ကျွန်တော်တို့ လင်မယား နှစ်ယောက် မင်္ဂလာဆောင်ပြီး ယောက္ခမ အိမ်ပေါ် မှာ ၃ နှစ် နေခဲ့တယ် ။ ယောက္ခမ နဲ့ စကားများ လို့ အိမ် ပေါ်က ဆင်းလာတာ မိန်းမက မလိုက် လာဘူး

ကျွန်တော်တို့ လင်မယား နှစ်ယောက် မင်္ဂလာဆောင်ပြီး ယောက္ခမ အိမ်ပေါ် မှာ ၃ နှစ် နေခဲ့တယ် ။ ယောက္ခမ နဲ့ စကားများ လို့ အိမ် ပေါ်က ဆင်းလာတာ မိန်းမက မလိုက် လာဘူး ။ အိမ်ဆောက်ပြီး ရပ်မိ ရပ်ဖ တွေနဲ့ သွားခေါ် တော့လည်း မလိုက်ပါ ။ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာ သိချင်ပါတယ် ။
=========================
မေးခွန်းက ဓလေ့ ထုံးတမ်း ဥပဒေနဲ့ ဆိုင်ပါတယ် ။ အိမ်ထောင် ပြုခြင်း ဆိုင်ရာ ဥပဒေအမြင် နဲ့ စရှင်း ချင်ပါတယ် ။ လက်ထပ် ထိမ်းမြား တယ်ဆိုတာ သိမ်မွေ့ ပြီးတော့ လူမူရေး ပဋိညာဉ် တစ်ရပ်လို့ ရှုမြင် ပါတယ် ။ အိမ်ထောင်ပြု သူနှစ်ဦး တည်းသာမက နှစ်ဖက်မိဘတွေပါ သက်ဆိုင် နေတယ် ဆိုတာကို ဥပဒေအရပါ ထည့် စဉ်းစား ပါတယ် ။
မေးခွန်းရှင်က ယောက္ခမ နဲ့ စကားများ ပြီး ဆင်သွားတယ် ။ ဆင်းသွားတဲ့ ယောက်ျားက သူ့မိန်းမကို ခေါ်လို့ ရပါတယ် ။ လိုက်ခဲ့ဖို့ခေါ်တော့ သူ့မိန်းမက ငြင်းတယ် ဆိုရင် ဘာကြောင့် ငြင်းသလဲ ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြ ချက်ရှိရမယ် ။ ၁၉၅၄ ခုနှစ် ဦးခင်ရုံ နဲ့ မသန်း ဆိုတဲ့ စီရင်ထုံးမှာက တည်းက ထုံးဖွဲ့ပြီး သားပါ ။ သားမက် နဲ့ ယောက္ခမ စကားများတဲ့ ကိစ္စဟာ လင် မယား ကွာရှင်း နိုင်လောက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ။ အဲဒါကြောင့် စကားများရုံ လောက်နဲ့ မိန်းမက ကွာရှင်း ချင်တယ်လို့ ငြင်းဆို ခွင့်မရှိဘူး ။
ယောက်ျားရဲ့ ခေါ်လိုခွင့် ကလည်း ဆုံးရှုံး မသွားနိုင် ပါဘူး ။ ၁၉၆၇ ခုနှစ် ၊ မအေး နဲ့ မောင်ကြည် စီရင်ထုံး မှာလည်း ထုံးဖွဲ့ ပြီးသားပါ ။ ပြန်ခေါ်တဲ့အခါ ဥပဒေ အကြောင်းအရ ဘာလုပ် ရမလဲဆိုတော့ မယား နေထိုင် တဲ့အရပ် ( သို့ ) သူတို့နှစ်ယောက် နောက်ဆုံး နေတဲ့ အရပ်မှာပဲ ခေါ်လိုခွင့် စွဲရပါမယ် ။ အဲ့လို ခေါ်တဲ့လူဟာ သူကိုယ်တိုင် ကလည်း အပြစ်ကင်းစင် ဖို့ လိုပါတယ် ။ ဥပမာ မယားငယ် ထားတာ မျိုးတို့ ၊ မထောက်မပံ့ ဘဲ နေတာမျိုးတို့ မရှိစေ ရပါဘူး ။ အဲဒါ တွေကင်းစင် ရင်တော့ ခေါ်လိုခွင့် ရှိပါတယ်လို့ ဖြေကြား ချင်ပါတယ် ။
#DVBLawLab #DVBtvnews #မယားခေါ်လိုမှု
(Zawgyi)
Credit - ဥပဒေရေးရာ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...