မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ နှင့် သားသမီး အုပ်ထိန်းခြင်း

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ နှင့် သားသမီး အုပ်ထိန်းခြင်း
မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာ လင်မယားတို့ အဖို့ လင်ခန်း မယားခန်း တည်မြဲ နေချိန်တွင် သားသမီးများထိန်းသိမ်း ရေးနှင့် ပတ်သက်၍ ပြဿနာ မပေါ်ပေါက် သေးပေ ၊ သို့ရာတွင် လင်ခန်း မယားခန်း ပြတ်စဲရန် _
( ၁ ) နှစ်ဦး သဘောတူ ဖြစ်စေ ၊
( ၂ ) လင် ဖြစ်သူ ရဟန်း ဘောင်သို့ ကူးပြောင်း လျှင်ဖြစ်စေ ၊
( ၃ ) အိမ်ထောင်ရေး ပြစ်မှု ကြောင့် ဖြစ်စေ
ကွာရှင်းရန် အကြောင်းများ ပေါ်ပေါက် လာသော အခါ တစ်နွယ်ဝင် တစ်စင်ပါ ဆိုသည့် စကားအတိုင်း သားသမီးများ ထိန်းသိမ်းရေး ပြဿနာ သည်လည်း တစ်ပါတည်း ပေါ်ပေါက် လာပေ သည် ။ ဗုဒ္ဓဘာသာ မြန်မာ လင်မယား တို့သည် လင်မယား ကွာရှင်း ချိန်တွင် သားသမီး ထိန်းသိမ်းရေး နှင့် ပတ်သက်၍ မိဘဖြစ် သူတို့က မိမိတို့ သဘောကျ စီစဉ် ချင်သလို စီစဉ် နိုင်ပေ သည် ။ မိဘများ ၏ စီမံမှုကို သားသမီး များက နာခံ ကြရ ပေသည် ။ သားသမီး များတွင် ပြောဆို ခွင့်မရှိပေ ။ သို့သော် လင်မယား ကွာရှင်း ချိန်တွင် သားသမီး ထိန်းသိမ်း ရေးနှင့် ပတ်သက်၍ မိဘများ အငြင်းပွားပြီး တရားရုံး သို့ ရောက်ရှိ လာသည့် အခါတွင် သားသမီး များသည် အရွယ်မရောက်သေးသော် လည်း အကြောင်း အကျိုး အကောင်း အဆိုးကို ဝေဖန်ပိုင်း ခြားနိုင်သည့် ဆင်ခြင်တုံ တရား ရှိသည့် အရွယ် ဖြစ်ပါက ကလေး၏ ဆန္ဒကိုပါ အရေးပေး ရပါသည် ။
အရွယ် မရောက် သေးသူ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဓမ္မသတ်များ အလိုအရ ဆိုလျှင် အပျိုဘော် ဝင်လျှင် ထိမ်းမြား လက်ထပ်ခြင်း ပြုနိုင်ကြောင်း ပြဆိုထား သော်လည်း ယောက်ျား ကလေး နှင့် မိန်းကလေး တို့၏ အသက်ကာလ အပိုင်းအခြားကို အတိအကျ သတ်မှတ် ဖော်ပြထား သည်ကို မတွေ့ရပေ ။ သို့ရာတွင် ကင်းဝန် မင်းကြီး၏ ( ၃၄ ) စောင်တွဲ အိမ်ထောင် မှုခန်း ဓမ္မသတ်ကျမ်း ပုဒ်မ -၃၃ တွင် သားသမီး ၊ မြေး ၊ ကျေးကျွန် တို့ကို အသက် ( ၁၅ ) နှစ် ၊ ( ၁၆ ) နှစ်အရွယ် ရောက်လျှင် အိမ်ထောင်ချ ပေးရ မည်ဟု ပြဆိုထား သည်ကို တွေ့ရ ပေသည် ။
သို့သော် မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေတွင် မြန်မာ့ဘာသာ ယောက်ျား တစ်ယောက်သည် ထိမ်းမြား လက်ထပ်ရန် ကိုယ်ကာယဖြိုးမှု နှင့် ပြည့်စုံလျှင် မည်သည့် အသက်အရွယ် မဆို ထိမ်းမြား လက်ထပ် နိုင်သည် ။ မိန်းကလေး မှာ တစ်ခုလပ် တစ်လင်ကွာ ( သို့ ) မုဆိုးမ မဟုတ် လျှင် အသက် ( ၂၀ ) ပြည့်ရ မည် ။ အသက် ( ၂၀ ) မပြည့်လျှင် ထိမ်းမြား ခြင်း မပြုနိုင်ဟု ပြဆိုထား သည်။
