မယားစရိတ်ရလိုမှု =========== (က) တရားလိုအမည်နှင့် နေရပ်လိပ်စာ၊ ( ခ ) စုံစမ်းသိရှိနိုင်သမျှ တရားပြိုင်အမည်နှင့် နေရပ်လိပ်စာ ၊

မယားစရိတ်ရလိုမှု
===========
( က ) တရားလို အမည်နှင့် နေရပ်လိပ်စာ ၊
( ခ ) စုံစမ်း သိရှိနိုင်သမျှ တရားပြိုင် အမည်နှင့် နေရပ်လိပ်စာ ၊
( ဂ ) တရားလို ( သို့မဟုတ် ) တရားပြိုင်သည် အရွယ်မရောက်သေးသူ ( သို့မဟုတ် ) စိတ်ပေါ့သွပ်သူဖြစ်က ဖော်ပြရန် ၊
( ဃ ) အမှုဖြစ် အကြောင်းခြင်းရာ
မြန်မာဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦး ပေါင်းသင်းပြီးနောက် သားသမီးရ၍ လင်ဖြစ်သူ တစ်သီးတစ်ခြား နေ၍ မယား အား မထောက်ပံ့က မယားစရိတ်ရလိုမှု စွဲနိုင်ပါသည်။
( င ) အမှုစွဲဆိုနိုင်ရန် အကြောင်း ပေါ်ပေါက်သည့် အချိန်
လင်ဖြစ်သူမှ စရိတ် မထောက်ပံ့သည့် အချိန်မှစ၍ တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ပါသည်။
( စ ) အမှုစွဲဆိုရမည့် အချိန်ကာလ
အချိန် သတ်မှတ်ထားခြင်း မရှိပါ ။ လင်မယား ပြတ်စဲခြင်း မရှိသမျှ ကာလအတွင်း တရားစွဲဆို နိုင်ပါသည် ။ ( ကာလ စည်းကမ်းသတ် ဥပဒေ ဇယား -၂ တွင် တစ်သီးတစ်ခြား ဖော်ပြထားမရှိပါ ။ လင်မယား ဆက်သွယ်မှုရှိသမျှ ကာလ အတွင်း စွဲနိုင်သည် ။ )
( ဆ ) အမှု စွဲဆိုရမည့် တရားရုံး
တရားပြိုင် နေထိုင်ရာအရပ် ( သို့မဟုတ် ) တရားလိုကို နောက်ဆုံး ခွဲခွာသွားသော အရပ်ရှိ တရားရုံး၌ တရားစွဲဆိုရမည်။
[ တရားမကျင့်ထုံး ပုဒ်မ -၂၀ ( က ) ]
( ဇ ) စီရင်ပိုင်ခွင့် နှင့် ရုံးခွန်ကိစ္စ အလို့ငှာ အမှုတန်ဖိုး
တရားလို စွဲဆိုတောင်းခံသည့် လခနှုန်းဖြင့် ( ၁၂ ) အတွက် ကျသင့်ငွေ၏ ( ၁၀ ) ဆကို အမှုတန်ဖိုး အဖြစ် ထားရှိရပါမည် ။ [ ရုံးခွန် အက်ဥပဒေ ပုဒ်မ - ၇ ( ၂ ) ထောက်ပံ့ကြေး ( သို့ ) စားစရိတ် နှစ်စဉ်ကြေးနှင့် ကာလ အပိုင်းအခြား အလိုက် စွဲဆို သောအမှု ]
( စျ ) ထမ်းဆောင်ရမည့် ရုံးခွန်
အမှုတန်ဖိုး အပေါ် ရုံးခွန် ထမ်းဆောင်ရပါမည်။
( ရုံးခွန် ဇယား - ၁ ) ပုံသေနှုန်း ၊ စာပိုဒ် - ၁၇ ( ၆ ) ။
( ည ) တောင်းဆိုနိုင်သည့် သက်သာခွင့်
၁ ။ မယားစရိတ် အတွက် ဒီကရီ ချမှတ်ပေးရန် ၊
၂ ။ တရားစရိတ် တောင်းခံရန် ၊
( ဋ ) သက်သေပြရန်
၁ ။ တရားပြိုင်သည် အကြောင်းမဲ့ တစ်သီးတစ်ခြား နေကြောင်း ၊
၂ ။ တရားလိုအား ထောက်ပံ့ခြင်း မရှိကြောင်း ၊
( ဌ ) သက်ဆိုင်သည့် ဥပဒေ
မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ ။
မှတ်ချက်
=====
( ၁ ) မယားစရိတ် ရလိုကြောင်း စွဲဆိုမှုတွင် ကလေးစရိတ်ကိုပါ တစ်ပါတည်း ထည့်သွင်း စွဲဆို၍ မရပါ ။ သို့သော် ကလေးမှာ မိခင်နှင့်အတူ နေသဖြင့် မယားစရိတ် သတ်မှတ်ရာ၌ တိုးမြှင့် သတ်မှတ်ပေးနိုင်ပါသည် ။
( ၂ ) မယားစရိတ် ရလိုကြောင်း ရာဇဝတ်ကြောင်းအရ ပြစ်မှုကျင့်ထုံးပုဒ်မ - ၄၈၈ ဖြင့် ရုံးခွန် ၅ိ / - ထမ်းဆောင်၍ စွဲဆိုနိုင် ပါသည် ။ ( ၁၀ဝိ /- ) ထက် ပိုတောင်းခွင့် မရှိပါ ။
( ၃ ) တရားမကြောင်းတွင် ဥပဒေအရ နိဿိတ ( မှီခိုသူ ) ၏ အခွင့်အရေး ( သုံးပုံတစ်ပုံ ) တောင်းခွင့် ရှိပါသည် ။ ဒုတိယ မယားရှိက ခြောက်ပုံတစ်ပုံ သာ ရခွင့်ရှိပါသည် ။
( ၄ ) အမှု စတင် စွဲဆိုသည့်အချိန်မှ စ၍ မယားစရိတ် ရခွင့်သာ ရှိပါသည်။
( ၅ ) ဒီကရီကျသည့် အခါ လင်၏ လစာဝင်ငွေအပေါ် တရားမကျင့်ထုံး အမိန့် - ၂၁ ၊ နည်း ( ၄၈ ) အရ ဝရမ်း ဖမ်းနိုင်ပါသည်။
( ၆ ) မယားသည် မိမိကိုယ်တိုင် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်သော ကာလအပိုင်းအခြား အတွက် စားစရိတ် တောင်းခွင့် မရှိပါ ။
( ၇ ) စားစရိတ်မပေး ပျက်ကွက်က လင်ပိုင်ပစ္စည်းကို ရောင်းချပြီး ရရှိသည့်ငွေမှ စားစရိတ်ရရန် အတွက် လျှောက်ထားနိုင်သည်။ တရားစွဲဆိုခြင်း မပြုဘဲ ဒီကရီကို အတည်ပြုပေးရန် လျှောက်ထား ရပါမည် ။
[ အညွှန်း - ဦးမြင့်လွင် ( တရားလွှတ်တော်ရှေ့နေ ) ၊ တရားမ အဆိုလွှာ ၁၀၀ ၊ ပထမအကြိမ် ၊ ၂၀၁၁ စက်တင်ဘာ ၊ စာ ၂၆၀ ] /
(Zawgyi)
Credit ( ဥပဒေရေးရာ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...