ကျွန်မအမျိုးသားက နောက်အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြားပြီး တခြားနေရာတစ်ခုမှာ နေထိုင်နေပါ တယ် ။ တစ်လင်တစ်မယားဥပဒေနဲ့ အမှုဖွင့်တော့ နောက်အိမ်ထောင်ပြုကြောင်းကို သက်သေထူခိုင်းပါတယ်။

ကျွန်မအမျိုးသားက နောက်အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြားပြီး တခြားနေရာတစ်ခုမှာ နေထိုင် နေပါတယ် ။ တစ်လင်တစ်မယားဥပဒေနဲ့ အမှုဖွင့်တော့ နောက်အိမ်ထောင်ပြုကြောင်းကို သက်သေထူခိုင်းပါတယ် ။ သူနေထိုင်တဲ့ နေရာက အုပ်ချုပ်ရေးမှူးဆီမှာ သွားပြောတော့လည်း ဘာမှ လုပ်မပေးပါဘူး ။ ဘယ်လိုသက်သေ ထူလို့ရမှန်း မသိလို့ပါ ။ ကူညီပါဦး ဆရာတို့ရယ် ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဥပဒေရှိပြီးသားဆိုတော့ ငယ်လင် ၊ ငယ်မယား ( သို့မဟုတ် ) နှစ်ဦးတရားဝင် ပေါင်းသင်းတဲ့ လင်မယား ရှိပါလျက်နဲ့ ဒီယောကျာ်းက နောက်မိန်းမ တစ်ယောက်နဲ့ ပေါင်းသင်းလို့ မရဘူး ။ ပေါင်းသင်းရင်လည်း ပထမအိမ်ထောင်ရှိတဲ့ အမျိုးသမီးက ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စွမ်း မရှိဖို့ များတယ် ။ အဲဒီတော့ ကိုယ့်က မကျေနပ်ဘူး ၊ တိုင်တန်း အမှုဖွင့်တဲ့ အခါကျတော့ ရဲလုပ်ငန်း တာဝန်က အမှုတစ်ခု လာတိုင်လိုက် တိုင်တန်းပြီး အမှုဖွင့်ရုံး တင်လို့မရဘူး ။ အဲဒီအခါကျတော့ သက်သေ ခိုင်လုံမှု ယူရတယ် ။ ဟုတ်ပြီ ခင်ဗျား ယောကျာ်းက မောင်ဖြူ ၊ မောင်နီ နဲ့ ဘယ်အရပ်ဒေသမှာ ၊ ပေါင်းသင်းနေထိုင်တယ် ဘယ်လို အထောက်အထား ရှိတယ် ။ မေးဖို့ သူ့မှာ တာဝန် ရှိတယ် ။ သက်ဆိုင်ရာက ညစ်တယ်လို့ မဆိုနိုင်ဘူး။
တစ်ခါ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြောတော့လည်း အဆင်မပြေဘူး ဆိုတဲ့ သဘောဆိုရင် ၊ ဒါ ဥပဒေအရ လုပ်နိုင်တာ ရှိတယ်လို့ ကျွန်တော်တို့ ပညာပေး ဆွေးနွေးလိုတယ် ။ ဘာလည်းဆိုတော့ သူ့က ရဲရဲတင်းတင်း အမှုဖွင့် ပါ ။ အမှုဖွင့်ရင် သူတို့ ဘယ်အရပ်မှာ နေတယ် ။ ဘယ်လို လှုပ်ရှား သွားလာလေ့ ရှိတယ် ။ ဘယ်လို အလုပ်အကိုင်တွေ လုပ်သလဲ ၊ ဘယ်အချိန် ဘယ်နေရာမှာ တွေ့နိုင်မလဲ ။ မိမိကလည်း အားထုတ်ရတယ် ။ အချက်အလက် ရနိုင်သလောက် စုံစမ်း ။ သူတို့ လင်မယား ပေါင်းသင်းနေထိုင်ရာ ရပ်ကွက်မှာရှိတဲ့ ရာအိမ်မှူး ၊ ဆယ်အိမ်မှူး နဲ့ ရပ်မိရပ်ဖ သဖွယ်တွင်ကျယ်သော နှံစပ်သောသူတွေကို မေတ္တာရပ်ခံ အကူအညီ တင်ပြ ။ အဲ့ဒါတွေကို ရဲစခန်းမှာ စာရင်းပေး ၊ ရဲစခန်းက သူတို့ကို ဆင့်ခေါ် အထောက်အထား စုံရင်ဖြင့် ဒါ ရာဇဝတ်မှု ကျုးလွန်ထားတဲ့ သူတွေ အတွက် ထာဝရ ရှောင်တိမ်းနေခွင့်တော့ မရနိုင်ဘူး ။ အရေးယူနိုင်တဲ့ အခြေအနေ ဆိုက်ရောက်မှာ ဖြစ်ပါတယ် ။ သူကြိုးစားဖို့ လိုပါတယ်လို့ ဖြေကြားချင်ပါတယ် ။
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...