ဤပြ ဆိုထားချက် အရဆိုလျှင် ယောက်ျားကလေး အရွယ်ရောက် သည့်အချိန်ကို တိတိကျကျ သတ်မှတ်ထား သည်ကို မတွေ့ရသော်လည်း မိန်းကလေး အရွယ်ရောက် သည့် အချိန်ကို အသက် ( ၂၀ ) နှစ် ဖြစ်သည်ဟု မှတ်ယူ ရပေသည် ။ ထို့ကြောင့် ယောက်ျားကလေးမှာ ကိုယ် ကာယ ဖွံ့ဖြိုးမှု နှင့် မပြည့်စုံလျှင် ဖြစ်စေ မိန်းကလေးမှာ အသက် ( ၂၀ ) နှစ် မပြည့်လျှင် ဖြစ်စေ အရွယ်မရောက်သေးသူဟု ယူဆရ ပေမည် ။
သို့ရာတွင် ကလေးသူငယ်များ ထိမ်းမြား လက်ထပ်မှု တားမြစ်ရေး အက်ဥပဒေ ပုဒ်မ ၂ ( က ) တွင် ယောက်ျား ကလေးများ အသက် ( ၁၈ ) နှစ်အောက် ၊ မိန်းကလေးမှာ အသက် ( ၁၄ ) နှစ်အောက် ဆိုလျှင် အရွယ် မရောက်သေး သူဟု သတ်မှတ်ထားပြီး ယောက်ျားကလေး မှာ ( ၁၈ ) နှစ်မပြည့် သေးမီ ၊ မိန်းကလေးမှာ ( ၁၄ ) နှစ် မပြည့် သေးမီ ထိမ်းမြား လက်ထပ်ရန် မိဘများက သဘောတူညီချက်ပေးပါက ယင်းမိဘများကို အပြစ်ပေးနိုင်ကြောင်း ယင်းဥပဒေ ပုဒ်မ ၆ (၂) တွင် ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။ ဤပြဋ္ဌာန်းချက် အရဆိုလျှင် ယောက်ျားကလေးမှာ အသက် ( ၁၈ ) နှစ် ၊ မိန်းကလေးမှာ အသက် ( ၁၄ ) နှစ် မပြည့် သေးလျှင် အရွယ်မရောက်သေး သူဟု မှတ်ယူရ ပေသည် ။
သို့ရာတွင် အရွယ် မရောက်သေး သူများ အုပ်ထိန်းခြင်း ကိစ္စတွင် အရွယ် ရောက်ခြင်း အက်ဥပဒေ ( Majority Act ) နှင့် သက်ဆိုင် သဖြင့် ယင်း အက်ဥပဒေက ပြဋ္ဌာန်း ထားသော အရွယ်ရောက် သည့် အသက်ကိုပင် မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေကလည်း လက်ခံ ထားပါသည် ။
အရွယ် ရောက်ခြင်း အက်ဥပဒေပုဒ်မ ၃ တွင် အသက် ( ၁၈ ) နှစ် မပြည့်သေး သူကို အရွယ်မရောက် သေးသူဟု သတ်မှတ်သည်။ သို့ရာတွင် တရားရုံးက အဆိုပါ အရွယ် မရောက်သေး သူအတွက် အုပ်ထိန်းသူ ခန့်ထားပြီး ဖြစ်ပါက ( သို့ ) အုပ်ထိန်းသူ အဖြစ် မြွက်ဟကြေညာ ပေးပြီး ဖြစ်ပါက အသက် ( ၂၁ ) နှစ် မပြည့် မချင်း အရွယ် မရောက်သေး ဟု မှတ်ယူရ ပေသည် ။
အုပ်ထိန်း ခြင်း
===========
မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေသည် အုပ်ထိန်းခြင်း နှင့် ပတ်သက်၍ အုပ်ထိန်း သူများနှင့် အုပ်ထိန်းခြင်း ခံရသူများ အက်ဥပဒေအတိုင်း လက်ခံ လိုက်နာ ဆောင်ရွက်ခြင်း ဖြစ်သော ကြောင့် အုပ်ထိန်းခြင်း ( ၃ ) မျိုး ရှိသည်ကို တွေ့ ရှိရသည် ။ ၎င်းတို့မှာ...
