ရဲစခန်း သို့ လူပျောက် လာရောက် တိုင်တန်းလျှင်

ရဲစခန်းသို့ လူပျောက် လာရောက် တိုင်တန်း လျှင် - ကျွန်မ သမီးလေး စျေးသွားတာ ပြန်ရောက် မလာလို့ - ကျွန်မ သားလေးကျောင်း သွားတာ ပြန်ရောက် မလာလို့ စသည်ဖြင့် စသည်ဖြင့် ပျောက်ဆုံးသည့် အကြောင်းအရာ မျိုးစုံဖြင့် ရဲစခန်းသို့ လူပျောက်လာရောက်တိုင် တန်းကြ သည် ။ လူပျောက် ဆုံးနေ မှုအား ရဲစခန်းမှ စုံစမ်း ရှာဖွေ ပေးရန် အကူအညီ တောင်းခံခြင်း လည်းဖြစ် ပေသည် ။
လူပျောက် တိုင်တန်း သည်ကို အချို့က " ရဲစခန်းမှာ လူပျောက်မှု ဖွင့်ထား ပါတယ် " ဟု လွဲမှားစွာ ပြောဆို ခြင်းများ ကိုလည်း တွေ့နေရသည် ။ အချို့ မီဒီယာ များမှ ပင်လျှင် " ရဲစခန်းတွင် လူပျောက်မှု ဖွင့်ထား ပါတယ် " ဟုလွဲ မှားစွာ ပြောဆို သုံးနှုံးသည် ကိုလည်းတွေလူပျောက် တိုင်တန်း ခြင်းသည် ရဲစခန်းတွင် အမှုဖွင့်ခြင်း မဟုတ်ပါ ။ လူတစ်ဦး တစ်ယောက် ပျောက်ဆုံး နေမှုအား အကူအညီတောင်းခံ မှုသာ ဖြစ်သည် ။
လူပျောက် တိုင်တန်း ခြင်းအား ပျောက်ဆုံး နေသူနှင့် ဆွေမျိုး တော်စပ်သူ ဖြစ်စေ ၊ ဆွေမျိုး မတော်စပ်သူ ဖြစ်စေမည် သူမဆို ရဲစခန်းသို့ သွားရောက် တိုင်တန်း နိုင်သည် ။ လူပျောက် တိုင်တန်းရန် ရဲစခန်းသို့ သွားရောက် တိုင်တန်း ပါက တွေ့ဆုံမည့် သူမှာ ရဲစခန်းတာဝန်မှူး ရဲအရာရှိ ပင်ဖြစ်သည် ။ ရဲစခန်း တာဝန်မှူး ဆိုသည်မှာ ရဲစခန်း တစ်ခု၏ အုပ်ချုပ်ရေး ၊ လုံခြုံရေး နှင့် မှုခင်းကိစ္စ များကို တစ်နေ့တာ ဆောင်ရွက်ရန် အလှည့်ကျ တာဝန်ချ ထားသည့်ရဲ အရာရှိ တစ်ဦး ဖြစ်သည် ။
ရဲစခန်း တာဝန်မှူး နှင့်တွေ့ဆုံ သည့်အခါ မိမိသည် မည်သူ ဖြစ်ကြောင်း ဦးစွာ မိတ်ဆက်ပြီး ပျောက်ဆုံး နေသူမှာ မည်သူဖြစ်ကြောင်း ၊ မည်သည့် နေ့ရက် ၊ မည်သည့် အချိန်က မည်သည့် နေရာသို့ သွားစဉ် ပျောက်ဆုံးခဲ့ ရခြင်း ဖြစ်ကြောင်း ၊ မည်သည့်နေရာများသို့ ဆက်သွယ် ရှာဖွေထားပြီ ဖြစ်ကြောင်း ပြည့်စုံစွာ ပြောပြ ရန်လို အပ်သည် ။
ရဲစခန်း တာဝန်မှူး ရဲအရာရှိ မှလည်း မိမိ သိရှိလိုသော အကြောင်း အရာများကို မေးမြန်း ပြီးနောက် ရဲစခန်းရှိ လူပျောက်တိုင်တန်း မှုပုံစံကို ဖြည့်သွင်း ရေးသား ရသည် ။ ထိုပုံစံတွင် အပိုင်း ( ၆ ) ပိုင်းပါ ဝင်သည် ။
ပထမပိုင်းတွင် လူပျောက် တိုင်တန်းသူ နှင့် ပတ်သက်သော အကြောင်း အရာများကို အောက်ပါ အတိုင် ရေးသားရမည် -
၁။အမည် ---------------------
၂။အသက် ---------------------
၃။မိဘအမည် -------------------
၄။မှတ်ပုံတင်အမှတ် -------------
၅။အလုပ်အကိုင် -----------------
၆။နေရပ်လိပ်စာ -----------------
၇။တော်စပ်ပုံ --------------------
၈။ဖုန်းအမှတ် -------------------
