မယားက လင်ကို ကွာချင်တယ် လင်က မယားကို ကွာချင်တယ် ဘယ်လို အခြေအနေမျိူးဆို ကွာလိုခွင့် စွဲနိုင်မလဲဆိုတာ မယားဘက်ကနေ

မယားက လင်ကို ကွာချင်တယ် လင်က မယားကို ကွာချင်တယ် ဘယ်လို အခြေအနေမျိူးဆို ကွာလိုခွင့် စွဲနိုင်မလဲဆိုတာ
မယားဘက်ကနေ ကျိူးကြောင်း ညီညွတ်တဲ့ အကြောင်းပြချက်မရှိဘဲ လင်ဖြစ်သူက နေအိမ်မှ စွန့်ခွာသွားပြီး ၃ နှစ်တိုင်အောင်
မထောက်ပံ့ / မဆက်သွယ်ခဲ့ရင် လင်က မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲအောင် နိစ္စဓူဝပြုလုပ်နေရင် လင်က မယားအပေါ်
လက်ရောက်မှု့ ကျူးလွန်ခဲ့ရင် လင်က အိမ်ထောင်ရေး ဖောက်ပြန်ကြောင်း သက်သေပြနိုင်ရင် မယားဖြစ်သူက ကွာရှင်းလိုတဲ့ မိမိသဘောဆန္ဒကို ထုတ်ဖော် ပြသပြီး တရားရုံးမှာ ကွာလိုမှု့ စွဲနိုင်ပါတယ်
လင်ဘက်ကနေ ကျိုးကြောင်း ညီညွတ်မှု့ ရှိတဲ့ အကြောင်းပြချက် မရှိဘဲ မယားက လင်အား စွန့်ခွာသွားပြီး ၁ နှစ်အတွင်း အဆက်အသွယ် မလုပ် / ပြန်လည် ပေါင်းသင်းဖို့ မကြိုးစားခဲ့ရင် လင်ဖြစ်သူက မိမိသဘောဆန္ဒအား အများသိအောင် ဖော်ပြပြီး တရားရုံးမှာ ကွာလိုခွင့် စွဲနိုင်ပါတယ်
( ယောက္ခမနဲ့ အဆင်မပြေလို့ / ယောင်းမနဲ့ ရန်ဖြစ်လို့ / လင်နဲ့ စိတ်ဆိုး စိတ်ကောက်လို့ )စသည်ဖြင့် ငါ့တော့ ပြန်လာချော့မှာပဲထင်ပြီး နေအိမ်က ထွက်ခွာ မလာပါနဲ့ … လာမချော့ဘဲ ၁ နှစ်နေလို့ တရားရုံးမှာ ကွာလိုခွင့် လျှောက်ရင် နေရင်းထိုင်ရင်း တလင်ကွာ ဘဝ ရောက်သွား ပါလိမ့်မယ် ( အထူးသတိပြုရန်ပါ )
မယားဖြစ်သူက အိမ်ထောင်ရေး ဖောက်ပြန်ကြောင်း လင်ဘက်က သက်သေပြနိုင်ရင် ကွာလိုခွင့် စွဲနိုင်ပါတယ်
အထက် ဖော်ပြပါ အကြောင်းအရာတွေဟာ ကွာရှင်းချင်သပဆိုရင် ကွာဖို့ လိုအပ်တဲ့ အချက်အလက်တွေ ဖြစ်ပြီး ကွာရှင်း
ထိုက် မထိုက် ဆိုတာက မိမိတင်ပြတဲ့ သက်သေ အချက်အလက် / မိမိ အကျိူးဆောင်ရဲ့ အရည်အချင်းတွေပေါ် မူတည်ပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရား နဲ့ ချတဲ့ ဆုံးဖြတ်ချက်ပါပဲ
သေချာတာကတော့ ကျိူးကြောင်း ညီညွတ်တဲ့ အကြောင်းပြချက်မရှိဘဲ နေအိမ်က စွန့်ခွာလာသူဟာ စွန့်လွှတ်ခံရသူ မကွာရှင်းပေးသ၍ ဘယ်သောအခါမှ တဖက်သတ် ကွာရှင်းခွင့် မရနိုင်ပါဘူး
လင်မယားရယ်လို့ ဖြစ်လာမှတော့ တစ်ယောက် နဲ့ တစ်ယောက် သည်းခံ ခွင့်လွှတ် / နားလည်မှု့ ပေးကြပါ / သားသမီးလေးတွေရှေ့ရေး တွေးတောမျှော်မြင်ကာ အလွယ်တကူ မကွဲကြပါနဲ့ ဟုသာ
( လေးစားလျက် )
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...