မြေကွက် ပေ 40 x 60 မှ ပေ 20 မြေကို ဂရမ်ရအောင် ဘယ်လို လျှောက်ရမလဲ ?

မြေကွက် ပေ 40 x 60 မှ ပေ 20 မြေကို ဂရမ်ရအောင် ဘယ်လို လျှောက်ရမလဲ ?ပေ ၂၀ မြေကို ဂရန် ပေါက်အောင် ဘယ်လို လုပ်ရမလဲ ကျွန်မတို့က ရပ်ကွက်ထဲက ဂရန်ရထားတဲ့ ပေ ( ၄၀*၆၀ ) မြေကွက်မှာ ပေ ၂၀ ကို လွန်ခဲ့တဲ့ ( ၂ ) နှစ်လောက် ကတည်းက ဝယ်ပြီး နေထိုင်တာပါ ။ ဂရန် ကိုတော့ မူလ ပိုင်ရှင်က ယူထား ပါတယ် ဝယ်ထားတဲ့ ကိုယ့်မြေကို ဂရန် အမည်ပေါက် အောင်ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာကို သိလိုပါတယ် ။
မြေဆိုတဲ့ မရွှေ့ မပြောင်းနိုင်တဲ့ ပစွည်းကို အရောင်းအဝယ်ပြုလုပ်တဲ့ အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ပြီး ဝယ်ယူ ရပါတယ် မှတ်ပုံတင် ထားတဲ့ စာချုပ်ရှိ ထားရင်တော့ သက်ဆိုင်တဲ့ ဂရန်ထုတ် ပေးတဲ့ ဌာန မှာဆောင်ရွက် လို့ရပါတယ်အကယ်၍များ အရပ်စာချုပ်ဖြင့် ဝယ်ယူထားတယ် ဆိုရင်တော့ ဒီစာချုပ်ကို မှတ်ပုံတင်စာချုပ် ဖြစ်ဖို့ ပြန်လည် ချုပ်ဆို ရပါမယ် ။
ဝယ်ထား တာကလည်း လွန်ခဲ့တဲ့ ( ၂ )နှစ်လောက် ကတည်းက ဖြစ်တဲ့အတွက် စာချုပ် စာတမ်း ဥပဒေ မှာတော့ စာချုပ်ချုပ် ဆိုပြီး ရက်ပေါင်း ( ၁၂၀ ) အတွင်း မှတ်ပုံတင်ဖို့ လျှောက်ထား ရပါတယ် ။
အခုဟာက ( ၂ ) နှစ်လောက်ရှိ နေပြီဆိူတော့ မှတ်ပုံတင် စာချုပ်ချုပ် ပေးဖို့ လျှောက်ထားတဲ့ အခါမှာ စာချုပ်စာတမ်း ရုံးက ငြင်းပယ် တာတို့ ၊ ဒဏ်ကြေးတိူ့ သတ်မှတ်မှာပါ ။ အကယ်၍ ကိုယ့်ကို ရောင်းသူ သက်ရှိထင်ရှား ရှိနေသေး တယ်ဆိုရင် ရောင်းသူကိုပြန်လည် ခေါ်ယူပြီး မှတ်ပုံတင် စာချုပ်ချုပ် ဆိူခိုင်း ရပါမယ် စာချုပ်ရှိလာတဲ့ အခါကျမှသာ စည်ပင် သာယာရေး ကော်မတီကို မှတ်ပုံတင် စာချုပ်နဲ့ ပူးတွဲပြီး ဦးပိုင် ခွဲစိတ်ပေးဖို့နဲ့ ဂရန်ကို ခွဲစိတ်ထုတ်ပေးဖို့ လျှောက်ထား ရပါမယ် ။
ဌာန ရဲ့ လုပ်ထုံး လုပ်နည်း များအရ လုပ်ပေးပိုင် ခွင့်ရှိသလို လျှောက်ထားသူ အနေနဲ့လည်း ရပိုင်ခွင့် ရှိပါတယ် ။ ဌာနရဲ့ လုပ်ထုံး လုပ်နည်း အရတော့ ပေ ( ၂၀ ) / စတုရန်းပေ ၁၂၀၀ ထက် လျော့နည်း ရင်တော့ လုပ်ပေး ပိုင်ခွင့်မရှိပါဘူး ။ အခုဟာက ပေ ၂၀ ကွက်တိရှိနေတာ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းများ နှင့် အညီ ဆက်လက် ဆောင်ရွက် သွားမယ်ဆို ရင်တော့ ကိုယ့်အမည် ပေါက်ဖြစ် ဖို့ရာ လွယ်ကူ ပါလိမ့်မယ် ။
ပြန်လည် ကူးယူ ဖော်ပြပါသည် ။
Credit - ဥပဒေရေးရာ
Enter
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...