မြေဧက ဘယ်လို တွက်ရသလဲ

မြေဧက ဘယ်လို တွက်ရသလဲ
၁ ဧက လျှင်၄၃၅၆၀ စတုရန်း ပေ ရှိပါသည် ။ စတုရန်း ပေ ပေါ်မူတည်ပြီး မိမိ မြေကွက် ရဲ့ ပုံသဏ္ဍန်ကို ကြည့်ပြီး ဧက တွက်နိုင်ပါတယ် ။ မြေကွက် ရဲ့ ပုံသဏ္ဍန် အလိုက် တွက်နည်း မတူညီပါဘူး ။
၁။ မြေကွက်ရဲ့ ပုံသဏ္ဍန်သည် လေးနားညီ စတုရန်းပုံစံ ဖြစ်လျှင် ၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၆၀= ၁ ဧက ဥပမာ - ၁၀၀ ပေ ပတ်လည် အကွက် ဖြစ်လျင် ၁၀၀' × ၁၀၀' ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက
၂။ မြေကွက်ရဲ့ ပုံသဏ္ဍန်သည် နှစ်နားညီ စတုဂံ ပုံစံ ဖြစ်လျှင် ( လ x န ) ' ÷ ၄၃၅၆၀ = ----- ဧက ဥပမာ - ( ၄၀'×၆၀' )÷ ၄၃၅၆၀ = ၀.၀၅၅ ဧက ( ၆၀'×၈၀' ) ÷၄၃၅၆၀ = ၀.၁၁ ဧက ( ၆၀'×၁၀၀ ') ÷ ၄၃၅၆၀ = ၀.၁၃၇ ဧက ( ၈၀'×၁၀၀ ') ÷ ၄၃၅၆၀ = ၀.၁၈၃၆ ဧက ( ၁၀၀'×၁၀၀' ) ÷ ၄၃၅၆၀ = ၀. ၂၂၉ ဧက
၃။ မြေကွက်ရဲ့ ပုံသဏ္ဍန် သည် နှစ်နားပြိုင် တြာဗီဇီယံ ပုံစံ ဖြစ်ပါက ပြိုင်နား နှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက ဥပမာ- [ { ( ၅၀+၈၀ ) ÷၂ } × ၆၀ ] ÷ ၄၃၅၆၀ = ၀.၀၈၉ ဧက
၄။ မြေကွက်ရဲ့ ပုံသဏ္ဍန်သည် တြိဂံပုံစံ ဖြစ်လျှင် ၀.၅ xအခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက ½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက ဥပမာ -၀.၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက
၅။ မြေကွက်ရဲ့ပုံသဏ္ဍန်သည်ထောင့်မှန် တြိဂံပုံစံဖြစ်လျှင် အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀ ဥပမာ - ၁၀၀ ' × ၅၀ ' = ၅၀၀၀' ၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက
၆။ မြေကွက်ရဲ့ ပုံသဏ္ဍန်သည် စက်ဝိုင်း ပုံစံ ဖြစ်လျှင် အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည် ။ ထို့ကြောင့် အချင်း x အချင်း x . ၇၈၅၄ ÷ ၄၃၅၆၀ = ဧက ( ပုံသေ မြှောက်ကိန်း .၇၈၅၄ ) ( . ၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနား လေးဖက် ၄ နှင့်စားပြီး စတုရန်း ကွက်ဖေါ် ခြင်း ဖြစ်သည် ) ဥပမာ - ၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက
၇။ မြေကွက်ရဲ့ ပုံသဏ္ဍန်သည် အနား ၅ မျက်နှာ ၆ မျက်နှာ နှင့် အနားများစွာ ပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ၊ ရလာဒ် အားလုံးကို ပေါင်း၍ ၄၃၅၆၀ ဖြင့်စား ။
ကူးယူ ဖော်ပြပါသည် ။
#Crd to owner
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...