အရွယ်မရောက်သေးသော ကျား/မိန်းကလေး နှင့်စိတ်ပေါ့သွပ်သူများကို အုပ်ထိန်းသူမသိအောင် ခိုးယူလျှင် ပြစ်ဒဏ် ခိုးယူလာ၍ အိမ်ရှင်မှလက်ခံလျှင်လည်း ပြစ်ဒဏ်ခံရပါမယ်။

အရွယ်မရောက်သေးသော ကျား / မိန်းကလေး နှင့် စိတ်ပေါ့သွပ်သူများကို အုပ်ထိန်းသူ မသိအောင် ခိုးယူလျှင် ပြစ်ဒဏ်
ခိုးယူလာ၍ အိမ်ရှင်မှ လက်ခံလျှင်လည်း ပြစ်ဒဏ် ခံရပါမယ်။ အာမခံ မရပါ ။
ယောင်္ကျားလေးများ နှင့် မိဘများ သိထားသင့်သော ရာဇသတ်ကြီးပုဒ်မ - ၃၆၃ လူခိုးမှု အကြောင်း
ပုဒ်မ - ၃၅၉ ။ ။ လူခိုးမှု ဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ အပသို့ လူကို ခိုးယူမှု နှင့် အုပ်ထိန်းသူထံမှ လူကို
ခိုးယူမှု ဟူ၍ နှစ်မျိုး ရှိသည်။
ပုဒ်မ - ၃၆၁ ။ ။ မည်သူမဆို ဥပဒေနှင့် အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်းမှ အသက် ( ၁၄ ) နှစ် အောက် ယောင်္ကျားလေးကို ဖြစ် စေ ၊ အသက် ( ၁၈ ) နှစ်အောက် မိန်းကလေးကို ဖြစ်စေ ၊ စိတ်ပေါ့သွပ်သူကို ဖြစ်စေ ထိုအုပ်ထိန်းသူက
သဘောမတူဘဲ ဆောင်ယူလျှင် ၊ သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ထိုအရွယ်မရောက် သေးသူကို သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးသည် မည်၏ ။
ပုဒ်မ - ၃၆၃ ။ ။ မည်သူမဆို တစ်ဦးတစ်ယောက်သော သူအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဥပဒေနှင့်အညီ အုပ်ထိန်းသူ ထံမှ ဖြစ်စေ ခိုးယူလျှင် ထိုသူကို ၇နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
ယခင်က ခိုးယူခံရသူ မိန်းကလေး၏ အသက်မှာ ( ၁၆ )နှစ် ပြဌာန်း ထားခဲ့သော်လည်း ( ၇ - ၁ - ၂၀၁၆ )တွင် ပြဌာန်းလိုက်သည့်ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေ ( အမှတ် ၆ / ၂၀၁၆ ) အရ ခိုးယူခံရသူ မိန်းကလေးမှာ အသက်( ၁၈ ) နှစ် သို့ ပြောင်းလဲသွားပါသည်။
လူခိုးမှုတွင် တရားရုံးက စဉ်းစားရသည့် အချက်မှာ-
၁ ။ ခိုးပြေးခံ မိန်းကလေး၏ အသက်မှာ ၁၈နှစ် ပြည့် / မပြည့် ။
၂ ။ ခိုးပြေးစဉ်က အုပ်ထိန်းသူ သဘောတူညီခဲ့ခြင်း ရှိ / မရှိ တို့ ဖြစ်ပါသည်
မိန်းမ ခိုးပြေးခဲ့ရင်လည်း လူခိုးမှု မြောက်နိုင်ပါသည်
( က ) မိန်းကလေးက ခိုးပြေး ခိုင်း၍ ခိုးပြေးကြောင်း
( ခ ) ခိုးပြေးဖို့ မိန်းကလေးက သဘောတူညီခဲ့ကြောင်း
( ဂ ) မိန်းကလေးက ၎င်းအသက် ၁၈နှစ် ပြည့် ပြီးပါပြီဟု လိမ်လည်ပြောဆို၍ အသက်ပြည့်ပြီဟု ယူဆသောကြောင့် ခိုးပြေးကြောင်း