ဒုတိယပိုင်းတွင် ပျောက်ဆုံးသူ၏အကြောင်းအရာများကို ရနိုင်သမျှမေးမြန်းပြီး အောက်ပါအတိုင်းရေးသားရမည် -
၁။အမည် ---------------------------
၂။အသက် --------------------------
၃။မိဘအမည် -----------------------
၄။မှတ်ပုံတင်အမှတ် ------------------
၅။အလုပ်အကိုင် ---------------------
၆။နေရပ်လိပ်စာ ---------------------
၇။ဖုန်းအမှတ် ------------------------
၈။ပျောက်ဆုံး သည့် နေ့ရက် / အချိန် ------
တတိယပိုင်းတွင် ပျောက်ဆုံးသည့်အကြောင်းရင်းကိုမေးမြန်းရေးသားရမည်။
ဥပမာ ။ ပျောက်ဆုံး သူသည် ( ၁ - ၁ - ၂၀၂၀ ) ရက်နေ့ နနံနက် ( ၁၀ ) နာရီ ကျော်ခန့် အချိန်တွင် တစ်ရပ်ကွက် တည်းနေ အဒေါ်ဖြစ်သူ ဒေါ်နု နေအိမ်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်သွားရာ ပြန်လည် ရောက်ရှိ လာခြင်း မရှိဘဲ ပျောက်ဆုံး နေခြင်း ဖြစ်သည် ။
စတုတ္ထပိုင်းတွင် ယူဆောင် သွားသည့် ပစ္စည်းများကို ရေးသားရမည် ။
ဥပမာ။
၁ ။ အနီရောင် ကျောက် ( ၁ ) လုံးပါ ၅ မူသား အလေး ချိန်ရှိ နားကပ် ( ၁ )ရံ
၂ ။ သံကွင်း ဆက်ပုံ ၁ ကျပ်သား အလေး ချိန်ရှိ ရွှေဆွဲ ကြိုး ( ၁ ) ကုံး
၃ ။ ပွတ် လုံးပုံ ၁ ကျပ်သား အလေးချိန် ရှိ ရွှေလက် ကောက် ( ၁ ) ကွင်း
၄ ။ ရွှေအို ရောင် iphone 8 + လက်ကိုင် ဖုန်း ( ၁ ) လုံး ( ၀၉၁၂၃၄၅၆၇၈၉ ဆင်းကဒ် တပ်ဆင် လျှက် )
၅ ။ မြန်မာငွေ ရောရာ ၅၀၀ဝိ/- ကျပ်
၆ ။ အဖြူ ရောင်တွင် အနီရောင် ပန်းပွင့် ပုံများ ပါရှိသည့် အမျိုးသမီး ဝတ်အင်္ကျီ လက်ရှည် ( ၁ ) ထည်
၇ ။ အနက် ရောင် အောက်ခံတွင် အနီရောင် ပန်းပွင့် ပုံများပါရှိ သည့် အမျိုးသမီး ဝတ်လုံချည် ( ၁ ) ထည်
၈ ။ ဒေါက် ၁ လက်မခွဲ ခန့်ထူသည် အဖြူရောင် ဒေါက်မြင့် ဘိနပ် ( ၁ ) ရံ
ပဉ္စမ ပိုင်းတွင် ရဲစခန်းမှ ဆောင်ရွက် ချက်ကို ရေးသား ရမည် ။ ပျောက်ဆုံး နေသူ သွားလာ တတ်သည့် နေရာ များသို့ ရှာဖွေခြင်း ၊ဆက်စပ် နယ်မြေ နှင့် ဆွေမျိုး အပေါင်းအသင်း တို့ရှိရာ နေရာများသို့ လူပျောက် တိုင်တန်းချက် ပုံစံများ ပေးပို့ခြင်း တို့ကို ရေးသားရသည်။
ဆဌမ ပိုင်းတွင် လူပျောက် တိုင်တန်း ချက်ကို ရဲစခန်းမှ လက်ခံ ရရှိပြီး ရဲစခန်း မှတ်ပုံတင် ၄ ( အရပ်ရပ် နေ့စဉ် မှတ်တမ်း ) တွင်ရေးသွင်း သည့်အချိန် နှင့် အစဉ်နံပါတ်ကို ရေးသွင်း ရန်ဖြစ်သည် ။
နောက်ဆုံး အနေဖြင့် လူပျောက် တိုင်တန်းချက် ပုံစံတွင်လူပျောက် တိုင်တန်း သူအား လက်မှတ်ရေး ထိုးစေရန် ဖြစ်သည် ။လက်မှတ် ရေးထိုးပြီး ပါက လူပျောက် တိုင်တန်း သူထံမှ ပျောက်ဆုံး သူ၏ ဓါတ်ပုံကို တောင်းယူကာ လူပျောက် တိုင်တန်းချက် ပုံစံ၏ ညာဘက် အပေါ်ထောင့် ( ဒေါင့် ) တွင် ကပ်ရန် ဖြစ်သည် ။ လူပျောက် တိုင်တန်းချက် လက်ခံ ရရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးသို့တင်ပြ ရသည် ။ သက်ဆိုင်ရာ ရဲစခန်း များသို့ အချိန်မီ ရောက်ရှိ သွားစေ ရေးဆောင် ရွက်ရသည် ။