( ၁ ) အရွယ် မရောက်သေး သူ၏ ကိုယ်ကို အုပ်ထိန်းခြင်း ၊
( ၂ ) အရွယ် မရောက်သေး သူ၏ ပစ္စည်းကို အုပ်ထိန်းခြင်း ၊
( ၃ ) အရွယ် မရောက်သေး သူ၏ ကိုယ်နှင့် ပစ္စည်း နှစ်ရပ်စလုံးကို အုပ်ထိန်း ခြင်းတို့ ဖြစ်ပါသည် ။
အုပ်ထိန်း သူခန့် ထားခြင်း
=================
( ၁ ) မိခင်ကို အုပ်ထိန်းသူ ခန့်ထားခြင်း
( ၂ ) ဖခင်ကို အုပ်ထိန်းသူ ခန့်ထားခြင်း
( ၃ ) တရားရုံးက အုပ်ထိန်း သူခန့်ထားခြင်း
( ၁ ) မိခင်ကို အုပ်ထိန်းသူ ခန့်ထားခြင်း
=========================
သာမန် အားဖြင့် ဆိုလျှင် မိခင်မှာ သဘာဝ အုပ်ထိန်းသူ ( Natural guardian ) ဖြစ်သဖြင့် အုပ်ထိန်းသူ အဖြစ် ခန့်ထားရန်မလိုအပ်ပေ ။ သို့ရာတွင် မိခင် နှင့် ဖခင်တို့မှာ သားသမီး ထိန်းသိမ်းရေး နှင့် ပတ်သက်၍ အငြင်းပွား လျှင် ဖြစ်စေ ၊ မိခင်အုပ် ထိန်းရန် အကြောင်း ပေါ်ပေါက် လာလျှင် ဖြစ်စေ အုပ်ထိန်း သူနှင့် အုပ်ထိန်း ခြင်းခံရ သူများ ဥပဒေအရ အရွယ် မရောက် သေးသူ ကလေးအား မည်သူ အုပ်ထိန်းမှု အောက်တွင် ထားရှိသင့်သည် ဆိုသော ပြဿနာကို ဆုံးဖြတ်ရာ မိခင်သာလျှင် အုပ်ထိန်း ပိုင်ခွင့် ရရှိလာသည် ။
ကလေးသည် အသက် နုနယ်လျှင် မိခင်ဖြစ် သူက ပို၍ ကျွေးမွေး ပြုစုနိုင်သည် ။ ထို့ကြောင့် သာမန်အား ဖြင့် ဖြစ်သူသည် အကျင့်စာရိတ္တ ပျက်ပြားခြင်း ( သို့ ) စောင့်ထိန်း သူ ဖြစ်ထိုက်သော အရည်အချင်း နှင့် ပြည့်စုံခြင်း မရှိသူ မဟုတ်လျှင် ကလေး သူငယ်ကိုပင် ထားရှိ စေသည် ။ မိခင်သည် တစိမ်း တစ်ရံစာ နှင့် နောက် အိမ်ထောင်ပြု လျှင် ၎င်း၏ အရွယ် မရောက်သေး သည့် သားသမီးများကို အုပ်ထိန်း အခွင့်အရေးမှာ အရွယ် မရောက်သေး သူ၏ ကောင်းရာ ကောင်းကျိုးကို ထိခိုက် သေးပါက တည်မြဲ လျက်ရှိ ပေသည် ။ ဆုံးရှုံး မသွားပေ ။
( ၁ ) ဖခင်ကို အုပ်ထိန်း သူခန့် ထားခြင်း
=========================
