ငွေသွင်းဖို့ ပျက်ကွယ် သူကို ဥပဒေအရ အရေးယူလို့ ရမလား ဆိုတာ သိချင်ပါတယ် ။

ကျွန်မ တို့ရပ်ကွက် ထဲမှာ ဆယ်တစ်ယောက် တစ်စုနှုန်းနဲ့ စုမဲလုပ်နေတာ ခြောက်လ လောက်ရှိပါပြီ ။ တစ်စု ကိုတစ်သိန်းပါ ။ စလုပ် တုန်းကတော့ မှန်မှန် သွင်းကြပေမယ့် နောက်ပိုင်းမှာ စုမဲပေါက် ပြီးတဲ့ သူတချို့ မှန်မှန် မသွင်းကြတော့ သူတွေ ရှိလာ ပါတယ် ။ ငွေသွင်းဖို့ ပျက်ကွယ် သူကို ဥပဒေအရ အရေးယူ လို့ရမလား ဆိုတာ သိချင် ပါတယ် ။
===================== =
စုမဲ ဆိုတဲ့ စကားရပ်ကို ဥပဒေ အမြင်နဲ့ ပြောရ ရင်တော့ တရားမ ဝင်ပါဘူး ။ ဥပမာ အားဖြင့် ခဗျားက အောက်တို ဘာလမှာ ထီ ထိုးတယ် ၊ အစိုးရ ထီ ထိုးတယ် ။ အောက်တိုဘာလ ထီသည် အစိုးရ ထီမလို့ ပြသာနာ မရှိပါဘူး ။ စုမဲ ဆိုရင် လောင်းကစား မှုနဲ့ အဖမ်းခံ ရမယ် ။ အောက်တိုဘာလ ထီ တစ်ယောက် တစ်ဝက်စီ ထိုးကြတယ် ၊ နောက် ပေါက်လို့ မကျေနပ်ရင် တရား ရုံးတတ် ရဲတိုင် တရားဝင် လုပ်ခွင့် ရှိတယ် ။ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်း ကိုက တရားဝင် ဖြစ်နေ လို့ပါ ။
စုမဲမှာ တရားဝင် လုပ်ငန်း မဟုတ်တဲ့အတွက် တရားရုံးမှာ တရားစွဲ လို့ မရပါဘူး ။ ပင်ရင်း လုပ်ငန်း ကိုက တရားမဝင် လို့ပါ ။ ၁၉၉၂မှာ ကိစ္စတစ်ခု အတွက် ကားအရောင်း အဝယ် လိုက်ရတယ် ၊ ပြီတော့ ကားမပေးလို့ တရားရုံး မှာကား မရလို့ တရားစွဲတယ် ။ ဒီတော့ ပင်ရင်း အလုပ်ကိုက ပဋိညာဉ် ( ၂၃ ) အရ တရားမဝင် အလုပ် မလို့ မင်းလည်း တရားစွဲ မယ်ဆိုရင် တရားစွဲ ခွင့်မရှိဘူး ဆိုချင် ပါတယ်။ ခု စုမဲကိစ္စက ရုံးတွေ မှာရှိတယ် ၊ နယ်တွေ မှာလည်း သူနည်း သူဟန်နဲ့ အတူရှိ နေတယ် ။
ဒါပေမယ့် သူတို့မှာ စည်းကမ်း ချက်လေး တွေရှိ နေတယ် ။ ငွေ မှန်မှန် သွင်းတာတို့ ၊ အလှည်ကျ တဲ့သူကို အလှည်ကျ တဲ့ငွေ ပမာဏ ပေးရတာ တို့ရှိတယ် ။ အရပ်ထဲမှာ သူတို့ နားလည် မှုနဲ့ လည်ပတ် နေပါတယ် ။ အဲလိုဖြစ် လာပြီ ဆိုရင် ဒိုင်ကလည်း ထွက် ပြေးတာမျိုး ရှိတယ် ။ အစုဝင်တွေ ကလည်း သွင်းရမှာ ကိုမသွင်းဘဲ ငွေကိုပဲ ထုတ်သွား တာတွေ ရှိတယ် ။ ဒီလိုတွေ ဖြစ်လာရင် ဥပဒေသဘောတရား အရ ဒီလုပ်ငန်းဟာ ယုံကြည်စွာ အပ်နှံခြင်း ဖြစ်တယ် ။ ဒါကြောင့် ပေးသွင်းဖို့ ပျက်ကွက် တဲ့သူကို လိမ်လည်မှု ၊ ယုံကြည်စွာ အပ်နှံရေး ဖောက်ဖျက် မှုနဲ့ အရေးယူ နိုင်တယ် ။ ပြစ်မှု ပေါ်ပေါက်ရင် ထောင်ကျ နိုင်ပါတယ် ။
၂၀၀၅ ခုနှစ် “ နိုင်ငံတော် နှင့် မခိုင် ” အမှုမှာ ၊ ပျက်ကွက်သူ မခိုင်ဟာ ထောင်တစ်နှစ် ကျသွား ဖူးပါတယ် ။ အဲတော့ ဒါဟာ ရာဇဝတ် ကြောင်းအရ အရေးယူ နိုင်ပါတယ် ။ ချဲ ထီ ကိစ္စကို ကားစာချုပ် ချုပ် ပေးလိုက် တာကတော့ အာမခံ ချက်မရှိ နိုင်ဘူး အမှုဟာ ပျက်သွား ကောင်းပျက် နိုင်တယ် ။ အဲတော့ ခုနကလို့ ထောင်ကျပြီ ဆိုပါတော့ ထောင်ချတဲ့ ရုံးက သူငွေ တွေတော့ အပြည့်အဝပြန်ပေးစေလို့ အမိန့်ပေး ပိုင်ခွင့် မရှိပါဘူး ။ ဥပမာ ၁ နှစ် ၊ ၂နှစ် ချမယ် ၊ ဒဏ် ငွေရိုက်မယ် အဲ လောက်ပဲ ရှိမယ် ။ ငွေတွေ တော့ အပြည့်အဝ ပြန်ရလိမ့်မယ် မဟုတ်ဘူး ။ ဒါကြောင့် ဒီလိုကိစ္စ တွေဟာ တရားဝင် မဟုတ်တဲ့ အတွက် ပြစ်မှု ကြောင်းဆိုင်ရာ အရပဲ အရေး ယူခွင့် ရှိဖို့ များပါ တယ်လို့ ဖြေကြား ချင်ပါတယ် ။
#DVBlawlab #DVBtvnews #စုကြေး
(Zawgyi)
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...