ရဲစခန်းသို့ လူတစ်ဦး တစ်ယောက် ပျောက်ဆုံး ကြောင်း လာရောက် တိုင်တန်း ပါက လူပျောက် တိုင်တန်း ချက်ပုံစံ လေးရေးလိုက် ၊ ဓါတ်ပုံလေး ကပ်လိုက် ၊ ဟိုစခန်း ဒီစခန်း လေးပို့ လိုက်နှင့် ကား မပြီးဆုံး သေးပါ ။ ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၂၅၅ ( ခ ) အရ ရဲစခန်းမှူး သည် ဒုတိယ ရဲအုပ် အောက် မနိမ့်သော ရဲအရာ ရှိအား စုံစမ်း စစ်ဆေး ရန်တာဝန် ပေးရ ပါမည် ။ အကယ်၍ လူပျောက်တိုင်တန်း မှုသည် ရဲအရေးယူ ပိုင်ခွင့် ရှိသော ပြစ်မှု ( ရဲအရေး ပိုင်မှု ) ဖြစ်ကြောင်း သင်္ကာ မကင်း ဖြစ်စေရန် အကြောင်း ရှိပါက ပထမသတင်းပေး တိုင်ချက် ဖွင့်ပြီး စုံစမ်းရမည် ဟုလည်း ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၂၅၅ ( က ) တွင်ညွှန် ပြထား သည် ။
လွန်ခဲ့ သော ( ၁၅ ) နှစ်ကျော် လောက်က ပျော်ဘွယ် ရဲစခန်းတွင် အမှုစစ် အရာရှိ အဖြစ် တာဝန်ထမ်း ဆောင်ခဲ့စဉ် တစ်ခုသော နံနက်ခင်း၌ ညီမဖြစ်သူ ပျောက်ဆုံ သွားကြောင်း လူပျောက် တိုင်တန်း ချက်ကို လက်ခံ ခဲ့သည် ။ ခရိုင် နှင့် တိုင်း ဒုစရိုက် နှိမ်နင်းရေး အဖွဲ့များ ၊ ဆက်စပ်နယ် ရဲစခန်းများ ၊ သွားလာ နိုင်သည့် နေရာများ ရှိရဲစခန်း များသို့ လူပျောက် တိုင်တန်း ချက်ပုံစံ များပေး ပို့ရုံမက လူပျောက်တိုင် တန်းချက် စာရွက်ကို ပထမ သတင်းပေး တိုင်ချက် အဖြစ်မှတ်ယူကာ အမှုတွဲ တစ်ခုပမာ ဆောင်ရွက် ခဲ့သည် ။
သက်သေ အစစ်ခံ ချက်များကို လည်း ရေးသား ထားရှိ ခဲ့သည် ။ လူပျောက် တိုင်တန်းခြင်း နှင့် ပတ်သက်၍ ရဲအရေး ယူပိုင်ခွင့်ရှိသော ပြစ်မှု တစ်ခုပမာ စုံစမ်းခဲ့ရာ လူပျောက် တိုင်တန်း သူသည် ရဲစခန်းသို့ လူပျောက် မတိုင်တန်းမီ ရက်ပိုင်း လောက်က ပျော်ဘွယ်မြို့နယ် ၊ ပေပင်လေး ကျေးရွာရှိ အဒေါ် ဖြစ်သူ နေအိမ်တွင် ပျောက်ဆုံးသည် ဆိုသော ညီမ ဖြစ်သူနှင့် အတူ တစ်ညအိပ် တည်းခိုသွားကြောင်း ကျေးရွာ လူကြီး ဦးမောင်ဝင်း ထံမှ သိခဲ့ရသည် ။ ဦးမောင်ဝင်း ထံမှ ဧည့်စာရင်း မှတ်တမ်းနှင့် ဧည့်စာရင်း ဖြတ်ပိုင်း ကိုပင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်း ခဲ့ရ ဖူးပါသည် ။
အနှစ်ချုပ်၍ တင်ပြရသော် လူပျောက် တိုင်တန်း ချက်ကို လက်ခံရ ယူသော ရဲစခန်း များသည် ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၂၅၅ ပါပြဌာန်း ချက်များကို လိုက်နာ ဆောင်ရွက် ရန်အထူးလို အပ်ပါကြောင်း တိုက်တွန်း တင်ပြ လိုက်ရ ပေသည် ။
ရဲအုပ်အောင်ကျော်ထွန်း
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...