ဖခင်သည် မိမိ၏ အရွယ် မရောက် သေးသည့် သားသမီး များ၏ သဘာဝ အုပ်ထိန်းသူ ဖြစ်သဖြင့် အုပ်ထိန်းသူ အဖြစ် တရားရုံးက ခန့်ထား ပေးရန် ( သို့ )အုပ်ထိန်းသူ အဖြစ် မြွက်ဟ ကြေညာ ပေးရန် မလိုပေ ။ သို့ရာတွင် သားသမီး ထိန်းသိမ်းရေး နှင့် ပတ်သက်၍ အငြင်းပွား လာလျှင် ဖြစ်စေ ၊ ဖခင်အုပ် ထိန်းရန် အကြောင်း ပေါ်ပေါက် လာလျှင် ဖြစ်စေ ဖခင်သည် အုပ်ထိန်းခွင့် ရရှိလာသည့် အုပ်ထိန်း သူနှင့် အုပ်ထိန်းခြင်း ခံရသူများ အက်ဥပဒေ ပုဒ်မ ၁၉ အရ အရွယ် မရောက်သေး သူ၏ ဖခင်သည် အုပ်ထိန်းသူ အဖြစ် ဆောင်ရွက်ရန် သင့်လျော်ခြင်း မရှိဟု ယူဆစရာ အကြောင်း မရှိလျှင် ဖခင်ကိုသာ အုပ်ထိန်းသူ အဖြစ် ခန့်ထား ရပေမည် ။ အခြားသူတစ်ပါးကို ခန့်ထားခြင်း မပြုနိုင်ပေ ။ သို့သော် ဖခင်သည် မိမိ၏ အရွယ်မရောက် သေးသည့် သားသမီးများကို ထောက်ပံ့ ကြည့်ရှုခဲ့ခြင်း မပြုခဲ့လျှင် အရွယ် မရောက် သေးသည့် သားသမီး များ၏ ကိုယ်ကိုဖြစ်စေ ၊ ပစ္စည်းကို ဖြစ်စေ ၊ နှစ်ရပ် စလုံးအတွက် အုပ်ထိန်းသူအဖြစ် ဆောင်ရွက် နိုင်ခွင့် ဆုံးရှုံးသည် ။
( ၂ ) တရားရုံးက အုပ်ထိန်းသူ ခန့်ထားခြင်း
=============================
မိခင် နှင့် ဖခင်တို့သည် သဘာဝ အုပ်ထိန်းသူများ ဖြစ်သဖြင့် မိမိတို့၏ အရွယ်မရောက် သေးသည့် သားသမီးများကို အုပ်ထိန်းခွင့်ရထိုက် ပေသည် ။ သို့ရာတွင် အရွယ် မရောက်သေး သည့် ကလေး၏ မိဘနှစ်ပါးစလုံး ကွယ်လွန် သွားသည့် အခါဖြစ်စေ ၊ မိခင်ဖြစ်သူမှာ အကျင့်စာရိတ္တ ပျက်ပြားခြင်း ( သို့ ) စောင့်ထိန်းသူ ဖြစ်ထိုက်သော အရည်အချင်း နှင့် ပြည့်စုံခြင်း မရှိသည့် အခါဖြစ်စေ ၊ ဖခင်ဖြစ်မှာ အုပ်ထိန်း သူအဖြစ် ဆောင်ရွက်ရန် သင့်လျော်ခြင်း မရှိဟု ယူဆစရာ အများ ပေါ်ပေါက် လာသည့် အခါဖြစ်စေ တရားရုံးက ကလေး၏ ကောင်းကောင်း အကျိုးကို ရှေးရှု၍ အရွယ် မရောက်သေး