အသံချဲ့စက် ဥပဒေ အသံချဲ့စက် ဥပဒေကို ၂ဝ၁၂ ဖေဖော်ဝါရီ ၂၄ ရက် နေ့တွင် ပြဌာန်း ထားခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေရဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ ( စျ ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ။

အသံချဲ့စက် ဥပဒေ အသံချဲ့စက် ဥပဒေကို ၂ဝ၁၂ ဖေဖော်ဝါရီ ၂၄ ရက် နေ့တွင် ပြဌာန်း ထားခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေရဲ့ ပုဒ်မ ၁၃ ပုဒ်မခွဲ ( စျ ) မှာ ပြဌာန်း ထားတာ ရှိပါတယ် ။
ဥပဒေအရ ရပ်ကွက် အုပ်ချုပ် ရေးမှူးထံ မှ အသံချဲ့စက် အသုံးပြု ခွင့်ခွင့်ပြု ချက်တောင်း ခံရမှာ ဖြစ်ပြီး ခွင့်ပြု ချက်မရှိပဲ အသုံးပြုပါက အရေးယူခံ ရမှာ ဖြစ်ပါတယ် ။ ဥပဒေနည်း ဥပဒေနဲ့ ခွင့်ပြု ရာတွင် လိုက်နာရမည့် စည်းကမ်းချက် ( ၇ ) ချက်ကို တင်ပြပေးလိုက်ပါတယ်။
( ၁ ) ပြည်သူများ အေးချမ်း တည်ငြိမ်စွာ လုပ်ကိုင် နေထိုင် မှုအား အနှောက်အယှက် မဖြစ်စေရ ။
( ၂ ) သတ်မှတ် ခွင့်ပြု ထားသည့် အချိန် အပိုင်းအခြား အတွင်း၌ သာဖွင့်လှစ်ခွင့်ရှိသည်။အချိန်ကျော် လွန်၍ မဖွင့် လွှစ်ရန် ။ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ။
ဥပမာ စာသင်ကျောင်း အနီး၌ ဖြစ်ပါက စာသင်ချိန် များကို ထိခိုက်မှူ မရှိစေဘဲ စိစစ်ခွင့် ပြုခြင်း ဆေးရုံ အနီး၌ ဖြစ်ပါက လူနာများ စိတ်အနှောက် အယှက် မဖြစ် စေရေး
( သက်ဆိုင်ရာ ဌာန၏ စည်းကမ်း သတ်မှတ်ချက် များကို မဆန့်ကျင် စေဘဲ စိစစ်ခွင့် ပြုခြင်း )
( ၃ ) ခွင့်ပြု ထားသည့် ရက်အတွင်းသာ အကျုံးဝင် စေရမည် ။
( ၄ ) ခွင့်ပြု ထားသည့် နေရာ၌သာ ဖွင့်လှစ်ရန် ။
( ၅ ) အများ ဘာသာ ၊ သာသနာတို့ကို ထိခိုက် စေသော ဂုဏ်သိက္ခာကျ ဆင်းစေသော အကြောင်း အရာများ ဖွင့်လှစ် ခြင်းမပြုရန်။
( ၆ ) တာဝန်ရှိ သူများမှ အခါအား လျော်စွာ စစ်ဆေးမှူကို ခံယူ လိုက်နာ ရမည် ။
( ၇ ) ဤအမိန့်ကို လိုအပ် ပါကအချိန် မရွေး ပြန်လည် ရုပ်သိမ်း ခြင်းခံရမည် ။
၄င်း အထက်ပါ စည်းကမ်း ချက်များ အပြင် ခွင့်ပြု ချက်တောင်း ခံရာတွင်
( က ) ခွင့်ပြု ချ က်ကို ၃ ရက်ကြို တင် တောင်းခံ ရမှာ ဖြစ်ပါတယ် ။
( ခ ) ပုံမှန်အားဖြင့် နံနက် ၆ နာရီမှ ညနေ ၉ နာရီ အထိသာ ခွင့်ပြု ရမှာဖြစ် ပါတယ် ။
( ဂ ) အများ ပြည်သူ များအား
အနှောက် အယှက် မဖြစ်စေရေး အတွက် ခွင့်ပြုသည့် ဥပဒေစာ အတွင်း အများပြည်သူ ကြားသိ ရုံမျှ သာ ဖွင့်ဖို့ ပြဌာန်းထားပါတယ်။ ဤခွင့်ပြု မိန့်ကို ရပ်ကွက် အုပ်ချုပ် ရေးမှုးများမှ သက်ဆိုင်ရာ ရဲစခန်းသို့ ကော်ပီတစ်စုံ ပို့ရတဲ့ အတွက် နားမခံသာပါက သက်ဆိုင်ရာ စရဲခန်းသို့ တိုင်ကြားပါ ။ သက်ဆိုင်ရာ ရပ်ကွက် / မြို့နယ် ရဲစခန်းမှ အထက်ပါ စည်းကမ်း ချက်များ နှင့် ညီ မညီပြန်လည် စစ်ဆေး အရေးယူ ပေးမှာ ဖြစ်ပါတယ် ။
အရေး မယူပေး ပါက ၄င်းရဲစခန်းမှ တာဝန်ရှိ သူများအား သက်ဆိုင်ရာ တိုင်းနယ် ပြည်နယ် ရဲစခန်းကို ထပ်ဆင့် တိုင်ကြားသင့်ကြောင်း အကြံပြု လိုက်ရ ပါတယ် ။
Myanmar New Days.
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...