( ဃ ) မိန်းကလေးမှာ အသက်၁၈နှစ် ပြည့်ပြီဟု ယုံကြည်ခဲ့ကြောင်း
ဒါကြောင့် သမီးရည်းစား ချိန်းတွေ့ရင်း အိမ်မပြန်ရဲလို့ ၊ အိမ်က ရည်းစားထားတာကို သိသွားလို့ ၊ အိမ်က ရည်းစားထားတာကို ရိုက်လို့ ၊ အိမ်က သဘောမတူလို့ ခိုးပြေးပါဟု မိန်းခလေးကပြောလို့ ခိုးပါသည်လို့ ထုချေ မရနိုင်ပါ
မုဒိမ်းမှုပါ တွဲလာနိုင်သည့် အကြောင်း
၂၀၁၆မှာ ပြင်လိုက်တဲ့ ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေအရ ပုဒ်မ ၃၇၅ ၏ ပဉ္စမပိုဒ်အရ အသက် ( ၁၆ ) နှစ် အောက်မိန်းကလေးက သဘောတူ၍ လင်မယားကဲ့သို့ အတူတူ နေမိခဲ့စေကာမူ မုဒိမ်းမှု မြောက်ပါတယ် ။ ဒါကြောင့် အသက် ၁၆နှစ်အောက် မိန်းကလေးကို ခိုးပြေးမိလို့ လင်မယားလို အတူနေမိရင် လူခိုးမှု - ၃၆၃ အပြင် မုဒိမ်းမှု - ၃၇၆ ပါ ပူးတွဲ တရားအစွဲခံရမှာပါ
၃၆၃ နဲ့ အစွဲခံရရင် အာမခံ ရပါတယ် ။ ကျေအေးခွင့် မရတဲ့ပုဒ်မမို့ တစ်ဖက်မိဘက အမှုဖွင့်ပီးမှ ပြန်ပိတ်မယ် လို့လည်း မရတော့ပါဘူး။ ရုံးတော်က ရုတ်သိမ်းခွင့် ကျလာဖို့လည်း မလွယ်ပါ ။
ခိုးပြေးလာတာကို ကူညီပြီး လက်ခံ ထိန်းသိမ်းထားတဲ့ သူများလည်း သတိထားကြပါ ။ ပုဒ်မ ၃၆၈ အရ ပြစ်မှု မြောက်ပါတယ်။အာမခံ မရပါ ။
မိန်းခလေး အသက် အထောက်အထား ခိုင်လုံအောင် မတင်ပြနိုင် အသက်ပြည့် မပြည့် မထင်ရှားလို့ သံသယအကျိုးကို အစွပ်စွဲခံရသူ ခံစားခဲ့ရတဲ့ စီရင်ထုံးများမှာ-
- ပြည်ထောင်စု နှင့် မောင်မိုး ( ခ ) မောင်သိန်း ၊ ၁၉၆၆ ၊ မတစ ၊ စာ - ၁၂၁၄
- မောင်ကျော်ဆွေ နှင့် ပြည်ထောင်စု ၊ ၁၉၆၆ ၊ မတစ ၊ စာ - ၄၀၈
- ပြည်ထောင်စု နှင့် မောင်တူး ၊ ၁၉၇၉ ၊ မတစ ၊ စာ - ၈၇
- မောင်ခင်ဆက် နှင့် ပြည်ထောင်စု ၊ ၁၉၈၁ ၊ မစတ ၊ စာ - ၄
- ပြည်ထောင်စု နှင့် မောင်ခင်ဇော်ဝင်း ၊ ၁၉၉၆ ၊ မတစ ၊ စာ - ၁၀၁
ပုဒ်မ ၃၆၃ နှင့် စပ်ဆိုင်သော စီရင်ထုံးများမှာ -
- မောင်ဟန်ညွန့် ပါ -၂ နှင့် ပြည်ထောင်စု ၊ ၁၉၆၆ ၊ စတစ ၊ စာ - ၁၅၀၂
- ဒေါ်ခင်ညွန့် နှင့် ပြည်ထောင်စု ၊ ၁၉၇၅ ၊ မတစ ၊ စာ - ၉
- ပြည်ထောင်စု နှင့် မောင်အေးကို ၊ ၁၉၈၂ ၊ မတစ ၊ စာ - ၅၁
- ပြည်ထောင်စု နှင့် တန်ဘီ ( ခ ) ဝင်းနိုင် ၊ ၁၉၉၆ ၊ မတစ ၊ စာ - ၁၁၉
Credit....ရှာဖွေပြုစုသူ ဆရာအား ဂုဏ်ပြုရင်း သူ့ရည်ရွယ်ချက်အတိုင်း ဥပဒေ ပညာဖြန့်ဝေပါသည်။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...