သူ၏ အသက် နှင့် လိင် လျှောက်ထား သူ၏ အကျင့် စာရိတ္တ နှင့် အင်အားကို သာမက ဆွေမျိုး တော်စပ် ရင်းနှီးခြင်း အစရှိ သည့် အချက်အလက် များကို ထည့်သွင်း စဉ်းစားပြီး ကလေး၏ ကောင်းရာ ကောင်းကျိုး လိုလားသူ မည်သူ့ ကိုမဆို အုပ်ထိန်းသူ အဖြစ် မြွက်ဟ ကြေညာ ပေးခြင်း ပြုနိုင်သည် ။
( သို့ ) အုပ်ထိန်း သူအဖြစ် ခန့်ထား နိုင်သည် ။ ထိုအခါ တရားရုံးက ခန့်ထားသော အုပ်ထိန်း သူသည် အမှုသဘာဝ အလျောက် အရွယ် မရောက် သေးသူ ကလေး၏ ကိုယ်ကို ဖြစ်စေ ၊ ပစ္စည်း ကိုဖြစ်စေ ၊ ကိုယ် နှင့် ပစ္စည်းနှစ်ရပ် စလုံးအတွက် ဖြစ်စေ အုပ်ထိန်းခြင်း ပြုနိုင် ပါသည် ။ တရားရုံးက ခန့်ထားသော အုပ်ထိန်း သူသည် အရွယ် မရောက် သေးသူ ပိုင်ရွှေ့ပြောင်း နိုင်သော ပစ္စည်းကို အရွယ်မရောက် သေးသူ မုချ အကျိုးအမြတ် ခံစား စေရန် ( သို့ ) အမြတ် အစွန်း ရရှိ စေရန် စီမံခန့် ခွဲပိုင်ခွင့် ရှိပါသည် ။
သို့ရာတွင် ပစ္စည်းကို စီမံ ခန့်ခွဲရာ၌ သာမန် ဉာဏ်အမြော် အမြင်ရှိသူ တစ်ဦးက မိမိပိုင် ပစ္စည်းကို ဂရုတစိုက် စီမံ ဆောင်ရွက်သကဲ့ သို့ စီမံဆောင်ရွက် ရပေမည် ။ ထို့အတူ တရားရုံးက ခန့်ထားသော အုပ်ထိန်း သူသည် အရွယ် မရောက်သေး သူပိုင် မရွှေ့ ပြောင်းနိုင်သောပစ္စည်းကို ပေါင်နှံခြင်း ( သို့ ) လွှဲပြောင်း ရောင်းချခြင်း ( သို့ ) ပေးကမ်း လဲလှယ်ခြင်း ( သို့ ) အခြား နည်းဖြင့် လွှဲပြောင်း ခြင်း မပြုလုပ် ရပေ ။ အကယ်၍ အုပ်ထိန်းသူက တရားရုံး ၏ ခွင့်ပြုချက်အရ လွှဲပြောင်း ခြင်းဖြစ်လျှင် တရားဝင်သည် ။ ထိုသို့ မဟုတ်လျှင် တရားမဝင် ပျက်ပြယ် ပေသည် ။
ဦးပို အေး ( တရားရုံး ချုပ်ရှေ့နေ )
အုပ်ထိန်း သူ နှင့် အုပ်ထိန်းခြင်း ခံရ သူများ အက်ဥပဒေ စာအုပ်မှ
ကောက်နုတ် ဖော်ပြပါသည်။
#Crd to owner
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...