွဲ မယ်ဆိုရင်
အာမခံ မပေး နိုင်တဲ့ အမှု ဖြစ်သွား ပါတယ်
ရာဇ ဝတ်ကျင့် ထုံးဥပဒေ ဒုတိယ ဇယားအရ
သုံးနှစ် နှင့် အထက် ပြစ်ဒဏ် သင့်မယ့် အမှုများကို
အာမခံ မပေး နိုင်တဲ့ အမှုအဖြစ် သတ်မှတ်ထား ပါတယ် ။ ခုတော့ အာမခံ ရတဲ့ပုဒ်မဖြစ်သွားပါပြီ။
၄။ ၆၆ဃ ဟာ ရဲအရေးပိုင်အဖြစ် သတ်မှတ်ထားတာ
ကြောင့် ပြစ်မှုကျူ းလွန်ကြောင်း သိရှိသူ မည်သူမဆို
တိုင်ကြားနိုင်ခွင့်ရှိပြီး ပုဒ်မ- ၅၀၀ မှာတော့ နစ်နာသူ
ကာယကံရှင်ကိုယ်တိုင်သာလျှင် တိုင်ကြားစွဲဆိုရမှာ
ဖြစ်ပါတယ်။#crd
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...