မေး။ ယုံကြည် စိတ်ချ ရတဲ့ သူတွေ စုပြီး စုမဲထည့်တဲ့ လုပ်ငန်းတခု လုပ်ခဲ့ ပါတယ် ။ တပတ်ကို ၅ သောင်း ထည့်ရ ပါတယ် ။

မေး။
ယုံကြည် စိတ်ချ ရတဲ့ သူတွေ စုပြီး စုမဲထည့်တဲ့ လုပ်ငန်း တခု လုပ်ခဲ့ ပါတယ် ။ တပတ်ကို ၅ သောင်း ထည့်ရ ပါတယ် ။ စုတဲ့သူ ၂၃ ယောက်ရှိ ပေမယ့် စုမဲ ဒိုင်ကိုင်တဲ့ သူက ၁၂ ယောက်မြောက် အထိ စုငွေ ထုတ်ပေးပြီး နောက်ပိုင်း ငွေမပေး တော့ပါ ။ စုမဲ မထုတ်ရသေးတဲ့ သူတွေ အနေနဲ့ ငွေကြေး ဆုံးရှုံး မှုတွေ ဖြစ်ခဲ့ ရပါတယ် ။ ဒါဟာ လိမ်လည်မှု မြောက်ပါ သလား ။ ဒိုင်ကိုင် တဲ့သူကို တရားစွဲရမှာလား ။ ဘယ်သူ့ကို တရားစွဲ ရမလဲ ဆိုတာ သိလို ပါတယ် ။
ဖြေ ။
ဒိုင်ကိုင်တဲ့ လူက ထုတ်ပေး ရမယ့် အလှည့်မှာ ရသင့်တဲ့ သူကို မထုတ် ပေးနိုင်ရင် ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု ၄၀၆ နဲ့စွဲလို့ရ ပါတယ် ။ ငွေထည့် ဖို့ ပျက်ကွက် သူကလည်း လိမ်လည်မှု ဖြစ်ပါတယ် ။ ဒီ လုပ်ငန်းက ငွေချေး သက်သေ ခံလက်မှတ် လဲလှယ်ရေးနှင့် ရောင်း ဝယ်ရေး ဥပဒေ နဲ့လည်း ညှိနေပါတယ် ။
ပုဒ်မ ၅၅ ( က ) မှာ ဒါမျိုး လုပ်ငန်းက တရားဝင် လိုင်စင် မရှိရင် လုပ်ကိုင် ခွင့်မရှိပါဘူး ။ သူတို့က လိုင်စင် မရှိဘဲ နားလည်မှု နဲ့ လုပ်တာကိုး ။ အဲလို ဆိုရင် ပုဒ်မ ၆၁ အရ ထောင်ဒဏ် ၅ နှစ်ထက် မပိုတဲ့ ပြစ်ဒဏ် ချမှတ် ခြင်းခံ ရနိုင် ပါတယ် ။ အဲဒီ ဥပဒေပုဒ်မ တွေကို သတိထားဖို့ တော့လို ပါတယ် ။
ဖြေဆိုသူ ဆရာဦး ကျော် ဇေယျ
Credit - ဥပဒေရေးရာ
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...